လမ်းကြောင်းသစ်

ထူးထူးဆန်းဆန်း ကြောက်လန့် တတ်တဲ့ အရာ (၅) မျိုး

ဒီနေ့ မှာတော့ လူတွေ ထူးထူးဆန်းဆန်း ကြောက်လန့် တတ်တဲ့ အရာ (၅) မျိုး ကို ပြောပြပေးမှာပါ ။

လူတွေ ကြောက်လန့် ကြတဲ့ အခါ အရင်ဆုံး မျက်လုံး သူငယ်အိမ်ဟာ ကျယ်လာတဲ့ နေရာက စတင်ပါတယ် ။

အသက်ရှူနှုန်း မြန်လာမယ်၊ နှလုံးခုန် နှုန်း နဲ့ သွေးဖိအားဟာ ရုတ်တရက် မြင့်တက် လာတတ်ပါတယ် ။

အဆိုးဆုံး အခြေအနေ မှာ Shock ဖြစ်ခြင်းဆိုတဲ့ ဖြစ်စဉ် ဖြင့် လူခန္ဓာကိုယ် နှင့် စိတ်ကို ခေတ္တ Shut Down ချ လိုက်တဲ့ ပုံစံ မျိုး နဲ့ တုံ့ပြန်လေ့ ရှိပါတယ် ။

ထူးထူးဆန်းဆန်း လူတွေ ကြောက်တတ်တဲ့ အရာတွေက ဘာလဲ ဆိုတာ အခုပြောပြ မှာ ဖြစ်ပါတယ် ။

(၁) သွားဆရာဝန်

လူတွေ မှာ ငယ်စဉ်တည်းက အကြောက်ဆုံး အရာ အနေနဲ့ သတ်မှတ် ထားတဲ့ သွားဆရာဝန်ဟာ ဆိုရင် အချို့ မှာ စိတ်ဆွဲနေခြင်း ဖြစ်ရပ်ကြောင့် တော်ရုံ သွားဆေးခန်းသွားပြလေ့ မရှိကြပါဘူး ။ အမှန်တကယ် တော့ ငယ်စဉ်က ငယ်သွားလဲ ထားတဲ့ အတွေ့ အကြုံ အချို့ က လာတဲ့ ကြောက်ရွံမှု ပါ ။ ကြောက်စရာ တစ်ခု မဟုတ်ပါဘူး ၊ သွားလဲ ကျန်းမာဖို့ လိုတယ်လေ ။

(၂) ခွေး

လူ အယောက် တစ်ရာ မှာ ထက်ဝက် နီးပါးလောက် ကြောက်ရွံ ကြတဲ့ တိရစ္ဆာန်လေး တွေပါ ။

အလိုက်ခံ ဖူးတာတို့ ၊ အကိုက်ခံဖူးတာတွေ ကြောင့် မြင်တာနဲ့ တင် ကြောက်ရွံမှု က စတင်ပါတယ် ။ ဒီလိုကိစ္စကို ဘယ်လို ဖြေရှင်းမလဲ ဆို ရင်တော့ ခွေးဆိုတဲ့ သတ္တ၀ါ ပုံစံ က အနောက်က လိုက်တာများပါတယ် ။ ဒီတော့ ခွေးလာ ရာ အနောက်ကို လှည့် မျက်နှာချင်း ဆိုင် ပြီး အော်ငေါက်တဲ့ နည်းလမ်းကို ရွေးချယ်စေချင်ပါတယ် ။ အကယ်လို့ များ လိုက်ရင် ပြေးကြည့်ပါ သင့်က ခြေနှစ်ချောင်း နဲ့ ပေါင် ၁၀၀ ကျော်ကို ရွေ့အောင် ပြေးနေတဲ့ အချိန် မှာ ပေါင် ၅၀ သာသာ လောက် နဲ့ ခြေလေးချောင်းက သင့်ကို အသာလေး လိုက်မှာပါ ။

(၃) မိုးချိန်းသံ

မိုးချိန်းသံ က ကြားရချင်းက ကြောက်စရာ တော့မဟုတ်ပါဘူး ။ အကယ်လို့ များသာ သင်ဟာ လျှပ်စီးကို အနီးကပ် မြင်ပြီး မိုးချိန်း သံ မကြားရရင်တော့ သေချာပါပြီ ။ ဂုဏ်ယူပါတယ် သင် မိုးကြိုးနဲ့ ကံထူးသွားပါပြီ ။

