ကျန်းမာ & အလှအပ

Scrub လုပ်ပြီး ဘယ်လို Moisturizer သုံးသင့်လဲ

အခုနောက်ပိုင်းတော်တော်များများ scrub သုံးလာကြပါတယ်။ ဒါပေမဲ့ Scrub သုံးပြီးတာနဲ့ အရေးအကြီးဆုံးနောက်တစ်ချက်က Moisturizer ကောင်းကောင်းသုံးပေးဖို့ပါပဲ။ အဲ့တော့ ဘယ်အတွက် ဘယ်လို Moisturizer သုံးပေးသင့်လဲဆိုတာ ပြောပြပေးပါမယ်။

မျက်နှာအတွက်ဆိုရင်
မျက်နှာအတွက်ဆိုရင် မျက်နှာအတွက် သီးသန့်သုံးသင့်တဲ့ scrub ကိုသုံးပေးသင့်ပါတယ်။ scrub လုပ်ပြီးပြီဆိုတာနဲ့ အသားအရည်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးရပါတော့မယ်။ ကိုယ်နဲ့ သင့်တော်တဲ့ Moisturizer ကို မေးမြန်းရင်း တည့်တဲ့ဟာကို သုံးသင့်ပါတယ်။ Night cream လေးလည်း လိမ်းပြီးအိပ်သင့်ပါတယ်။

ခန္ဓာကိုယ်အတွက်ဆိုရင်
ခန္ဓာကိုယ်အတွက်ဆိုရင် body butter နဲ့ Olive Oil ကို ခြောက်သွေ့အသားအရည်အတွက် သုံးပေးသင့်ပါတယ်။ တကယ်လို့ ခြောက်သွေ့အသားအရည်အတွက်ဆိုရင် creamy loction မျိုးသုံးပေးသင့်ပါတယ်။ 

Scrub သုံးပြီးတိုင်း လိုအပ်တဲ့ Moisturizer ကို သုံးဖို့ လိုအပ်တာကြောင့် Moisturizer ကို မဖြစ်မနေသုံးပေးခြင်းအားဖြင့် လှပတဲ့အသားအရည်ကို ပိုင်ဆိုင်နိုင်ပါစေနော်။ 

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။