ဗဟုသုတ

Sagittarius ဖွားလေးတွေ ဘာတွေရှောင်သင့်လဲ

နိုဝင်ဘာ ၂၃ ရက်နေ့ကနေ ဒီဇင်ဘာ ၂၁ ရက်နေ့အတွင်း မွေးဖွားတဲ့သူတွေ အကုန်လုံးက  Sagittarius ရာသီဖွားလေးတွေ ဖြစ်ပါတယ်။ ရာသီဖွားတစ်ခုနဲ့ တစ်ခုက အမူအကျင့်လေးတွေ မတူကြတဲ့အပြင် သူတို့နဲ့ လိုက်ဖက်တဲ့အရာလေးတွေကလည်း ကွဲပြားကြပါတယ်။ အခုဒီစာလေးမှာဆိုရင် Sagittarius ဖွားလေးတွေရဲ့ ကျန်းမာရေး၊ စားသင့်တာလေးတွေနဲ့ မစားသင့်တာလေးတွေကို ပြောပြပေးသွားပါမယ်။

Sagittarius လေးတွေရဲ့ ကျန်းမာရေး

Sagittarius လေးတွေဟာ လုံလောက်တဲ့ ကျန်းမာရေး လှုပ်ရှားမှုမျိုးကို လိုအပ်ပါတယ်။ မဟုတ်ရင်သူတို့ဟာ ဖျားနာတတ်ကြပါတယ်။ Sagittarius ဖွားလေးတွေက အများအားဖြင့် ပိန်ပိန်သွယ်သွယ်လေးတွေ ဖြစ်ကြပါတယ်။ Sagittarius ဖွား မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် အလေးချိန်က ပေါင်နဲ့ တင်ပါးမှာစုနေတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း တင်ပါးနဲ့ ပေါင်အတွက် နာတာရှည်ရောဂါမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

Sagittarius ဖွားလေးတွေ ဘာတွေစားသင့်လဲ

Silica တွေမရှိခြင်းကနေ ဆံပင်ပါးခြင်း၊ အရေပြားမှိုင်းခြင်းနှင့် သွားဖုံးရောင်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ Sagittarius ဖွားလေးတွေလိုအပ်တဲ့ Silica ဓါတ်ကို သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ငရုတ်ကောင်း၊ သစ်တော်သီး၊ ပန်းသီး၊ အာလူး၊ oats ၊ ကြက်သား၊ ငါး၊ ခရမ်းချဉ်သီး၊ ချယ်ရီသီး၊ လိမ္မော်သီး၊ လီမွန်၊ ကြက်ဥ၊ ဒိန်ချဉ်တို့ကို စားသင့်ပါတယ်။ ရေကိုလည်း များများသောက်သင့်ပါတယ်။ 

Sagittarius တွေ မစားသင့်တဲ့ အစားအစာများ

Sagittarius တွေက အဆီများတဲ့အစားအစာများ၊ အရက်ယမကာများ သောက်ခြင်းကြောင့် အသည်းပျက်ဆီးနိုင်ပြီး အရေပြားတွေလည်း ပိုပြီးတော့ အိုမင်းတာမျိုး ဖြစ်နိုင်ပါတယ်။

ဒါလေးတွေက Sagittarius လေးတွေအတွက် ကျန်းမာရေး၊ စားသင့်တာနဲ့ မစားသင့်တာလေးတွေဖြစ်လို့ ကိုယ့်သူငယ်ချင်းထဲမှာ Sagittarius လေးတွေပါရင်လည်း ပြောပြလိုက်ပါဦးနော်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။