ဗဟုသုတ

ကိုဗစ်နှင့် အိပ်မရခြင်းရောဂါ

ညဘက်တွေ ဘာကြောင့်အိပ်မပျော်ကြတာလဲ?
ညဘက်အိပ်မပျော်ကြတာ အခုဆိုရင် လူကြီးတွေသာမက လူငယ်တော်တော်များများလည်း အဖြစ်များလာကြပါတယ်။ အိပ်မပျော်နိုင်တဲ့ အကြောင်းအရင်းကလည်း မျိုးစုံပါပဲ။

  • မျက်လုံးကြောင်နေတာမျိုး
  • Stress တွေပိနေလို့ အိပ်မပျော်တာမျိုး။
  • Phone screen ကို အကြည့်များပြီး အိပ်မပျော်တာမျိုး။
  • အတွေးနယ်ချဲ့လွန်ပြီး အိပ်မရနိုင်တာမျိုး တို့လို အမျိုးမျိုးရှိနေတဲ့အပြင် အခုဆို ကိုဗစ်ကြီးကြောင့် Stay at Home နေကြတဲ့အခါ နေ့နဲ့ညမှားပြီး အိပ်မပျော်တာမျိုးတွေလည်း ဖြစ်နေကြပါတယ်။

အိပ်မရတာ၊ အိပ်ချိန်နည်းရင် ဘာတွေဖြစ်နိုင်လဲ?
ဖျားလွယ်နိုင်ပါတယ်
အိပ်ချိန်နည်းလွန်းတဲ့အခါ ခန္ဓာကိုယ်က ကိုယ်ခံအားကျဆင်းလာပြီး အပြင်က ဝင်လာတဲ့ ရောဂါတွေကို ခုခံနိုင်စွမ်းမရှိတာကြောင့် ဖျားလွယ် ရောဂါဝင်လွယ်ပါတယ်။

နှလုံးကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်
တကယ်လို့များ အိပ်ချိန်ကနည်းတယ်ဆိုရင် နှလုံးရဲ့ အလုပ်လုပ်နှုန်းတွေကို လျော့ကျစေပါတယ်။

မတွေးနိုင်တော့ပါဘူး
အိပ်ချိန်နည်းလွန်းတဲ့အခါ ဦးနှောက်က စဉ်းစားတွေးခေါ်နိုင်စွမ်းတွေက လျော့ကျလာပါတယ်။ အလွယ်တကူ မမှတ်မိတာမျိုး၊ မေ့လွယ်တာမျိုးနဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေလည်း အားနည်းလာနိုင်ပါတယ်။

ဝလာနိုင်ပါတယ်
တစ်နေ့ကို အိပ်ချိန် ၅ နာရီထက်နည်းလာတဲ့အခါ ဝိတ်တက်လာနိုင်ပါတယ်။

အသားအရည်တွေ ပျက်စီးလာနိုင်ပါတယ်
အိပ်ချိန်အတွင်းမှာ ခန္ဓာကိုယ်က အလိုအလျောက်ထုတ်လွှတ်တဲ့ collegan ကို အလုံအလောက်မရရှိတဲ့အခါမှာ အသားအရည်တွေလည်း ပျက်စီးလာနိုင်ပါတယ်။

  • အိပ်မရတာကို ဘယ်လို ကုမလဲ?
  • ဆရာဝန်ပြမလား?
  • ဆေးသောက်မလား?
  • သဘာဝနည်းလမ်းတွေနဲ့ ပြုလုပ်မလား?

နည်းလမ်းတွေကတော့ အမျိုးမျိုးပါပဲ။

ဆေးသောက်တာကိုတော့ နောက်ဆုံးဘယ်လိုမှ လုပ်မရတော့ဘူးဆိုတဲ့ အနေအထားရောက်မှ သောက်စေချင်ပါတယ်။

ဒါဆိုရင် ဆေးခန်းပြမလား?
ဒီလိုအချိန်မျိုးမှာ ဆေးရုံဆေးခန်းတွေကို တော်ရုံမသွားတာ ကောင်းပါတယ်။

နောက်ဆုံး ဘယ်လို သဘာဝနည်းတွေနဲ့ ပြုလုပ်ကြမလဲ?

အိပ်ခါနီး ခေါင်းဦးကို Pillow Mist ဖြန်းပေးခြင်း
ဒီနည်းက အခုနောက်ပိုင်းခေတ်စားလာတဲ့ နည်းတစ်မျိုးဖြစ်ပြီးတော့ ရေမွှေးဖြန်းတာမျိုးနဲ့လည်း သဘောသဘာဝမတူပါဘူး။ Pillow Mist က စိတ်ကို အေးချမ်းပြီးတော့ စိတ်ဖိစိးမှုတွေကိုလျော့ကစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ဒါကို အနံ့ကုထုံးလို့လည်း ခေါ်ကြပါသေးတယ်။ လက်ရှိမှာ Pillow Mist က brand ပေါင်းစုံလည်းရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ Brand ကို အသုံးပြုနိုင်ပါတယ်။

အိပ်ခါနီး နွားနို့ပူပူလေး သောက်ပြီးမှ အိပ်ခြင်း
မအိပ်ခင်မှာ နွားနို့ပူပူလေး သောက်ပေးတာကလည်း အိပ်စက်တဲ့အခါမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

Sleeping Music များကို အိပ်ခါနီး နားထောင်ပေးခြင်း
YouTube ပေါ်မှာလည်း အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး နှစ်ခြိုက်စွာအိပ်ပျော်နိုင်စေဖို့ တီးလုံးလေးတွေ အမျိုးအစားအများကြီးရှိပါတယ်။ Sleeping Music လေးတွေ ဖွင့်တဲ့အခါမှာ သတိထားဖို့ တစ်ချက်က အသံကို အကျယ်ကြီးမဖွင့်ပဲ ခပ်တိုးတိုးလေးဆို ပိုပြီး အဆင်ပြေပါတယ်။ မအိပ်ခင် နာရီဝက် တစ်နာရီလောက်ကြိုပြီးဖွင့်ထားပေးပြီးမှ အိပ်တာကလည်း အိပ်တဲ့အခါမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

တရားထိုင်ပြီးမှ အိပ်ခြင်း
တရားထိုင်ခြင်းက စိတ်ကို ငြိမ်သက်စေနိုင်တာ တော်တော်များများလည်း သိပြီးဖြစ်ကြမှာပါ။ အိပ်တဲ့အခါမှာလည်း နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ဖို့ မအိပ်ခင်မှာ တရားထိုင်ပေးပါ။

မအိပ်ခင် ၃ နာရီအတောအတွင်း ကော်ဖီ၊ လက်ဖက်ရည် လုံးဝမသောက်ပါနဲ့
ကဖိန်းဓါတ်က စိတ်ကို နိုးကြားစေတာကြောင့် မအိပ်ခင် ၃ နာရီအတွင်း လုံးဝမသောက်သုံးသင့်ပါဘူး။

ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်တဲ့ သဘာဝနည်းလမ်းလေးတွေကိုလည်း ပြောပြပြီးပြီဆိုတော့ နည်းလမ်းလေးတွေကို တစ်မျိုးပြီးတစ်မျိုးစမ်းသပ်ပြီး နောက်ဆုံး သဘာဝနည်းလမ်းလေးတွေ အဆင်မပြေတော့မှ ဆေးကိုသောက်ပေးပါ။ နှစ်ခြိုက်စွာ အိပ်ပျော်ပြီး ကျန်းမာချမ်းသာ ဝမ်းသာရွှင်လန်းနိုင်ပါစေ။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။