စားသောက်ဆိုင် ဗဟုသုတ

yathar Smart Order နဲ့ဆို ပိုမြန်တယ်

လူတစ်ယောက်ရဲ့ဘဝမှာ အစားအသောက်ဝယ်ယူဖို့အတွက် စောင့်ရတာ တန်းစီရတာတွေကြောင့် ကုန်တဲ့အချိန်ဟာ အနည်းဆုံးတစ်နှစ်နီးပါးရှိပါတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကိုရော ဒီလိုမျိုး အကုန်ခံမလို့လား?

အကြာကြီး စောင့်စရာမလိုဘဲ မှာထားတဲ့ menu တွေကို မြန်မြန်ဆန်ဆန်ရနိုင်မယ့် ဆိုင်တွေ ပေါ်လာမယ်ဆိုရင်ရော …..

မဖြစ်နိုင်ဘူး ထင်ရပေမယ့် ဒါဟာတကယ်ပါ။

yathar ရဲ့ smart order နဲ့ဆိုရင် လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ချွေတာနိုင်ပါတယ်။

yathar website ထဲက smart order ကို ဝင်လိုက်တာနဲ့ table order အတွက်ပဲ order တင်မလား takeaway အတွက်ပဲ order တင်မလား စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

option တစ်မျိုးကို ရွေးချယ်ပြီးတာနဲ့  ဆိုင်ရဲ့ menu အစုံကို ဈေးနှုန်းတွေနဲ့ပါ တွဲတင်ပေးထားတဲ့ menu စာမျက်နှာပဲ ဖြစ်ပါတယ်။

ကိုယ့်စိတ်ကြိုက် menu တွေကို ရွေးချယ်ပြီး မှာယူနိုင်တဲ့အပြင် ဆိုင်ရောက်မယ့်အချိန်အတိအကျကိုပါ ထည့်ပြီးတော့ အော်ဒါတင်နိုင်မှာပါ။

Take away order တင်ထားပြီး ဆိုင်ရောက်ရင် စောင့်နေစရာမလိုတော့ပါဘူး။

ရောက်တာနဲ့ ကိုယ်မှာထားတဲ့ အစားအသောက်ကို တစ်ခါတည်းရနိုင်မှာ ဖြစ်ပါတယ်။

လူတွေနဲ့ထိတွေ့နိုင်စရာ အခွင့်အရေးအရမ်းနည်းသွားတာကြောင့် ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း အန္တရာယ်ကင်းပါတယ်။

အချိန်လည်းမကုန်ဘူး ကျန်းမာရေးအတွက်လည်း စိတ်ချရတယ်ဆိုတော့ အကောင်းဆုံးပဲပေါ့။

ဒီတော့ လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ချွေတာနိုင်ဖို့ yathar ရဲ့ smart order ကို စမ်းသုံးကြည့်လိုက်ပါ။

About the author

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။