ဗဟုသုတ

Beef အသား နူးအိနေအောင် ဘယ်လိုလုပ်မလဲ

ခေါင်းစဉ်လေးက ရိုးရိုးရှင်းရှင်းလေးပေမဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ နည်းလမ်းလေးတွေကလည်း သိသလိုလိုရှိပေမဲ့ မသိသေးတာလေးတွေကိုလည်း ဒီစာလေးမှာ ဖတ်ရှုနိုင်ပါတယ်။ စာဖတ်သူတစ်ချို့ကလည်း ဒီနည်းလမ်းလေးကို ပြောပြပေးဖို့ Page မှာလာရောက် တောင်းဆိုထားတာကြောင့် နည်းလမ်းလေး တစ်ချို့ကို အခုပဲ ဖော်ပြပေးလိုက်ပါမယ်။ အမဲသားတင်မကပါဘူး။ တခြား အသားတွေကိုလည်း ဒီနည်းလမ်းလေးတွေနဲ့ နူးညံ့အောင် လုပ်လို့ရပါသေးတယ်။

1 ဆား ( salt )
ဆားဆိုလို့ သိထားပြီးသားကြီးပါလို့ တွေးနေပြီလား။ ဆားဆိုပေမဲ့ ရိုးရိုးဆားမဟုတ်ပါဘူးနော်။Sprinkle sea salt လို့ ခေါ်တဲ့ ပင်လယ်ဆားကို အသုံးပြုရမှာဖြစ်ပါတယ်။Sprinkle sea salt ကို ဟင်းမချက်ခင် အသားပေါ်မှာ ဖြူးပြီး တစ်နာရီလောက်ထားပါ။ဆားမှာပါဝင်တဲ့ protein ဓါတ်တွေ အသားထဲကို ဆိမ့်ဝင်ပြီးတော့ အသားကို ပိုပြီးကောင်းလာစေပါတယ်။ 

2 Tea 
Black Tea ကို သုံးပြီးတော့လည်း အသားကို နူးညံ့အောင် လုပ်လို့ရပါသေးတယ်။အရမ်းပြင်းတဲ့ Black Tea  တစ်ခွက် သို့မဟုတ် နှစ်ခွက်ကို အရင်ဆုံး အေးအောင်ထားပါ။ ပြီးရင်တော့ အသားကို Black Tea ထဲကို ထည့်ပြီး စိမ်ထားပြီးမှ ချက်မယ်ဆိုရင်လည်း နူးညံ့တဲ့အသားနဲ့ ဟင်းတစ်ခွက်ကို ရရှိမှာပါ။

3 Wine ၊ ချဉ်တဲ့ အရည် ဒါမှမဟုတ် Vinegar
Wine နဲ့ Vinegar ဆိုတာ အသားတွေကို နူးညံ့စေတဲ့ဓါတ်တွေပါဝင်တယ်ဆိုတာ အစောကြီးကတည်းက သိပြီးသားဖြစ်နေမှာ အသေအချာပါပဲ။ ဒါပေမယ့် ချဉ်တဲ့ အရည်ကို အသုံးပြုပြီး အသားတွေကို နူးညံ့အောင်လုပ်လို့ရတာကို သိပ်သိကြမယ်မထင်ပါဘူး။ ချဉ်တဲ့အရည်ဆိုတာ သံပုရာသီး၊ သံပုယိုသီးနဲ့ နာနတ်သီးတို့ကို သုံးတာကို ပြောထားတာဆိုတော့ ဒီနည်းလေးကို အခုမှသိကြတယ်လို့ထင်ပါတယ်။ 

4 ခရမ်းချဉ်သီး sauce
ခရမ်းချဉ်သီး Sauce နဲ့လည်း အသားတွေကို နူးညံ့အောင် လုပ်လို့ရတယ်တဲ့။ခရမ်းချဉ်သီးမှာ acidic ဓါတ်လည်းပါပါတယ်။ ဒါ့ကြေင့်လည်း BBQ လုပ်တဲ့ နေရာမှာ ခရမ်းချဉ်သီးကို အသုံးပြုကြတာပါ။

