စားသောက်ဆိုင် ဗဟုသုတ

ရန်ကုန်ရောက်ရင်သွားစားသင့်တဲ့ဆိုင်များ

အစားအသောက်တွေ မှိုလိုပေါတဲ့ ရန်ကုန်မြို့ထဲ မှာ ဆိုင်ကောင်းကောင်းရွေး နိုင်မှ ဆရာကျတာမျိုး ။
ဒီတစ်ပတ်မှာတော့ … ရန်ကုန်မြို့ မှာ မဖြစ်မနေ သွားစားကြည့် သင့်တဲ့ ဆိုင် (၅) ဆိုင်ကို ညွန်းပေးပါရစေ ။
တစ်ဆိုင် နဲ့ တစ်ဆိုင် အစားအသောက်၊အပြင်အဆင် မထပ်တာ လေးတွေ ရွေးထားလို့ ဘာ ဟာ က ပိုကောင်းတယ် ၊ နောက်ကောင်းတယ် ခွဲနေစရာ မလိုတော့ ဘူးနော် ။
တစ်နေရာ ပြီး တစ်နေရာ သွားရုံပဲ ။
Stay Home က နေပြန်လွှတ်တော့မယ်ဆိုတော့ သွားမယ်နေရာတွေ ကြိုစုထားရင် မမှားဘူး ။
ဘယ်ဆိုင်တွေလည်း တစ်ချက်ကြည့်ရအောင် ။
My Hill Coffee House
Coffee House ဆိုတဲ့ အတိုင်း Coffee အရမ်းကောင်းတယ် ။ မနက်ခင်းပဲထိုင်ထိုင်၊ နေ့လည်၊ည ကြိုက်တဲ့ အချိန် ထိုင် ခံစားလို့ ကောင်းတဲ့ Classic Vibe မျိုးလေး ကို ကြုံရမယ် ။ ရိုးရာအစားအစာ၊ အနောက်တိုင်းအစားအစာ ကောင်းတွေ ကို အကောင်းဆုံးခံစားရင် ဓာတ်လေးလည်း ဖမ်းလို့ကောင်းပါ့ ။
နာမည် ကြီး ဦးဦးစိုင်းစိုင်းတို့ လည်း မကြာခဏလာတတ်လို့… ဒီဆိုင်လေးကို ရွေးပေးလိုက်ပါတယ် ။
လိပ်စာကတော့
Address : My Hill Coffee House
No. 43/A, Inn yar Myaing Road . Golden Valley quarter (2) . Bahan Township . Yangon
Ph.No. 09899987374 , 0979488971

နေ့လည်စာ ကို ခေါက်ဆွဲလေးဖြစ်ဖြစ် ၊ မာလာရှမ်းကောလေး ဖြစ်ဖြစ် စားမယ်ဆိုရင်တော့ လ
Nom Nom Noodle ကို ညွန်းပါရစေ ။ဆိုင်က တော့ သိပ်အကြီးကြီး မဟုတ်ပေမယ့် စားလိုတော့ တော်တော်ကောင်းတာ အမှန်ပဲ ။ Open Kitchen နဲ့ ဆိုတော့ သန့်ရှင်းလတ်ဆတ်တယ်ဆိုတာ အစားအစားအသောက်ကောင်းရဲ့ အခြေခံပဲ ။ စိတ်ကြိုက် အရသာ၊ အသား ကို Mix လုပ်လို့ ရသေးတယ်ဆိုတော့ လုံး၀ ရှယ်ပဲ ။
လိပ်စာကတော့
အမှတ် (၂၇၂) ၊ ပင်လုံလမ်း ၊ ၃၀ ရပ်ကွက် ၊ မြောက်ဒဂုံ မြို့နယ် မှာလာရောက်ဝယ်ယူနိုင်ပါပြီ ။စစ်တောင်းမှတ်တိုင် (City Mart နားလေးတင်နော် )
Phone No. 09 969 611667

