ကျန်းမာ & အလှအပ

သင်က collagen အမြဲသောက်နေတဲ့သူလား

အခုနောက်ပိုင်း မိန်းကလေးတော်တော်များများ ကျန်းမာရေးနဲ့ အလှအပကို ဂရုစိုက်ဖို့အတွက် collagen ကို သောက်သုံးပေးလာကြပါတယ်။ အသားအရေ၊ ခန္ဓာကိုယ်၊ ဆံပင်၊ လက်သည်းကျန်းမာရေးအတွက်ဆိုပြီး supplement တွေလည်း တော်တော်များများ တွင်ကျယ်လာကြပါတယ်။ ဒါပေမဲ့ တော်တော်များများ ဝေဝေဝါးဝါးဖြစ်ကြတာက collagen ကို အမြဲတမ်းသောက်ရင် ဘာဖြစ်နိုင်လဲ။ အမြဲတမ်းသောက်ပေးသင့်လား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီနေ့တော့ အဲ့အကြောင်းလေးကို ပြောပြပေးမှာ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ မိန်းကလေးတစ်ယောက်က 2.5-5 grams ရှိတဲ့ collagen ကို ၈ ပတ်သောက်မယ်ဆိုရင် အသားအရေခြောက်သွေ့လာနိုင်ခြင်းက အရင်က မသောက်တဲ့ အချိန်တွေနဲ့ ယှဉ်ရင် ပိုပြီးတော့ စိုပြေလာတာကို တွေ့ရမှာဖြစ်ပါတယ်။

တခြားလေ့လာချက်တစ်ခုအရ ၁၂ ပတ်ကြာ collagen ကို သောက်သုံးတဲ့သူက အသားအရေ ရေဓါတ်ပြည့်ဝလာပြီး အရေးအကြောင်းတွေကိုလည်း လျော့ပါးလာစေပါတယ်။

Collagen ကိုသောက်သုံးပေးမယ်ဆိုရင် နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါတွေကိုလည်း သက်သာစေပါတယ်။
Supplement နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ဆိုးကျိုးကိုတော့ သိပ်မတွေ့ရတတ်ပါဘူး။ ဘာလို့ဆို Supplement တော်တော်များများကို ငါး၊ ခရုနဲ့ ကြက်ဥတွေကနေ ယူထားကြတာ များလို့ပါ။

တချို့ကတော့ Collagen သောက်ပြီးရင် ပါးစပ်ထဲမှာ အရသာမကောင်းဘူးလို့တော့ ဆိုကြပါတယ်။
Collagen က ရင်ပြည့်တာနဲ့ ရင်ပူတာတို့လို အစာခြေခြင်းနဲ့ ပတ်သက်တဲ့ side effect မျိုးပဲရှိပါတယ်။
တချို့ကတော့ Collagen သောက်ရင်း ဝက်ခြံထွက်တတ်တာမျိုးလည်း ရှိတတ်ပါတယ်။

ပျိုမေတိုင်း ကျန်းမာအလှတိုးပြီး အမြဲတမ်း လန်းဖြာနိုင်ပါစေနော်။

About the author

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။