ဆေးစာ

ဟင်းချက်နည်းပေါင်းစုံကြောင့် ခေါင်းမစားတော့ပါဘူး

တစ်နေ့ တစ်နေ့ ဘာချက်ရမယ်မှန်းမသိလို့ စိတ်ညစ်နေပြီလား။ ဟင်းချက်နည်းပေါင်းစုံနဲ့ တစ်နေ့တစ်မျိုးမရိုးရအောင် ချက်ပြုတ်နိုင်မယ့် ဟင်းချက်နည်း ပေါင်းစုံကို တစ်နေရာတည်းမှာ ဖတ်လို့ရနိုင်အောင် ဖော်ပြပေးပါမယ်။

ကြက်ဥကို ပြုတ်လိုက် ကြော်လိုက် ပြုတ်ကြော်တွေလုပ်လိုက်နဲ့ သမားရိုးကျနည်းလမ်းတွေနဲ့ပဲ စားတော့မှာလား။ ကြက်ဥကို တခြားပုံစံလေးတွေနဲ့လည်း စားချင်တယ် ဘယ်လိုမျိုးလုပ်ရမလဲ မသိဖြစ်နေရင်တော့ အားလည်းရှိမယ့်အပြင် ကလေးရော လူကြီးရော ကြိုက်ကြမယ့်  ကြက်ဥ devil လုပ်နည်းလေးတွေကို ပြောပြပေးပါမယ်။

ကြက်ဥ Devil လုပ်နည်းလေးကိုတော့ ဒီ link လေးထဲမှာ ကြည့်လို့ရပါတယ်။

ဟင်းချက်တိုင်း ဟင်းရည်ပူပူလေးတစ်ခွက်တော့ပါမှဆိုတဲ့ အိမ်ရှင်မတွေအတွက် လွယ်လွယ်ကူကူချက်ပြုတ်လို့ရနိုင်တဲ့ ဟင်းရည်ချက်နည်း ၃ မျိုးကို ဒီ link လေးထဲမှာ ဖတ်ရှုနိုင်ပါတယ်။

ဒီရာသီက ထောပတ်သီးလှိုင်လှိုင်ပေါတဲ့ ရာသီဆိုရင်လည်း မမှားဘူးနော်။ အဲ့ဒါကြောင့် ထောပတ်သီးကို ပုံစံအမျိုးမျိုးနဲ့ လုပ်စားကြပါတယ်။ အဲ့ထဲကမှ ထောပတ်သီးကို ဆူရှီအနေနဲ့ ဘယ်လိုလုပ်စားရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။ ထောပတ်သီး ဆူရှီလုပ်နည်းလေးတွေကိုတော့ ဒီ link လေးကနေ ဖတ်ရှုနိုင်ပါတယ်။

ပုစွန်ဆိတ်လေးတွေ့ရင် စားချင်ပေမဲ့ ဘယ်လိုနည်းနဲ့ လုပ်စားရမယ်မှန်းမသိဘူး ဖြစ်တတ်ပါတယ်။ ချဉ်ချဉ်စပ်စပ်လေးလည်းဖြစ်တဲ့အပြင် ခံတွင်းလည်းတွေ့စေမယ့် ပုစွန်ဆိတ်သုပ်လေး လုပ်နည်းကို ဒီ link လေးကနေ ဖတ်ရှုနိုင်ပါတယ်။

ပုစွန်ကို နောက်တစ်မျိုးဘယ်လိုချက်ရမလဲ မသိဖြစ်နေလား။ ပုစွန်ကို ပိုစားကောင်းစေမယ့် နည်းတွေအများကြီးထဲက ပုစွန်ပန်းဂေါ်ဖီစိမ်းချက်နည်းလေးကို ပြောပြပေးပါမယ်။ ဟင်းချက်နည်းလေးက အရမ်းကို လွယ်ကူတာမို့ ဟင်းချက်နည်းလေးကိုတော့ ဒီ link လေးထဲကတဆင့် ဖတ်ရှုနိုင်ပါတယ်။

Coca Cola ကိုသုံးပြီး ဘာတွေချက်လို့ရလဲ? ပုံမှန်ဆိုရင် Coca ကိုသောက်လို့ကောင်းလို့သောက်ကြတယ်ဆိုပေမဲ့ Cola ကိုသုံးပြီးဟင်းလည်းချက်လို့ရပါတယ်။ Cola သုံးပြီး ချက်လို့ရတဲ့ ဟင်းတွေအများကြီးထဲက အလွယ်ကူဆုံး ချက်လို့ရတဲ့ အစားအစာ ၃ မျိုးကို ဒီ link လေးမှာ ဖတ်ရှုနိုင်ပါတယ်။ 

ထိုင်းငါးပိထမင်းကြော်ကို အိမ်မှာလွယ်လွယ်ကူကူပြုလုပ်နိုင်မယ့် လုပ်နည်းလေးကို ဒီ link လေးမှာ လေ့လာနိုင်ပါတယ်။

ရှမ်းချဉ်ကြိုက်တဲ့ သူလေးတွေအတွက် ရှမ်းချဉ်ထမင်းကြော်လေးကို ထူးထူးဆန်းဆန်းလုပ်စားလို့ရပါတယ်။ လုပ်နည်းလေးကိုတော့ ဒီ Link လေးထဲမှာလေ့လာနိုင်ပါတယ်။

ထူးထူးခြားခြား ငါးခြောက်ထမင်းကြော်လေး လုပ်စားကြမလား။ ငါးခြောက်ထမင်းကြော်လေးစားရင်း ထမင်းမြိန်မြိန်စားကြမယ်လေ။ ငါးခြောက် ထမင်းကြော်လုပ်နည်းလေးကိုတော့ ဒီ Link လေးထဲမှာလေ့လာနိုင်ပါတယ်။

တခြားဟင်းချက်နည်းမျိုးစုံကို ဒီ Link လေးမှ တဆင့်လေ့လာနိုင်ပါတယ်။

About the author

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။