အလင်း က အသံထက် မြန်ပါ တယ်။ မိုးချိန်း သံ ကြားနေရ သေးတယ် ဆို သင့်ဆီကို မိုးကြိုး ရောက်မလာ သေးပါ ဘူး ။ ဒီတော့ ဘုရား ၊တရား လေး မမေ့ အောင် လည်း နေ ၊ လျှပ်စီး လက်ရင် ကွင်းပြင် မထွက် နဲ့ ၊ အမြင့် မတက် နဲ့ ဒီလောက် ဆို မကြောက်လို့ ရပါပြီ ။

(၄) ဓာတ်လှေကား

လူတော်တော်များ များရဲ့ မသိစိတ်ထဲ မှာ နောက်ထပ် ကြောက်တဲ့ အရာ တစ်ခုက ဓာတ်လှေကားပါ ။

ဓာတ်လှေကားကို ဘာလို့ ကြောက်ကြလဲ ? အဖြေက ရှင်းပါတယ် … မြင်ဖူးခဲ့ တဲ့ ရုပ်ရှင်အချို့ နဲ့ ကြားဖူး တဲ့ အရာ အချို့ က ပေါက်ဖွားတဲ့ ကြောက်ရွံ မှု ပါ ။ ဓာတ်လှေကားဆိုတဲ့ အရာ သည်လည်း လည်ပတ်နေတဲ့ စက်တစ်မျိုး ပါ ၊ မသိစိတ်နောက်မျိုး အရဆို ရင် ရပ်နေတဲ့ စက် ထက် ၊ လည်နေတဲ့ စက်က ပိုပျက်လွယ် ပါတယ် ။ ဓာတ်လှေကားကြောက်ရွံ ချင်းမှာ အမျိုး မျိုး ရှိကြတယ် ။ အမြင့်က နေ ပျက်ကျ မှာ ၊ ပိတ်မိနေမှာ ၊ လူဆိုးတစ်ယောက်ပါ လာမှာ နဲ့ နောက်ဆုံးက သရဲ အခြောက်ခံ ရမှာ ကို ကြောက်ရွံ ကြတာပါ ။ ဒီ ကြောက်လန့် မှု ကို ရှောင်လွဲ ချင်ရင်တော့ လှေကားကို သုံးပါ ။ ကျန်းမာရေး နဲ့ ပိုညီညွတ်ပါတယ် ။

(၅) မျက်စိ မှိတ်ရမှာကို ကြောက်တာ

တော်တော်ထူးဆန်းတဲ့ ကြောက်ရွံခြင်း တစ်မျိုး ပါ ။ မျက်စိ တစ်မှိတ် အတွင်းမှာ ၀ုန်းဒိုင်းကြဲ ပြောင်းလဲ သွားတာတို့ ၊ မြင်လိုက်ရတာတို့ ကြောင့် အဖြစ်များ ပါတယ် ။

ဥပမာ- အိမ်မှာ ခေါင်းလျှော်နေတုန်း တစ်ခုခု များ ကျလာ မလား ၊ အိပ်မယ်ဆို ပြီး မျက်လုံးမှိတ်လိုက်တဲ့ အချိန်မှာ အသံတစ်ခုခု ကြားရမလား စတဲ့ မသိစိတ် နဲ့ သိစိတ် ပေါင်းစပ်ထားတဲ့ ကြောက်လန့် မှု မျိုးပါ ။

တကယ်တော့ အဲဒါကို စိတ်ခြောက်ခြားတယ်လို့ သုံးနှုံးလို့ ရပါတယ် ။ တကယ်မရှိတဲ့ အရာ ကို တွေးထင်ပြီး ကြောက်လန့် ခြင်းမျိုးပါ ။

ဒီနေ့ တော့ လူတွေ မှာ ဖြစ်တတ်တဲ့ ထူးထူးဆန်းဆန်း ကြောက်လန့် ခြင်း တွေ ကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ် ။ တကယ်ရှိတဲ့ အရာတွေ ကို ပဲ ကြောက်ဖို့ အကြံပေးပါရစေ ။

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!