ကျန်းမာ & အလှအပ

အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ အမဲစက်ပျောက်စေတဲ့ နည်းလမ်း

လူတိုင်းကိုယ့်မျက်နှာလေးကို ဖြူစင်ဝင်းပ အစက်အပျောက်မရှိ ချောမွတ်ညီညာစေချင်တာ အမှန်ပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ အဲ့လိုမျိုး မဖြစ်နိုင်ကြပါဘူး။ အမဲစက်ရှိတဲ့လူလည်း ရှိနိုင်မယ်၊ အသားအရေ မညီညာတဲ့လူလည်းရှိနိုင်မယ်။ ဘယ်လိုမျိုးပဲ ဖြစ်ပါစေ လူတိုင်းကတော့ သူ့အလှနဲ့သူ လှပြီးသားပါ။ မျက်နှာမှာရှိနေတဲ့ အမဲစက်လေးတွေအတွက် အလှပျက်နေတယ်လို့ ခံစားရတဲ့သူလေးတွေလည်း စိတ်ညစ်စရာမလိုတော့ပါဘူး။ ငွေကုန်ကြေးကျအရမ်းမများပဲ အိမ်မှာပဲ အမဲစက်ပျောက်ကင်းအောင် ပြုလုပ်နိုင်တဲ့ Homemade Mask ပြုလုပ်နည်းလေးကို မျှဝေပေးပါမယ်။ 

ပါဝင်ပစ္စည်းလေးတွေကလည်း ဝယ်ရလွယ်ကူပြီးတော့ ပြုလုပ်နည်းလေးကလည်း အရမ်းကို လွယ်ကူပါတယ်။ 
Baking Soda        စားပွဲတင်ဇွန်း ၁ ဇွန်း
Apple Cider Vinegar  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
Lemon Juice              လက်ဖက်ရည်ဇွန်း တစ်ဝက်
ပျားရည်                       စားပွဲတင်ဇွန်း ၁ ဇွန်း

Apple Cider Vinegar ထဲကို ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ရောပြီးထည့်မွှေပေးထားပါ။ ပြီးရင် Baking Soda ကိုထည့်ပြီး အနှစ်လေးတွေ ဖြစ်တဲ့အထိ ရောမွှေပေးပါ။ ပြီးရင်တော့ ကျန်တဲ့ပါဝင်ပစ္စည်းတွေကိုပါရောပြီး တစ်ခါတည်း ရောမွှေပေးပါ။ 

ပြုလုပ်နည်း

သင့်မျက်နှာလေးကို သေချာဆေးကြောပြီးတော့ သေချာခြောက်သွားအောင် Towel နဲ့ သုတ်ပေးပါ။ ပြီးလျှင် မျက်နှာကိုဖြစ်စေ အမဲစက်လေးတွေရှိတဲ့နေရာကိုပဲ ဖြစ်စေ လက်ကလေးနဲ့ လိမ်းလိုက်ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်းထားလိုက်ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ 

ဒီနည်းလမ်းလေးကို တစ်ပတ်လောက် နေ့စဉ်လုပ်ပေးမယ်ဆိုရင် အမဲစက်များ၊ အမာရွတ်လေးတွေကို သက်သာစေနိုင်ပါတယ်။ ဒီ mask လေးကို လုပ်ပြီးတဲ့အခါ  အပြင်ထွက်တိုင်း UV ray ဒဏ်ကို ခံနိုင်ဖို့ sun cream ကောင်းကောင်းလေး အသုံးပြုပေးဖို့တော့လိုအပ်ပါတယ်။

Sun Cream ကို mask လုပ်ပြီးတဲ့အခါတိုင်းတင်မကပဲ နေ့တိုင်းအသုံးပြုပေးနိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းပါတယ်။  ဒီလို သဘာဝနည်းလေးတွေကိုသုံးပြီး ပိုပိုလှနိုင်ကြပါစေ။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။