ကျန်းမာ & အလှအပ လမ်းကြောင်းသစ်

လွယ်ကူထိရောက်တဲ့ Homemade Hair Mask

အိဆင်းတုံနေတဲ့ ဆံသားလေးကို ပိုင်ဆိုင်ချင်ကြတာ မိန်းကလေးတိုင်းဆိုရင် မမှားဘူးနော်။ ဒါပေမဲ့ တော်တော်များများက နည်းလမ်းကို မသိလို့ သေချာမလှကြသေးတာထင်ပါတယ်။ ဒါဆိုရင်တော့ ဒီတစ်ခါ အိမ်မှာပဲ ပြုလုပ်နိုင်တဲ့ Homemade Hair Mask ပြုလုပ်နည်းလမ်းလေးကို ဖော်ပြပေးသွားပါမယ်။

ပါဝင်ပစ္စည်းတွေက ဝယ်ရလွယ်ကူတဲ့
Coconut Oil
Mayonnaise
ကြက်ဥအနှစ်
Olive Oil
တို့ပဲ ဖြစ်ပါတယ်။

Coconut Oil စားပွဲတင်ဇွန်း ၁ ဇွန်း
Mayonnaise စားပွဲတင်ဇွန်း ၂ ဇွန်း
ကြက်ဥအနှစ် ၁ ခု
Olive Oil အနည်းငယ် တို့ကို ရောမွှေပေးပါ။

ပြီးလျှင် ဆံပင်ကို သုတ်လိမ်းပြီး မိနစ် ၃၀ ထားကာ ရေနှင့်သေချာဆေးချလိုက်ပါ။

ဒီနည်းလေးကို တစ်ပတ်ကို ၁ ကြိမ် အနည်းဆုံး ပြုလုပ်လိုက်တာနဲ့ သင့်ဆံပင်လေးတွေဟာ အိတုံဆင်းပြီးတော့ ချောမွေ့နေစမှာသေချာပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။