ကျန်းမာ & အလှအပ

72 နာရီအတွင်း ၀ိတ်ကျစေပြီး အသည်းကို သန့်ရှင်းစေဖို့ ဖျော်ရည်

72 နာရီအတွင်း ၀ိတ်ကျစေပြီး အသည်းကို သန့်ရှင်းစေဖို့ ဖျော်ရည်

အသည်းဆိုတာ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။ ခန္ဓာကိုယ်တွင်းမှာ အဆိပ်တွေ ရှိနေမယ်ဆိုရင် အသည်းက သူ့အလုပ်တွေကို သေချာမလုပ်တော့ပါဘူး။ အဲ့လိုမျိုးဖြစ်နေပြီဆို ၀ိတ်ပိုတက်လာတတ်ပါတယ်🤗

တစ်ခါတည်း ၀ိတ်လည်းကျ အသည်းလည်း ကျန်းမာလာစေမယ့် နည်းလမ်းရှိတယ်။ ၀ိတ်ကျဖို့ အချိန်ကလည်း ၇၂ နာရီပဲဆိုတော့ အရမ်းကို လန်းနေပြီနော်👌

လုပ်နည်းလေးကလွယ်တဲ့အပြင် ပါဝင်ပစ္စည်းတွေကလည်း ၀ယ်ရလွယ်တော့ ပိုအဆင်ပြေသွားပြီ။

ဘာတွေပါလဲဆိုတော့…..

ရေ – ၆ ခွက်

တရုတ်နံနံပင်ရဲ့ အရိုး – ၅ ခု

လှီးထားပြီးသား နံနံပင် – ၁ ခွက်

သံပုရာသီး – ၃ လုံး

🍀ဘယ်လိုလုပ်ကြမလဲ

ပါဝင်ပစ္စည်းတွေအားလုံးကို သန့်ရှင်းနေအောင်ရေဆေးပေးရပါမယ်

သံပုရာသီးကို အခွံနွှာရပါမယ် ။

အားလုံးပြီးသွားရင် ရေမထည့်သေးပဲ ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ပြီးကြိတ်ရပါမယ် ။

နောက်ဆုံးအနေနဲ့ အားလုံးကြိတ်ပြီးသွားရင် ရေထည့်ပြီးသမအောင်ရောမွှေပေးရပါမယ်။

🍀ဘယ်လိုသောက်ကြမလဲ

ဒီဖျော်ရည်က ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အရင်ဆုံး ၃ရက် စမ်းသောက်ကြည့်ပါ ။အကောင်းဆုံးရလဒ်တွေရဖို့အတွက် ဖန်ခွက် ၂ ခွက်စာ တစ်နေ့ကို ၃ကြိမ်သောက်ပါ။ ဖျော်ရည်သောက်နေတဲ့ အတောအတွင်းမှာ အစားကို နည်းနည်းပဲစားပါ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသားတွေစားပါ၊ အစပ်ရှောင်ပါ ၊ရေများများသောက်ပေးပါ 🥛

ကျန်းမာပြီး အလှတိုးတဲ့ဘ၀လေးကို ပိုင်ဆိုင်ကြပါစေနော်

အခုလိုမျိုး ဗဟုသုတလေးတွေကို ထပ်ပြီးတင်ပေးဦးမှာဖြစ်လို့ Yathar page လေးကို like ထားလိုက်ဦးနော်

သန့်ရှင်းသပ်ရပ်ပြီး စားလို့ကောင်းမယ့် စားသောက်ဆိုင်လေးတွေကို ရှာချင်ရင်တော့ Yathar application လေးကို အသုံးပြုလိုက်နော်

စားသောက်ဆိုင်တွေရှာဖွေဖို့ Yathar application လေးကို အခုပဲdownload လုပ်ကြစို့

Yathar application လေးမရှိသေးဘူးဆိုရင် ဒီလင့်လေးမှာ download လုပ်လိုက်ပါDownload Link —— https://s.yathar.com/apps

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။