ကျန်းမာ & အလှအပ

ဝါနေတဲ့သွားကို ၂ မိနစ်တည်းနဲ့ ဖြူစေမယ့် နည်းလမ်း

သွားလေးတွေ ဖြူနေဖို့ဆိုတာကလည်း အိပ်မက်တစ်ခုလိုမဟုတ်တော့ဘူး။ ဒီနည်းနဲ့ဆို ၂ မိနစ်အတွင်း သွားလေးတွေ ပြန်ဖြူလာနိုင်ပြီနော်။ ပါဝင်ပစ္စည်းကလည်း ဝယ်ရလွယ်တယ်။ လုပ်ရတာလည်း လွယ်ကူတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်နော်။

ပါဝင်ပစ္စည်းလေးတွေက
Baking soda – စားပွဲတင်ဇွန်း ၂ ဇွန်း
Coconut oil – ခွက် တစ်ဝက်
Stevia – အထုပ်သေး ၂ ထုပ်
Essential Oil – အစက် ၁၅ စက် ( Optional )

ပြုလုပ်နည်း
Baking Soda ကလွဲပြီး ကျန်ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခွက်ထဲမှာ အကုန်ထည့်လိုက်ပါ။ ပြီးလျှင် ရောမွှေလိုက်ပါ။ ပြီးလျှင် ပုလင်းထဲထည့်ပြီး Baking Soda မှုန့်ကို ထပ်ထည့်ပါ။ နည်းနည်းပြစ်လာတဲ့အချိန်ထိ Baking soda ကို ထပ်ထည့််ပေးပါ။ ပြီးလျှင်တော့ သွားပွတ်တံပေါ်ကိုထည့်ကာ သွားတိုက်သလိုပြုလုပ်ပေးရုံနဲ့ သွားလေးတွေကို ဖြူဖွေးလာစေမှာပါ။

About the author

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။