ဗဟုသုတ

သင်စားနေတဲ့ ဒီအစားအစာတွေမှာ ဒီလို ဓါတ်တွေ ပါပါတယ်

အစားစားရင်ဆေးသောက်စရာမလိုအောင် ဒီအစားအစာတွေမှာ ဒီလိုဓါတ်တွေပါပါတယ်။
အစားအသောက်တစ်ခုချင်းစီမှာ သူ့ဂုဏ်သတ္တိနဲ့သူ လူ့ခန္ဓာကိုယ်အတွက် အာဟာရဖြစ်ပြီးသားပါ။ ဘယ်အသားတွေက ဆေးသောက်စရာမလိုလောက်အောင် ခန္ဓာကိုယ်အတွက် ဘယ်လောက်အထိ ထိရောက်မှုပေးနိုင်လဲဆိုတာကို ပြောပြပေးပါမယ်။

Berries
လေ့လာချက်များအရ berries သီးတွေမှာပါရှိတဲ့ အာဟာရများနှင့် ဒြပ်ပေါင်းများက ရောဂါများကို တိုက်ထုတ်နိုင်ကြောင်း တွေ့ရှိထားကြပါတယ်။ Berries သီးမှာပါဝင်တဲ့ အာဟာရက ကင်ဆာအပါအဝင် နာတာရှည်ရောဂါများကို ကာကွယ်ပေးနိုင်ကြပါတယ်။

အဆီများတဲ့ငါးများ
ဆယ်လ်မွန်ငါးများ၊ဆာဒင်းငါးနှင့် တခြား အဆီပါဝင်နှုန်းများတဲ့ ငါးတွေမှာပါဝင်တဲ့ Omega-3 ဓါတ်က နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

မှို
မှိုမှာပါဝင်တဲ့ ဓါတ်တွေက ကိုယ်ခံအားကိုလှုံဆော်ပေးနိုင်ပြီး နှလုံးနဲ့ ဦးနှောက်ကိုလည်း လှုံဆော်ပေးနိုင်ပါတယ်။

Green Tea
လက်ဖက်စိမ်းမှာပါဝင်တဲ့ ဓါတ်က ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်ပါတယ်။

သဘာဝနည်းအတိုင်း စားသောက်ရင်း ကျန်းမာရေးကို ဂရုစိုက်ကြစို့နော်။

About the author

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။