ကျန်းမာ & အလှအပ

ဆောင်းရာသီကို ရင်ဆိုင်ဖို့ ဘာတွေပြင်သင့်လဲ

လောလောဆယ် ဆောင်းရာသီက သိပ်မအေးသေးဘူးဆိုရင်တောင် အသားအရေနဲ့ အစာအိမ်က ဆောင်းရာသီရဲ့ အကျိုးတွေကို ခံစားနေရပါပြီ။ အသားအရေတွေဆိုရင် အသားပတ်လာတယ်။ အစားစားရင်လည်း အစာကြေမလွယ်တော့တာမျိုးတွေ ဖြစ်လာကြပါတယ်။
အဲ့ဒါကြောင့် ဆောင်းရာသီအတွက် အလှအပအတွက် ဘာတွေပြင်ဆင်ကြမလဲ

Moisturizer
ဆောင်းရာသီမှာ အသားအရေအတွက် အရေးကြီးဆုံးက Moisturizer ပါပဲ။ ဆောင်းရာသီမှာဆို အသားတွေခြောက်ပြီး အသားပတ်လာတတ်ကြပါတယ်။ ဈေးကွက်ထဲမှာဆိုရင်လည်း Moisturizer တွေက သူ့ဈေးနဲ့သူ အမျိုးအစားအများကြီး ရှိပါတယ်။ အဲ့အမျိုးအစားတွေ အများကြီးထဲက ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Moisturizer မျိုးကို ရွေးချယ်ပေးသင့်ပါတယ်။

ဆဲလ်သေတွေကို ဖယ်ရှားပေးပါ
ဆောင်းရာသီမှာ အသားအရေကောင်းဖို့အတွက် ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးသင့်ပါတယ်။Scrub သုံးပြီး ဆဲလ်သေများကိုဖယ်ရှားပြီးတာနဲ့ Moisturizer ကောင်းကောင်းပြန်သုံးပေးသင့်ပါတယ်။

Hydrating Mask သုံးပေးပါ
ရေဓါတ်နဲ့ အသားအရေကို ပြန်ပြီးနူးညံ့စေဖို့ Hydrating Mask လေးတွေကို တစ်ပတ်မှာ ၂ ကြိမ်အသုံးပြုပေးသင့်ပါတယ်။

Lip balm လေးတွေလည်း အသုံးပြုပေးပါ
ဆောင်းတွင်းဘက်မှာ အသားအရေကိုသာမက နှုတ်ခမ်းကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ Lip Balm လေးသုံးပြီး နူးညံ့အောင်ထားသင့်ပါတယ်။

လက်လေးတွေကိုလည်း နူးညံ့အောင်ထားသင့်ပါတယ်
ဆောင်းတွင်းမှာ လက်ကလေးတွေ နူးညံ့စေဖို့ hand cream လေးတွေလည်း သုံးပေးသင့်ပါတယ်။

ရေအေးနဲ့ ရေချိုးပါ
ဆောင်းတွင်းဘက်မှာ တော်တော်များများက ရေပူနဲ့ချိုးကြတာများပါတယ်။ ရေပူနဲ့ချိုးခြင်းက အသားအရေကိုပိုပြီးခြောက်သွေ့စေနိုင်ပါတယ်။ ရေပူကိုအရမ်းပူတာမျိုးမဟုတ်ပဲ နွေးရုံလောက်နဲ့ ချိုးပေးပြီးတော့ ရေချိုးပြီးတာနဲ့ Lotion များများလိမ်းပေးသင့်ပါတယ်။

ဒါလေးတွေက ဆောင်းတွင်းရောက်ရင် ဘာတွေလုပ်သင့်တယ် ဘာတွေဆောင်ထားသင့်တယ် ဘာတွေတော့ မလုပ်သင့်ဘူးဆိုတာကို ပြောပြပေးထားတာဖြစ်လို့ ဆောင်းရာသီမှာ ဒါလေးတွေကိုဖတ်ပြီး သေချာဂရုစိုက်ကြပါဦးနော်။

About the author

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။