ကျန်းမာ & အလှအပ လမ်းကြောင်းသစ်

ဒီလျှို့ဝှက်ချက်တွေကို မသိသေးရင်တော့ ခေတ်နောက်ကျကျန်ခဲ့မယ်နော်

အလှအပနဲ့ ပတ်သက်ပြီး ပြင်ဆင်တဲ့နေရာမှာ ပိုမြန်မယ် ပိုလွယ်ကူမယ့် လျှို့ဝှက်ချက်ကောင်းကောင်းတွေ ရှိတာ သိပြီးပြီလား။ မသိသေးရင် အလှပြင်တဲ့နေရာမှာ ပုံမှန်အချိန်လောက်ကုန်မယ်ဆိုရင် ဒီအချက်လေးတွေ သိသွားတဲ့အခါ အရင်ကထက် ပိုလွယ်ကူပြီး ပိုမြန်သွားမှာ သေချာပါတယ်။

Mascara တွေခြောက်သွားတဲ့အခါ ဒီလိုနည်းကို သုံးပါ
Mascara တစ်ခုကို ၃ လလောက်ပဲ အသုံးပြုသင့်ပါတယ်။ ၃ လထက် ကျော်လွန်သွားတဲ့အခါ bacteria တွေ ဖြစ်ပေါ်လာနိုင်ပြီးတော့ မျက်လုံးကို Bacteria တွေ ဝင်ရောက်ပြီး မျက်လုံးထိခိုက်နိုင်ပါတယ်။ တကယ်လို့ ၃ လအတွင်းတောင် mascara တွေကခြောက်သွားပြီဆိုရင် saline solution ၂ စက်လောက် ထည့်ပြီး mascara ကို မခြောက်အောင် လုပ်လို့ရပါတယ်။

Pencil Eyeliner ကို gel ပုံစံအဖြစ်ပြောင်းချင်ရင်
အိမ်မှာလည်း Pencil Eyeliner ပဲရှိတယ် ဒါပေမဲ့ gel liner လေးလည်းလိုချင်တယ်ဆိုရင် နောက်တစ်ချောင်းထပ်ဝယ်နေစရာမလိုတော့ပါဘူး။ Pencil eyeliner လေးကို မီးလေးတစ်ချက်တို့ပေးပြီး အသုံးပြုကြည့်လိုက်ပါ။ pencil eyeliner ကနေ gel Liner အဖြစ်ပြောင်းလဲသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဆံပင်တွေ ပိုပြီး ထူထူလေးလို့ မြင်သာအောင်
ဆံပင်တွေ ကျွတ်လို့ဖြစ်စေ ခွဲကြောင်းလေးတွေက အရမ်းထင်းနေတာမျိုးဆိုရင် eyeshadow လေးကို အသုံးပြုလို့ရပါတယ်။ ဆံပင်ခွဲကြောင်းလေးတွေကို eyeshadow လေးနဲ့ လိမ်းပေးခြင်းဖြင့်လည်း ဆံပင်လေးတွေကို ပိုပြီးထူထူလေးဖြစ်စေတယ်လို့ထင်ရပါတယ်။

မျက်တောင်လေးတွေ ကော့ညွတ်နေစေမယ့် နည်းလမ်း
မျက်တောင်လေးတွေကို ကော့ပေမဲ့ ကော့ချင်သလောက်ကော့မလာတဲ့ အချိန်မျိုးရှိလား။ ဒါဆိုရင်တော့ မပူပါနဲ့ ဒီနည်းလမ်းလေးကို အသုံးပြုလိုက်ပါ။ eyelash curler လေးကို Dryer လေးနဲ့ မှုတ်ပြီးတော့ မျက်တောင်လေးကို ကော့ပေးမယ်ဆိုရင် မျက်တောင်လေးတွေက ပိုပြီး ကြာကြာကော့နေမယ့်အပြင် ကော့ဖို့အတွက်ကလည်း ပိုပြီးလွယ်ကူပါတယ်။

လက်သည်းနီတွေ မြန်မြန်ခြောက်စေမယ့် မှော်နည်းလမ်း
ခွက်တစ်ခွက်တည်းမှာ ရေနဲ့ ရေခဲကိုထည့်ထားပြီး လက်သည်းနီဆိုးပြီးတာနဲ့ စိမ်ထားလိုက်မယ်ဆိုရင် လက်သည်းနီက ပိုပြီးမြန်မြန်ခြောက်စေပါတယ်။

အသုံးပြုပြီးသား Green Tea အိတ်လေးကို မျက်လုံးအောက်မှာ ကပ်ပေးပါ
မျက်လုံးအောက်က အရေးပြားအတွက်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းလေးရှိပါတယ်။ အဲ့ဒါလေးက အသုံးပြုပြီးသား Green Tea အိတ်လေးကို မျက်လုံးအောက်မှာ ကပ်ပေးခြင်းပါပဲ။ 

မျက်လုံးတစ်ဝိုက်လုံး eyeliner အမဲချည်းပဲ မသုံးပါနဲ့
မျက်လုံးတစ်ဝိုက်လုံကို eyeliner အမဲချည်းပဲသုံးတာကို ရုပ်ကိုပိုဆိုးစေပါတယ်။ အပေါ်ဘက်မှာ eyeliner အမဲကို သုံးတယ်ဆိုရင် အောက်ဘက်ကို အညိုလေးသုံးပေးတာက ပိုပြီးကောင်းပါတယ်။

ဒီလိုဆိုရင်တော့ အလှအပနဲ့ ပတ်သက်ပြီး အလွယ်နည်းလေးတွေကို သိသွားမယ်ထင်ပါတယ်။ တစ်ချို့ဆိုရင် နှစ်မျိုးဝယ်စရာမလိုပဲ တစ်မျိုးတည်းနဲ့ နှစ်မျိုးသုံးလို့ရတော့ တကယ့်ကို မိုက်တယ်။ ဒီနည်းလမ်းလေးတွေကိုလုပ်ကြည့်ရင်း ပိုပြီးလှကြပါစေနော်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။