ကျန်းမာ & အလှအပ

မျက်နှာလေးတင်မက ခြေထောက်လေးရော လှဖို့အတွက်

အခုနောက်ပိုင်း ယောကျ်ားလေးရော မိန်းကလေးရော အလှအပကို ဂရုစိုက်လာကြပါတယ်။ အလှအပကို ဂရုစိုက်ကြတယ်ဆိုတဲ့နေရာမှာ အသားအရေကို ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ ခြေထောက်လှလှလေးကို ပိုင်ဆိုင်ဖို့အတွက်ကလည်း spa နိုင်နိုင်လုပ်နိုင်ဖို့လည်း အရေးကြီးပါတယ်။

ဒါဆိုရင်တော့ ပိုက်ဆံအများကြီး အကုန်ကျခံစရာမလိုပဲ အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးရှိပါတယ်။

ပထမဆုံးအနေနဲ့ ဇလုံတစ်ခုခုထဲမှာ ရေနွေးနွေးလေးကိုထည့်ထားပါ။ ပြီးလျှင်ခြေထောက်ကိုထည့်ပြီး Epson Salt တစ်ခွက်နဲ့ Lotion ကိုရောပြီးထည့်ပေးပါ။ တကယ်လို့ အိမ်မှာ essential Oil ရှိမယ်ဆိုရင်လည်း essential Oil ကို ထည့်လို့ရပါတယ်။ 

တကယ်လို့ သင့်မှာ မှိုနှင့် ပတ်သက်သောရောဂါ ရှိလျှင် ရေ ၂ ဆ Listerine ၁ ဆ ရောပြီးထည့်လို့ရပါတယ်။ 

ပြီးလျှင် ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်း ထားပြီးပြန်ထုတ်ပြီး ရေသေချာပြန်ဆေးပြီးတော့ ကိုယ်တိုင် spa ပြုလုပ်နိုင်ပါပြီ။ 

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။