Bar တစ်ခုမှာ အချိုသွားတည်းမယ် ။ Wait what ?
Bar မှာ အချိုတည်းမယ် ဟုတ်စ ။
The Milk Bar ပြောပါတယ် …. ဒိန်ချဉ်သွားသောက်မယ်လို့ ။ ရာသီပေါ် ဖျော်ရည် တွေ နဲ့ အချိုပွဲ ဆိုမှ ရှယ်ကောင်း အချိုပွဲ ပဲ ။ အရင်က လှည်းကလေး ဒိန်ချဉ်က နေ ခေတ်မှီသွားတဲ့ လှည်းတန်းက ဆိုင်လေးပေါ့ ။
မူလလက်ဟောင်းအတိုင်းပဲ… မောင်မောင်တို့ ဒိန်ချဉ်ကလည်း ရှယ်မိုက် ။ ဘယ်နားလဲ သိချင်သွားပြီ မလား ?
The Milk Bar (Drinks & Desserts)
အမှတ် . 140, ဗားကရာလမ်း၊ စမ်းချောင်း။
(ရှမ်းလမ်းမှတ်တိုင်အနီး)
ဖုန်း – 09 44273 9821

အထောင်းတွေ ၊ အသုပ်တွေ ကြိုက်ပါသလား ၊ ဘယ်ပြောကောင်းမလဲ ကြိုက်တာပေါ့ ။
အဲဒါဆို စမ်းချောင်းထဲက Thai Lana က Thai Style အထောင်းလေးတွေ သွားစားကြည့်မယ် ။ စပ်စပ်၊ချိုချို၊ချဉ်ချဉ် အရသာ ရှိရှိ လတ်လတ်ဆတ်ဆတ် နဲ့ ဆိုတော့ အာဂပါးစပ်တော့ လူဖြစ်ရကျိုးနပ်ပြီ ။
နေရာနဲ့ လိပ်စာက …..
Coner Of Sanchaung Street And Tha Pyay Nyo Street
No. 11111 Sanchaung, Yangon, Myanmar

ကိုယ်တွေ ရဲ့ အချိန်ရောက်ပါပြီ။ နေညိုရင် အပေါင်းအသင်းများနဲ့ မျက်စပစ်ပြီး အချက်ပြထားတဲ့ နေရာလေး ။
Asahi Beer Pub & BBQ ပဲလေ….။ တစ်ခွက်တစ်ဖလား ပေါ့ ။ အမြည်း၊ Dinner ၊ ယမကာ ရေမီးအစုံပဲ ။
BBQ ရှယ်ကောင်း၊ ပင်လယ်စာရှယ်စုံ ၊ ဟင်းပွဲ ကြီးကို တစ်နေ့ တစ်မျိုး မှာ ရင်တောင် တစ်လ နေလို့ မထပ်လောက်အောင် ရွေးချယ်စရာ အလွန်လွန်များ တဲ့ မြောက်ဒဂုံထဲ က Asahi Beer Pub & BBQ ပေါ့ ။
လိပ်စာလေး လည်း လင်းပေးမယ် အောက်မှာ ။
Asahi Beer Pub & BBQ ရဲ့ လိပ်စာက တော့
Asahi 1 : ဗိုလ်မှူး ဗထူးလမ်း နှင့် အနော်ရထာ လမ်း ထောင့် ။ မြောက်ဒဂုံ မြို့နယ်။ 09420782888
Asahi 3 : အမှတ်- ၈၆၂၊ ၃၆ ရက်ကွက် ၊ ပင်လုံလမ်း နှင့် ကျောင်းလမ်း ထောင့်၊ မြောက်ဒဂုံ မြိုနယ်။
Asahi 5 : အမှတ်(၅၀) ၊ငါးမာန်အောင်ဘုရားလမ်း နှင့် ဆရာစံလမ်း ထောင့် ၊ ၃၃ ရက်ကွက်။

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!