ကျန်းမာ & အလှအပ

Black Coffee နေ့စဉ်သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ

လူတိုင်းနီးပါး Coffee ကြိုက်ကြပါတယ်။ Coffee အမျိုးအစားအများကြီးထဲကမှ Black Coffee ကိုနေ့စဉ်သောက်ရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပါမယ်။

၁ မှတ်ဥာဏ်ကောင်းစေတယ်
အသက်တွေကြီးလာတဲ့နှင့်အမျှ မှတ်ဥာဏ်တွေ လျော့ပါးလာပြီးတော့ Dementia , Parkinson နဲ့ Alzheimer ရောဂါတွေ ပိုဖြစ်လာနိုင်ပါတယ်။မနက်ခင်းမှာ Black Coffee သောက်မယ်ဆိုရင် ဦးနှောက်ကို နိုးကြားစေပါတယ်။ Black Coffee ကိုနေ့စဉ်သောက်ရင် Alzheimer ရောဂါကို ၆၅% လျော့ချစေနိုင်ပြီးတော့ Parkinson ရောဂါကို ၆၀% လျော့ချစေနိုင်ပါတယ်။

၂ အားကစားပိုလုပ်နိုင်တယ်
Black Coffee ရဲ့ နောက်ထပ် အကြီးမားဆုံးအကျိုးကျေးဇူးတစ်ခုက Black Coffee ကို GYM မလာခင်သောက်ထားမယ်ဆိုရင် အားကစားလုပ်တဲ့အခါ ပိုပြီးခံနိုင်ရည်ရှိပါတယ်တဲ့။

၃ အသည်းအတွက်လည်း အကျိုးရှိတယ်
ခန္ဓာကိုယ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုအလုပ်လုပ်ပေးနေတဲ့ အသည်းက Black Coffee ကိုကြိုက်တာ သိပြီးပြီလား။ Black Coffee က အသည်းကင်ဆာ၊ အသည်းအဆီဖုံးတာနဲ့ အရက်သောက်လို့ အသည်းပျက်ဆီးတာကိုလည်း ကာကွယ်ပေးပါတယ်။ လူတစ်ယောက်က တစ်နေ့မှာ Black coffee 4 ခွက်နဲ့အထက်သောက်ရင် အသည်းရောဂါဖြစ်ပွားနှုန်းကို ၈၀% အထိလျော့ချပေးနိုင်ပါတယ်။

၎ အစာအိမ်ကို သန့်ရှင်းပေးတယ်
Black Coffee ကို သကြားမပါပဲသောက်ပေးမယ်ဆိုရင် ဘက်တီးရီးယားနဲ့ အဆိပ်တွေကို ဖယ်ရှားပေးလို့ အစာအိမ်ကို သန့်ရှင်းစေပါတယ်။

၅ နုပျိုစေတယ်
Black Coffee ကို သကြားမပါပဲ သောက်မယ်ဆိုရင် စိတ်နဲ့ခန္ဓာ ကို နုပျိုစေပါတယ်။

Black Coffee ကို သောက်ရင်ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖတ်ပြီးတော့ နောက်ပိုင်း Black coffee သောက်ပြီး ကျန်းမာရေးနဲ့ အလှအပကို ထိန်းသိမ်းလိုက်ကြစို့။

သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ Yathar
Download Link → https://s.yathar.com/apps



About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Senior Content Writer.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
စာရေးရတာ နှစ်သက်တဲ့သူ တစ်ယောက်ဖြစ်ပြီးတော့ ဟာသဥာဏ်ရွှင်လို့ ပျော်ပျော်နေတတ်တဲ့သူလည်းဖြစ်ပါတယ်။ အစားအသောက်ကို ကြိုက်နှစ်သက်တဲ့သူဖြစ်ပြီးတော့ အစားစားနေရရင်လည်း ပျော်နေတတ်သူလေးပါ။