ဗဟုသုတ လမ်းကြောင်းသစ်

ချစ်သူများနေ့ မှာ ချောကလက် မဟုတ်ပဲ ၊ အခြား ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသလို့ ရနိုင်မယ့် လက်ဆောင်(၅) မျိုး

ချစ်သူများနေ့ မှာ ချောကလက် မဟုတ်ပဲ ၊ အခြား ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသလို့ ရနိုင်မယ့် လက်ဆောင်(၅) မျိုး
ချစ်သူများနေ့ မှာ မတော်တဆ များ ချစ်သူရခဲ့တာပဲ ဖြစ်ဖြစ် ၊ နှစ်အကြာကြီး ချောကလက်တစ်ခုနဲ့ ပဲ ရွာလည်တာ ကြာတဲ့ အတွဲတွေ ဖြစ်ဖြစ် သူမတူတဲ့ Idea နဲ့ လက်ဆောင် အသစ်အဆန်းတွေ ပေးဖို့ စိတ်ကူးကောင်းလေးတွေ ပြောပြမှာပါ ။
V day မှ ချောကလက်က စားရတာလား တော့ မမေးကြေး နော် ။

(၁) ပန်းစည်း ဆန်းဆန်းလေးတွေ
မိန်းကလေး တော်တော်များများ ပန်းစည်းကြိုက်ကြပါတယ် ။ အဲ ပန်းစည်းကို ထပ်ပြီး Update လိုက်ရင်တော့
ပိုက်ဆံနဲ့ စည်းထားတဲ့ ပန်းစည်း ၊ အစားအစာတွေ စည်းထားတဲ့ ပန်းစည်း နောက်ဆုံးတစ်ခုက ပန်းအစစ်ရာနဲ့ ချည်ပြီး စည်းထားတာမျိုးပေါ့ ။

(၂) Skin Care ပစ္စည်းတွေ
အရင်က တော့ ယောကျာ်းလေး တော်တော်များများက မိမိနှင့် Skin Care ဘာမှ မသက်ဆိုင်လို့ သတ်မှတ်ထားတဲ့ သူတွေ များပါတယ် ။ ခုခေတ်နောက်ပိုင်းမှာ တော် ကိုယ့်ချစ်သူကို Surprise တိုက်ရာမှာ
အသုံးဝင်လာတဲ့ အရာက တော့ Skin Care ပစ္စည်းတွေပါ ။ အခုတည်းက လက်ဆောင်အတွက် ပြင်ဆင်မယ်ဆို
သူသုံးတတ်တဲ့ တံဆိပ်လေးတွေ သိထားဖို့ လိုမယ်နော် ။

(၃) Spa မှာ Booking လုပ်ပေးထားတာ
ဒီဟာက လည်း နောက်ပိုင်း တိုက်လာတဲ့ Surprise ထဲမှာ တစ်ခုပါဝင်လာပါတယ် ။ Booking ကြိုယူထားပြီး
လိုက်ပို့တာက လည်း Gift တစ်ခု အနေနဲ့ အသုံးဝင်ပါတယ် ။

(၄) အစားအသောက် ပို့ပေးတာ
လူနေမှုပုံစံ အသစ် နဲ့ လိုက်ရော ညီထွေ ဖြစ်တဲ့ အစားအသောက်တွေကို Order မှာစားတာက တော်တော် Trend ဖြစ်နေပါတယ်နော် ။ မိန်းကလေး သိပ်မဆန်တဲ့ ကောင်မလေး မျိုးကို Surprise တိုက်ဖို့ ခေါင်းစားနေတယ်ဆိုရင် တော့ ဒီ နည်းလမ်းက အကောင်းဆုံးဖြစ်မှာပါ ။
(၅) Ring or Jewellery
ဒီတစ်ခုက တော့ သည်းခြေအကြိုက်ထဲ ပါပါတယ် ။ တော်တော်များ မကြိုက်တာတို့ ၊ ငြင်းတာတို့ ခပ်ရှားရှားပါပဲ ။ တန်ဖိုးထားမှုကို ပြတဲ့ အဖိုးတန်ရတနာ လက်ဆောင်မျိုးပေါ့ ။

Handmade တွေကလည်း သူအပေါ်မှာ ဘယ်လောက်ထိ အလေးထားတယ်ဆိုတာ မျိုးကို ဖော်ပြတဲ့ နေရာတွေ မှာ အသုံးဝင်ပါတယ် ။
ဘယ်လိုမျိုးလက်ဆောင်ပဲ ဖြစ်ဖြစ် ၊ မိမိရဲ့ စိတ်သဘောထားမှု လည်း ချစ်ခြင်း မေတ္တာကို ဖော်ကျူးတဲ့ နေရာမှာ အထိရောက်ဆုံးဖြစ်မှာပါ ။
ဒီနေ့တော့ ချောကလက်အပြင် အခြား V Day မှာ ပေးလို့ရတဲ့ လက်ဆောင်တွေ ကို ဖော်ပြပေးထားတာဖြစ်ပါတယ် ။

About the author

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!