ဗဟုသုတ

အိမ်မှာ ဒီအစားအစာတွေ ဝယ်ထားပါ

စိတ်ရောကိုယ်ရော ပင်ပန်းနေတဲ့အချိန်မှာ အစားကိုလည်း ဂရုစိုက်စားပေးသင့်ပါတယ်။ နေ့စဉ်စားလို့လွယ်မယ့် အစားအစာလည်း ဖြစ်ရမယ်။ အလွယ်တကူ ဝယ်ယူလို့ရနိုင်မယ့် အစားအသောက်တွေလည်း ဖြစ်ရမယ်။ အဲ့ ၂ ချက်ကလည်း အိမ်မှာ ဒီလို အစားအစာတွေ ဝယ်ထားနိုင်ဖို့အတွက် အရေးကြီးပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးက စားလိုက်တာနဲ့ အားလည်းရှိတဲ့အပြင် ဝယ်ရလွယ် သယ်ရလည်းလွယ်သလို ဈေးနှုန်းအနေနဲ့လည်း အဆင်ပြေတဲ့ အသီးတစ်မျိုးပါပဲ။ ငှက်ပျောသီး တစ်လုံးလောက် စားလိုက်ရင်ကို ဗိုက်ကအတော်အသင့် ဝနေပြီဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ငှက်ပျောသီးမှာ ပါဝင်တဲ့ ဓါတ်တွေကြောင့်လည်း ငှက်ပျောသီးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ energy ကိုလည်း ပေးပါတယ်။

ကန်စွန်းဥ
ကန်စွန်းဥကလည်း တစ်လုံးဆိုတစ်လုံး အားရှိစေတဲ့ အစားအစာပါ။ 

နောက်ထပ် အားရှိစေတဲ့ အစားအစာကတော့ ကြက်ဥပြုတ်ပါ။

ကြက်ဥပြုတ်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ဖြည့်တင်းပေးနိုင်တဲ့ အာဟာရတွေ အများကြီးပါဝင်ပါတယ်။ အဲ့ဒါကြောင့် ကြက်ဥကို တစ်နေ့တစ်လုံးလောက်တော့ စားပေးသင့်ပါတယ်။

ပန်းသီး
ပန်းသီကလည်း စားလိုက်တာနဲ့ ဗိုက်ဆာတာကို တင်းတိမ်နိုင်ပါတယ်။

ရေများများသောက်ပေးပါ။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓါတ်ပြည့်ဝဖို့ကလည်း အရေးကြီးပါတယ်။ 

အစားကိုလည်းစားပါ။ အာဟာရရှိတာလည်းစားပါ။ အိပ်ရေးလည်း ရရင်ရသလိုအိပ်ပါ။ ကျန်းမာရေးလည်း ဂရုစိုက်ဖို့အတွက် ဒီအစားအစာလေးတွေကိုလည်း အိမ်မှာ ဝယ်ထားလို့ရနိုင်ပါတယ်။

About the author

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။