5 Beer
အားလုံးကြိုက်တဲ့ Beer ကတော့ သောက်ကောင်းရုံတင်မက၊ အလှအပအတွက် အသုံးပြုနိုင်ရုံတင်မကလို့ အခု အသားကို နူးညံ့အောင် လုပ်တဲ့နေရာမှာလည်း ဆရာတစ်ဆူပါပဲတဲ့။ ဘယ်လောက် အသုံးဝင်လိုက်လဲ။ အသားကို မကြော်ခင် ဒါမှမဟုတ် မကင်ခင် Beer ထဲကို နှစ်ပြီး တစ်နာရီလောက်ထားပေးမယ်ဆိုရင်လည်း နူးညံ့တဲ့ အသားကို ရရှိစေမှာပါ။

6 Cola
Cola ကြိုက်တဲ့သူတွေ အတွက် Cola ကလည်း အသားကို နူးညံ့စေတဲ့ ဓါတ်ပါပါတယ်။အသားကို မချက်ခင် cola နဲ့ အနည်းဆုံး မိနစ် ၃၀ ကနေ အများဆုံး ၂၄ နာရီအထိထားပြီး ချက်မယ်ဆိုရင်လည်း နူးညံ့တဲ့ အသားကို ရရှိစေမှာပါ။

7 ဂျင်း
အသားတွေ နယ်တဲ့အခါ ဂျင်းကို ထည့်ပြီး နယ်ထားမယ်ဆိုရင်လည်း နူးညံ့တဲ့အသားကကို ရရှိစေမှာပါ။

8 Coffee
Coffee? ကော်ဖီကလည်း အသားကို နူးညံ့အောင် လုပ်လို့ရတဲ့အထဲပါတာအခုမှ သိတယ်။ အသားတွေကို မကင်ခင် အရသာပြင်းတဲ့ ကော်ဖီအိုးထဲကို ၂၄ နာရီစိမ်ထားပြီးမှ ကင်မယ်ဆိုရင်လည်း အရမ်းကောင်းပါတယ်။

9 ဒိန်ချဉ်
ဒီနည်းလမ်းလေးကလည်း တော်တော်များများသိထားပြီးသား နည်းလမ်းလေး တစ်ခုဖြစ်နေမှာ အသေအချာပါပဲ။ ဒီနည်းလမ်းလေးက အထူးတလည်ရှင်းပြစရာမလိုအောင် ဒိန်ချဉ်နဲ့ နယ်ထားတဲ့ အသားကို ချက်လိုက်ရင် အရမ်းကို နူးညံ့တဲ့ အသားဟင်းတစ်ခွက် ရရှိမှာပါ။

10 နာနတ်သီး၊ ကီဝီသီးနဲ့ သင်္ဘောသီး
ဒါကလည်း ထူးဆန်းတဲ့ နည်းလမ်းတစ်မျိုးပါပဲ။ အသားတွေကို မချက်ခင် အသီးတွေနဲ့ နာရီအနည်းငယ်နယ်ထားပြီးမှ ချက်လို့ရပါတယ်။ 

အခုပြောပြပေးတဲ့ နည်းလမ်းတွေထဲမှာ သိပြီးထားတာလည်း ရှိနိုင်သလို အခုမှ သိတာလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်လည်း နောင်ပြန်ကြည့်လို့ရအောင် ဒါမှမဟုတ် သူငယ်ချင်းတွေထဲက အသားကို ဘယ်လို နူးညံ့အောင် ချက်ရမလဲ သိချင်တဲ့သူတွေကိုလည်း နည်းလမ်းလေးတွေကို ပြောပြဖို့ share လုပ်ထားလို့ရပါတယ်။

စားသောက်ဆိုင်ကောင်းကောင်းတွေကို ရှာဖွေဖို့ Yathar application ရှိတယ်
Android – https://play.google.com/store/apps/details?id=net.yathar
iOS – https://apps.apple.com/…/yathar-restaurant-gou…/id1249613189

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။