ဗဟုသုတ လမ်းကြောင်းသစ်

သားငါးတွေကို ကြာရှည်ခံအောင် ဘယ်လိုသိမ်းမလဲ

အခုလိုအချိန်ကာလမှာ ပိုက်ဆံကိုချွေတာဖို့လည်း အရေးကြီးသလို နေ့စဉ်စားသောက်ဖို့အတွက် သား၊ငါးတွေကို ကြာရှည်ခံအောင် ထိန်းသိမ်းဖို့ကလည်း အရေးကြီးပါတယ်။ ဒါဆိုရင် ဘယ်လိုသိမ်းမလဲ။

အိမ်နောက်ဖေး မီးဖိုချောင်ဆိုတာ နည်းစနစ်သိတဲ့အခါ ပိုပြီးကြာရှည်ခံအောင် သိမ်းလို့ရပါတယ်။ ဒီစာလေးမှာတော့ အသားငါးတွေကို မီးဖိုချောင်ထဲ ဘယ်လိုသိမ်းမလဲဆိုတာပြောပြပေးသွားပါမယ်။

ပုစွန်
ပုစွန်ကိုသိမ်းတဲ့နည်းအမျိုးမျိုးထဲက ပုစွန်ကို သန့်စင်ပြီးပြီဆိုတာနဲ့ ဗူးထဲမှာ ထည့်ပြီး ရေကို မြုပ်အောင်ထည့်ကာ ရေခဲခန်းထဲ ထည့်ထားမယ်ဆိုရင် အကြာကြီးအထားခံပါတယ်။ သူက ပုစွန်ကို ရေခဲထားလိုက်သလိုဖြစ်လို့ စားခါနီး တစ်ညလောက် ကြိုထုတ်ပြီးမှ ချက်တာပိုကောင်းပါတယ်။

ကြက်သား
ကြက်သားများကို သေချာဆေးကြောကာ အမွှေးတွေမရှိအောင် နှုတ်ပြီး ရေသေချာဆေးပါ။ ရေဆေးပြီးတာနဲ့ ဆားအနည်းငယ်နဲ့ နယ်ပြီး ရေစစ်ပြီး ရေခဲခန်းထဲသာထည့်သိမ်းထားလိုက်ပါ။ ပုံမှန်ထက်ပိုပြီး ကြာရှည်ခံတာကို တွေ့ရမှာပါ။

ဝက်သား၊အမဲသားနှင့်ဆိတ်သား
သူတို့ကိုလည်း သေချာဆေးကြောပြီး ဆားအနည်းငယ်နယ်ကာ ဗူးထဲထည့်သိမ်းထားလိုက်ပြီး ရေခဲခန်းထဲ ထည့်ထားမယ်ဆို အကြာကြီးခံပါတယ်။

အသီးအရွက်
အသီးအရွက်တွေကို ရေမဆေးပဲ သေချာခြွေကာ အိတ် သို့မဟုတ် ဗူးထဲထည့်သိမ်းထားလို့ရပါတယ်။

နံနံပင်
နံနံပင်ဆိုတာ ထိန်းသိမ်းရအခက်ဆုံး ဟင်းရွက်တစ်မျိုးပါ။ အထားမတတ်ရင် တစ်ရက်လောက်နဲ့ ညိုးလွယ်ပါတယ်။ နံနံပင်ထိန်းသိမ်းနည်းကတော့ ဗူးထဲမှာ တစ်ရှူးရွက်လေးထည့်ကာ နံနံပင်ကို ရေမဆေးပဲ ထည့်လိုက်ပါ။ နံနံပင်အပေါ်ကနေ တစ်ရှူးနောက်တစ်ရွက်ကို ထပ်အုပ်ပြီး ဗူးအဖုံးဖုံးကာ သိမ်းထားမယ်ဆို အနည်းဆုံး တစ်ပတ်လောက်တော့ ခံပါတယ်။

အသီး
အသီးတွေကို လှီးပြီးသိမ်းမယ်ဆိုရင် ပလက်စတစ်လေးအုပ်ပြီး သိမ်းပေးမယ်ဆို ပိုပြီးကြာရှည်ခံပါတယ်။

အသားငါးတွေကို ဆေးကြောပြီး သိမ်းတဲ့အခါ လက်အိတ်လေးသုံးပြီး ကိုင်တာ ပိုပြီးတော့ ကြာရှည်ခံပါတယ်။ အဓိကက အသားငါးတွေကို ရေခဲခန်းထဲမှာ ခဲနေအောင် သိမ်းထားဖို့ အရေးကြီးပါတယ်။ ကြာကြာခံပြီး မပုပ်မသိုး မလွှင့်ပစ်ရဖို့ကလည်း ငွေကို ချွေတာနည်း တစ်မျိုးပဲမို့ ဒီနည်းလေးတွေကိုလည်းသိမ်းထားလို့ရပါတယ်နော်။ 

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။