ကျန်းမာ & အလှအပ

ဝက်ခြံတွေကို ဟက်ချလောင်းဆိုပြီး ပျောက်သွားစေမယ့်နည်းလမ်း

လှပတဲ့ မျက်နှာလေးပေါ်မှာ ဝက်ခြံပေါက်နေလို့ စိတ်ညစ်နေရတဲ့ သူတွေရှိမယ်ထင်ပါတယ်။ ဝက်ခြံဆိုတာ စိတ်ခံစားချက်တွေ အရမ်းဆိုးနေတဲ့အချိန်မှာလည်း ပေါက်လာနိုင်သလို အသုံးအဆောင်တွေ မသန့်တာကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဝက်ခြံပေါက်လို့ စိတ်ညစ်လာပြီဆိုတော့ ဝက်ခြံလေးတွေ ပျောက်ကင်းဖို့အတွက် ဒီနည်းလမ်းလေးကိုလည်း အသုံးပြုပြီး ကုသနိုင်ပါတယ်။ အိမ်မှာတင် ပြုလုပ်လို့ရတဲ့ နည်းလေးတွေ ဖြစ်လို့ အရမ်းလည်း လွယ်ကူပါတယ်။

နည်းလမ်းလေးတွေကတော့

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကို ဝက်ခြံနေရာလေးကို လိမ်းပြီး အခြောက်ခံကာ တစ်ညအိပ်ပြီး မနက်မှ ရေဖြင့်ပြန်ဆေးချပေးပါ။ 

Tea Tree Oil
Tea Tree Oil က ဝက်ခြံအတွက် အကောင်းဆုံးဆိုရင်လည်း မမှားပါဘူး။ Tea Tree Oil လေးကို တစ်ညလုံး လိမ်းပြီး အိပ်ပေးခြင်းဖြင့်လည်း ဝက်ခြံများကို ကုသပေးနိုင်ပါတယ်။

Clay Mask
Clay Mask လေးကို အသုံးပြုပြီး မျက်နှာကို သန့်စင်အောင် ပေါင်းတင်ပေးခြင်းဖြင့်လည်း ဝက်ခြံများကို ကုသပေးနိုင်ပါတယ်။

နနွင်း
နနွင်းနဲ့ ပျားရည်ကို ရောပြီး မျက်နှာကို လိမ်းပေးခြင်းဖြင့်လည်း ဝက်ခြံများကို ကုသပေးနိုင်ပါတယ်။ လိမ်းပြီးရင် တစ်ညလုံးထားပြီးတော့ မနက်မှ ရေဆေးချပေးပါ။

နည်းလမ်းလေးတွေကလည်း အရမ်းလွယ်ကူသလို ဝက်ခြံကင်းကင်းနဲ့ ပိုပြီးလှပနိုင်စေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့်လို့ရပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။