ကျန်းမာ & အလှအပ

Face exercise တွေက တကယ်အကျိုးသက်ရောက်မှုရှိရဲ့လား

မျက်နှာကို exercise လုပ်ပေးတဲ့နည်းလမ်းလေးတွေကို အသုံးပြုဖို့အတွက် ငွေတစ်ပြားတစ်ချပ်မှ ကုန်စရာမလိုပဲ လှပတဲ့မျက်နှာလေးဖြစ်အောင် ပုံဖော်နိုင်ပါတယ်။ ဒါပေမဲ့ မျက်နှာကို ပြုလုပ်ပေးတဲ့ exercise တွေက ပိုက်ဆံတစ်ပြားမှ မကုန်သည့်တိုင်အောင် လူတွေက ဘာ့ကြောင့် သိပ်မလုပ်ဖြစ်ကြတာလဲ။ အကျိုးသက်ရောက်မှုမရှိလို့လား။ ဘာ့ကြောင့်လဲ။

တကယ်တမ်းတော့ မျက်နှာကို ပြုလုပ်ပေးရတဲ့ exerciese လေးတွေက တကယ်တော့ အကျိုးသက်ရောက်မှုဖြစ်ပါတယ်။ ဒါပေမဲ့ ဘာ့ကြောင့် သိပ်နာမည်မကြီးကြတာလဲ။ ဖြစ်နိုင်တဲ့နည်းလမ်းတွေအများကြီးထဲကမှ အဖြစ်နိုင်ဆုံး အကြောင်းပြချက်က ၂ ချက်ဖြစ်နိုင်ပါတယ်။ သေချာမသိကြသေးတာနဲ့ exercise ပြုလုပ်ရမှာ ပျင်းကြတဲ့ အကြောင်းပြချက် ၂ မျိုးဖြစ်နိုင်ပါတယ်။

မျက်နှာလေးကို သွယ်အောင်၊ မေးရိုးလေးကို ပိုပေါ်အောင်၊ မေးစေ့အောက်က မေးနှစ်ထပ်ဖြစ်တာကိုပျောက်အောင်၊ လည်ပင်းက အရစ်လေးတွေကို ပျောက်အောင် စသည်ဖြင့် exercise မျိုးစုံရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ့်မျက်နှာလေးကို ဘယ်လိုပုံစံလေး ပြောင်းချင်တာလဲ ဆိုတာ သေချာသိချင်ရင် ဘယ်လို exercise လုပ်ရမလဲဆိုတာလေးတွေကို အင်တာနက်ကနေတဆင့် လေ့လာနိုင်ပါတယ်။

တကယ်လို့ ကိုယ်တိုင်မရှာချင်ဘူးဆိုရင်လည်း comment လေးကနေတဆင့် ကိုယ့်မျက်နှာလေးကို ဖြစ်ချင်တဲ့ပုံစံလေးကို ရေးပြီး မေးထားခဲ့နိုင်ပါတယ်။ နောက် article များမှာ သိလိုတဲ့ လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။