စားသောက်ဆိုင် ဗဟုသုတ

New Year အတွက် Hit အဖြစ်ဆုံး YGN က Bar တွေ

New Year ကို ဘာ Plan ရှိကြလဲ ၊ ဘော်ဘော် တို့ ။
အိမ်တွင်း အောင်းပြီး ပြန် ထွက်လို့ ကောင်းတဲ့ Night Life ကြီးကို ဘယ်လောက် လွမ်းနေကြောင်းဆိုတာကို သိလို့
New Year ကို ထွက်ကဲလို့ အကောင်းဆုံးဖြစ်မယ့် Bar (5) ခုလောက် ကို ပြောပြပေးမှာ ဖြစ်ပါတယ် ။
အမျိုးအစား မတူ Vibe ချင်း မတူတဲ့ YGN မှာ Hit ဖြစ်နေမယ့် Bar က ဘာတွေ လဲ တစ်ချက် ကြည့်လိုက်ရအောင် ။


(၁) Bar Castle
2020 နောက်ပိုင်းထွက်လာတဲ့ Roof Top Bar အမျိုးအစားပဲ ။ နေရာထိုင်ခင်း မိုက်တယ် ။ Photo ရိုက်ဖို့ ၊ Date ဖို့ ဆိုလည်း နေရာကောင်းလေးပဲ ။ Roof top ထဲက တော်တော် အငြိမ် Type လေးမို့ တစ်ယောက်တည်း အေးဆေး လာ မျော မလား ၊ နှစ်ကိုယ်တူ လာ Chill မလား ကွက်တိပဲ ။
ရေချိန်သိပ်ကိုက်သွားလို့ အိမ်ပြန်ကား မမောင်းနိုင်ဖူးဆိုလည်း အောက်ထပ်မှာ Hotel Sidney မှာ ဝင် နှပ်ရုံပဲပေါ့ ။ မိုက်တယ် ဟုတ် ။


(၂) The Bar BurDubai
ဒီ Bar ကြတော့ အာရပ် နည်းနည်း ဆန်တယ် ။ ဘော်ဒါတွေ နဲ့ တူတူ ထိုင်မယ် ၊ စကီလေး နဲ့ တူတူ Chill မယ် ၊ လုံး၀ အပြင်အဆင်က အလွင့်ပဲ ။ Shisha လည်း တော်တော် မိုက်တယ် ၊ အစားအသောက် လည်းစုံတယ် ။
အင်ယားလမ်း မှာဆိုတော့ လူတော့ နည်းနည်း ကျတယ်တယ် ။ New Year ကဲဖို့ဆို ကြိုသွား ကြိုမှာ ထားမှ Ok မယ် ။


(၃) Safe House
ပါပါ့ မလား ဒီ Bar က ဆိုပြီး စိုးရိမ်မနေပါနဲ့ ။ အကဲတစ်လိုင်းတွေ အတွက် ဆို ပါကို ပါရမှာပေါ့ ။
Halloween Night ကို ကျော်သွားပေမယ့် New Year မှာ အသားကုန်ဝုန်းကြ မယ်ဆိုပြီး အားယူထားတယ် မလား ?
Safe House ဘယ်လောက် မိုက်လဲ ရောက်ဖူးသူတိုင်း သိချက်ပဲ ။ ဝုန်းဒိုင်းကြဲ ချင်တဲ့ ဘော်ဘော် တွေကို မဲဆွယ်ထားလိုက်တော့ ဒါ Plan ပဲ ။


(၄) Woodland X Bar
မီးရောင်တွေ စုံ နေတဲ့ အချောလေး တွေ ရှယ်ပွေးတဲ့ နေရာ ၊ So Hot in 2020 ထဲက YGN ရဲ့ ညဖက်တွေပေါ့ ။ ကဲလို့ လည်းတော်တော်ကောင်းတဲ့ Bar ပဲ ။ လူငယ်တွေတင်မဟုတ်ပါဘူး ၊ လူကြီးတွေ လည်း မိုက်တဲ့ Bar ၊
ဈေးနှုန်းလည်း မဆိုးဝူး ၊ New Year Night ဆိုရင်တော့ လူများမယ်ပေါ့ ၊ အလန်းလေး တွေ နဲ့ တူတူကဲ မယ်ဆို ဒီ Bar လေးကို Recommend ပေးတယ်နော် ။


(၅) Night Life Bar
Hot အရမ်းဖြစ်တာ ၊ လူသိပ်များတာ မကြိုက်ဖူး ၊ အေးဆေး လေးပဲ ငြိမ့်ငြိမ့်လေး ကဲ ချင်တဲ့ ဘော်ဒါတွေ လက်တို့ ၊ကမ်းနားလမ်းက Bar မှာသွား သောက်မယ်ပြော ။ လေတစ်ဖြူးဖြူး နဲ့ ရန်ကုန်မြို့ကြီးမှာ ငြိမ်းချမ်းရေးယူ ကြမယ် ။ Night Life ကို ဘာလို့ညွှန်းလဲ ဆိုတော့ ဈေးနှုန်းအရ မဆိုးဘူး ၊ ထောင့်ဆုံးက Bar ဆိုတော့ နည်းနည်း မျက်စိအေးတယ် ။ Unplug Music လေး နဲ့ စီးမျောရင်း နှစ်သစ်ကို ကြိုဆိုကြတာပေါ့ ။
ဘော်ဒါတို့ရော ၊ ဘယ်ကို သွားဖို့ Plan ဆွဲပြီးပြီ လဲ ။ စလိုက် ကြရအောင် ။
ရန်ကုန်မြို့ကြီး Happy New Year ပါ ။

barinyangon #yathar #newyear

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!