အင်တာဗျူး

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Mexican အစားအစာ

Q1 – အစ်ကိုရေ မင်္ဂလာပါ။ အစ်ကို့နာမည်လေးရယ် အစ်ကိုဒီဆိုင်လေးကို ဘယ်အချိန်က စပြီး ဘယ်လို စိတ်ကူးလေးနဲ့ စတင်တည်ထောင်ဖြစ်ခဲ့တာလဲ။

Q1 – အစ်ကိုရေ မင်္ဂလာပါ။ အစ်ကို့နာမည်လေးရယ် အစ်ကိုဒီဆိုင်လေးကို ဘယ်အချိန်က စပြီး ဘယ်လို စိတ်ကူးလေးနဲ့ စတင်တည်ထောင်ဖြစ်ခဲ့တာလဲ။
Ans – ကျွန်တော့် နာမည်က Kola ပါ။ ကျွန်တော် ကျောင်းကို UK က LSC ကျောင်းမှာ MBA နဲ့ ကျောင်းပြီးခဲ့တာပါ။ ကျွန်တော် Uni တက်တုန်းကဆိုရင် F&B Industry မှာ အလုပ်လုပ်ခဲ့တာပါ။ ပြီးတော့ ငယ်ငယ်ကတည်းက အစားအသောက်ကို အရသာရှိရှိ ချက်ပြုတ်ရတာ ဝါသနာပါတယ်။ London ရောက်တော့လည်း စားသောက်ဆိုင်က Kitchen မှာ အလုပ်လုပ်ရတော့ အရမ်းပျော်ခဲ့တယ်။ အဲ့လိုနဲ့ အလုပ်လုပ်ရင်း ကျွန်တော် အတွေးတစ်ခုရခဲ့တယ်။ ကျွန်တော်ကျောင်းပြီးလို့ မြန်မာနိုင်ငံပြန်ရင် စားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်မယ်ဆိုပြီး စိတ်ကူးလေးနဲ့ ပြန်လာခဲ့ပါတယ်။ ကျွန်တော်ပထမဆုံး စဉ်းစားမိတာ မြန်မာနိုင်ငံမှာ စားသောက်ဆိုင်တွေ အများကြီးရှိတဲ့အထဲက customer တွေကို New Taste မိတ်ဆက်ပေးမယ်ဆိုပြီး Mexican Restaurant ဆိုင်ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်ပေ့ါ။ အဲ့လိုနဲ့ပဲ Mandalay မှာ စတင်အကောင်အထည်ဖော်ပြီး The Spoon Mandalay ဆိုတဲ့နာမည်နဲ့ ၅၈လမ်း၊၂၀*၂၁ လမ်းကြားမှာ ဖွင့်ဖြစ်ခဲ့တာပါ။

Q2 – အစ်ကို ဒီဆိုင်ကို စတင်တည်ထောင်ခဲ့ကတည်းက အခုချိန်ထိ ဘယ်လို အခက်အခဲမျိုးတွေ တွေ့ရှိခဲ့လဲ။ အဲ့အခက်အခဲတွေကိုရော ဘယ်လိုကျော်ဖြတ်ခဲ့လဲ။ 

Ans – အခက်အခဲ challenge တွေအများကြီးရှိခဲ့ပါတယ်။ ပထမဆုံး challenge ကတော့ menu အခေါ်အဝေါ်တွေပါပဲ။ ကျွန်တော်တို့ customer တွေနဲ့ စိမ်းနေတဲ့အတွက် staff တွေကို ကျွမ်းကျင်နားလည်အောင် အချိန်ယူခဲ့ရတာမျိုးရှိခဲ့ပါတယ်။ ကြီးမားတဲ့ challenge ကတော့ Covid 19 ပါပဲ။အားလုံးလည်း ဒါကို ကျော်ဖြတ်ရပါတယ်။ shop social distancing နေရတယ်။ stay home နေရတယ်။ ဆိုင်လည်းပိတ်ထားရပါတယ်။ ကျွန်တော်တို့ရဲ့ Loyal customer တွေနဲ့ အဆက်အသွယ်မပြတ်ရအောင်လို့ The Spoon Mandalay က delivery လေးလုပ်ဖို့ D2D တို့ Food Panda တို့ Wish Box တို့ Grab တို့လို  third party delivery တွေနဲ့ customer relationship ပြတ်မသွားအောင် ပြုလုပ်ထားပါတယ်။

