စားသောက်ဆိုင် ဗဟုသုတ

ရန်ကုန်မြို့ရဲ့ အကောင်းဆုံးမာလာရှမ်းကော ၅ ဆိုင်

Mala Xing Guo ဆို အရှင်ရရ ၊ မသေရရ ကြိုက်တဲ့ Foodies တွေ အတွက် ရန်ကုန်မြို့က မာလာရှမ်းကော ကောင်းကောင်းလေး ရနိုင်မယ့် ဆိုင်တွေ ကို ဒီအပတ်မှာ မျှဝေပေးပါ ပါရစေ ။ မင်မင် လည်း ဆိုင် အစုံ မစားဖူးလို့ တခြား ကောင်းတာလေးတွေ ရှိလည်း ပြန်ညွန်းကြပါဦး ။

Nom Nom Noodle က မာလာရှမ်းကော တော်တော်ကို စားလို့ ကောင်းတယ် ။ အသား၊ ပင်လယ်စာ စုံတယ် ၊မာလာရှမ်းကော အနှစ်ကို ပုံစံ တစ်မျိုးလေး ပြောင်းထားလို့ အထုံ၊အစပ် နည်းနည်း ကြောက်တဲ့ သူတွေ အတွက်ဆို တော်တော် ကိုကောင်းတယ် ။

နောက်တစ်ဆိုင် ဆို Asahi က မာလာရှမ်းကောလည်း ကောင်းတယ် ။ Seafood နဲ့သာ မှာစား ရှယ်မှ ရှယ်ပဲ ။

တတိယ မြောက်ဆိုင်က တော့ Mala Spicy ပါ ။ တခြားသူတော့ မသိဘူး ၊ မင်မင် ကတော့ အဲအရသာ အစပ်ကို ကြိုက်တယ် ။

New One က Mala Xing Guo ဆိုလည်း တော်တော်များများ ကြိုက်ကြတယ် ၊ အရသာလည်း ကောင်းတယ် ၊ အသားလည်း များတယ်လေ ။

နောက်ဆုံး အနေ နဲ့ မြန်မာ ပလာဇာက ကောင်းကောင်း မာလာရှမ်းကော လည်း အပါအဝင်ပေါ့ ။မာလာအနှစ်ကို ကိုယ်တိုင်ပြုလုပ်ပြီး အသား၊ပင်လယ်စာ အစုံ အလင် နဲ့ Kaung Kaung Malar shan Kaw က လည်း ရန်ကုန်မြို့ ရဲ့ အကောင်းဆုံးတွေ ထဲ ကတစ်ခုပါ ပဲ ။

ဒီအပတ်မှာ တော့ ရန်ကုန်မြို့ က Mala Xing Guo ဆိုင်ကောင်းကောင်းလေး (၅) ဆိုင်ကို ညွန်းပေးထားတာပါ ။
ဘယ်ဆိုင်က အကောင်းဆုံးဆိုသော Rating အရ စီထားချင်း မဟုတ်ပဲ ကျပန်း အပေါ်အောက် စီထားချင်းသာ ဖြစ်ပါတယ် ။
Foodies အပေါင်းတို့ ရွှင်လန်းချမ်းမြေ့ကြပါစေ ။

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!