စားသောက်ဆိုင် ဗဟုသုတ

စားသောက်ဆိုင်နှင့် စားသုံးသူကြားထဲက ပြဿနာများ

ယခုကြုံတွေ့ ခံစားနေရတဲ့ ကိုဗစ်ကြောင့် စားသောက်ဆိုင်တော်တော်များများဟာ အခက်အခဲတွေ နဲ့ရင်ဆိုင်နေကြရပါတယ် ။

ယင်း အခက်အခဲတွေ ကြားထဲ မှာ ဆက်လက် ကြိုးစားပြီး စည်းကမ်းတကျရောင်းချနေတဲ့ ဆိုင်တွေလည်း အများကြီး ကျန်ရှိနေပါသေးတယ် ။

အဓိက ကျတဲ့ ကူးစက်မှုကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ အတွက် ဆိုင်ထိုင် အစား Take Out နဲ့ Delivery စတဲ့ နည်းလမ်းတွေကို အားလုံးနီးပါး အသုံးပြုလာကြပါတယ် ။

သို့ပေမယ့် စနစ်တကျ ဖြစ်တဲ့ Take Out & Delivery နည်းလမ်းတွေကို အသုံးပြုဖို့ရန်ပိုမိုလိုအပ်ပါတယ် ။

အများဆုံးကြုံတွေ့ရသည့် အခက်အခဲမှာ ဥပမာ ၊ ၊ Take Out မှာယူသူများ ဆိုင်ရှေ့တွင် များပြားစွာ စောင့်ဆိုင်းနေခြင်း ၊ Delivery ပို့ဆောင်ရန် မလွယ်ကူသော နေရာမှ မှာယူခြင်းမျိုး တို့ဖြစ်သည်။ 

ဒီအတွက် တိကျသေချာပြီး မြန်ဆန်တဲ့ Take Out System မျိုးတွေ ၊ Self Delivery နယ်မြေသတ်မှတ်ခြင်း (သို့) Delivery တစ်ခုခု နှင့် ချိတ်ဆက်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ် ။

Food service ဖြစ်တဲ့ အတွက် အစားအသောက်ရဲ့ အရည်အသွေးကို Customers လက်ထဲ ရောက်သည် အထိ အကောင်းဆုံး ထိန်းထားသင့်ပါတယ် ။

နောက်ဆုံး တစ်ခုက တော့ Delivery Price ပါ ။ တစ်ချို့သော အစားအသောက်တွေထက် ပိုမိုတဲ့ Delivery Fees တွေ ကြောင့် Customers တစ်ချို့ဟာ မှာယူဖို့ အတွက် လက်တွန့်တတ်ကြတာလည်း ယခုကြုံတွေ့နေရတဲ့ ပြဿနာတွေထဲက တစ်ခုပါပဲ ။

ဒီနေ့ပြောပြသွားပေးတာကတော့ ယခုလို အခြေအနေမျိုးမှာ ကြုံတွေ့ရတတ်တဲ့ စားသောက်ဆိုင်တွေရဲ့ ပြဿနာတွေရယ် ၊ ဖြေရှင်းနည်းတွေပဲ ဖြစ်ပါတယ် ။

ဒီကပ်ဆိုးကြီးကို စည်းစနစ်တကျ ဖြတ်ကျော်ရင်း အရင်လို ဆိုင်တွေမှာ လူပြည့်နေစေဖို့ အတွက် အားတင်းထားကြရအောင် ။ 

About the author

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!