Q3 – အစ်ကို့ဆိုင်မှာ ဘယ်လို menu မျိုးတွေ အဓိက ရလဲ။

Ans – အဓိက menu တွေကတော့ Mexican menu တွေပါ။ ဥပမာ – Tacos, Nacho, Quesadilla, Fajita, Burrito,..etc တို့အပြင် Italian Pizza, Burger, fish and chip တို့လည်းရှိတယ်။ ကျွန်တော်တို့ဆိုင်ရဲ့ menu တွေက အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်အောင်ပြုလုပ်ထားလို့ လူမျိုးဘာသာမရွေးစားသုံးနိုင်တဲ့ menu တွေကိုပဲ ရောင်းချပေးပါတယ်ခင်ဗျာ။ 

Q4 – customer တွေကိုရော ဘယ်လိုမျိုးတွေ ဝန်ဆောင်ပေးလဲ။ ဥပမာ – Promotion တွေ၊ Delivery တွေ၊ မွေးနေ့ပွဲတွေအတွက်ရော ဝန်ဆောင်မှုပေးလား အစ်ကို။

Ans – ကျွန်တော်တို့ ဆိုင်မှာလည်း ထိုင်စားလို့ရပါတယ်။ Delivery လည်း ပို့ပေးတယ်။ customer တွေကိုလည်း နွေးနွေးထွေးထွေးကြိုဆိုပြီး music ဆိုရင်လည်း ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ စိတ်ချမ်းသာမှုရအောင်ဆိုပြီး ဖန်တီးပေးထားပါတယ်။ နောက်ပြီးတော့ customer တွေရဲ့ feedback တွေကိုလည်း နွေးထွေးစွာ ကြိုဆိုပါတယ်။ Delivery အတွက်ဆိုရင်လည်း the spoon delivery ကို ၁၅၀၀၀ ကျပ်နှင့် အထက်ဆို သတ်မှတ်ထားတဲ့ နေရာအတွင်း free delivery ပို့ပေးတယ်။

Q5 – တခြားရော ဘယ်လို service မျိုးတွေရှိလဲ အစ်ကို။

Ans – Promotion တွေလည်းရှိတယ်။ မွေးနေ့ရှင်အတွက်ဆိုရင်လည်း မွေးနေ့လက်ဆောင်အနေနဲ့ ကြိုက်နှစ်သက်တဲ့ meal ၁ မျိုးနဲ့ Drink ၁ မျိုးကို လက်ဆောင်ပေးပါတယ်။ တနင်္ဂနွေနေ့တိုင်း ၁၂ နှစ်အောက် ကလေးတွေကို အထူးအစီအစဉ်အနေနဲ့ Kids menu ကို လက်ဆောင်ပေးထားပါတယ် ခင်ဗျာ။

Q6 – Customer တွေကိုရော ဒီကနေ ဘာတွေပြောပြချင်လဲ။

Ans – ကျွန်တော်တို့ The Spoon Mandalay ကို လာရောက် အားပေးတဲ့ customer တွေ ဒါမှမဟုတ် Delivery မှာတဲ့ customer တွေ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ customer တွေကိုလည်း data ယူပြီး (  မိသားစုဝင်ကဲ့သို့ ) Promotion များ၊ Offer များလည်း ပေးဖို့ အစီအစဉ်ရှိပါတယ် ခင်ဗျာ။ Covid 19 ကပ်ရောဂါကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြပါ။ အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားသုံးပေးကြပါလို့ The Spoon Mandalay မိသားစုမှ ပြောကြားလိုပါတယ် ခင်ဗျာ။ အမြဲတမ်း အားပေးဖို့အတွက်လည်း The Spoon Mandalay မှ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။