ကျန်းမာ & အလှအပ ဗဟုသုတ

Bra ဝတ်ခြင်း မဝတ်ခြင်းက ဘာတွေ ဖြစ်နိုင်လဲ

Work from home လို ကာလမျိုးမှာ မိန်းကလေးတော်တော်များများ Jean တို့လို အဝတ်အစားမျိုးထက် ပေ့ါပါးတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ပြီး ဝတ်ကြပါတယ်။

အဲ့ထဲကမှ မိန်းကလေးတော်တော်များများက bra ကို လုံးဝမဝတ်ပဲနေကြပါတယ်။ အဲ့လိုမျိုး bra ကို လုံးဝမဝတ်ရင် ကျန်းမာရေး အတွက်ရော ကောင်းနိုင်လား။ ရင်သားအတွက်ရော ဘယ်လိုအကျိုးမျိုးသက်ရောက်နိုင်လဲ ဆိုတာကို ပြောပြပေးပါမယ်။

ပြင်းထန်တဲ့ လှုပ်ရှားမှုတွေရှိရင် ရင်သားကို ထောက်ပံ့ပေးထားတဲ့ tissue တွေက အလုပ်မလုပ်တော့တာကြောင့် ရင်သားနာကျင်နိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း workout လုပ်တဲ့အခါ ရင်သားကို ထိန်းထားနိုင်တဲ့ sport bra မျိုးကို ဝတ်ဆင်ကြရပါတယ်။

တကယ်လို့ bra မဝတ်တာကြာလာရင် breast tissue တွေက ဆွဲဆန့်လာတာကြောင့် ရင်သားတွေက တွဲကျလာနိုင်ပါတယ်။

အလုပ်မှာ တစ်နေကုန် bra ဝတ်ထားပြီး အိမ်ပြန်ရောက်တာနဲ့ အမျိုးသမီးတော်တော်များများက bra ကို အရင်ဆုံးချွတ်ကြပါတယ်။ တကယ်လို့ Work from Home လုပ်နေရင်း ကိုယ့်ကိုယ်ကို ရုံးမှာ အလုပ်လုပ်နေတဲ့အတိုင်းခံစားလိုပါက bra ဝတ်ပြီးတော့လည်း အလုပ်လုပ်နိုင်ပါတယ်။

အိမ်မှာနေလည်း bra ဝတ်ခြင်း မဝတ်ခြင်းက ကိုယ့်ရဲ့ comfortable ဖြစ်မှုအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ bra အိမ်မှာနေရင်း bra ဝတ်ရမှ comfort ဖြစ်တယ်ဆိုရင် bra ဝတ်ထားတာကောင်းပါတယ်။

ဒါပေမယ့် အိပ်မယ်ဆိုရင်တော့ ချွတ်အိပ်ပေးတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။

ကျန်းမာရေးအမြင်နဲ့ ဖတ်ရှုပြီးတော့ အမျိုးသမီးတိုင်း ကျန်းမာလှပပြီး ပျော်ရွှင်ကြပါစေ။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။