ကျန်းမာ & အလှအပ

နှလုံးသားလေးကို ဂရုစိုက်ကြမယ်

ရင်ဘတ် လက်ဝဲဖက်က နှလုံးကို ဘယ်လို ဂရုစိုက်ကြမလဲ ?

စိတ်လည်းချမ်းသာ ၊ ကိုယ်လည်း ကျန်းမာမှပဲ ရင်ခုန်သံက ပုံမှန်ဖြစ်ဖို့ အလားအလာများပါတယ် ချစ်သောသူတို့။

ဒီတစ်ပတ်မှာတော့ နှလုံးကျန်းမာရေး အတွက် စားသင့်တဲ့ အစားအစာလေး တွေ ပြောပြပါ့မယ်။

(၁) Dark Chocolate

တော်တော်များများ ညွှန်းကြပါတယ်။ အဓိက က Milk Chocolate , Dark Chocolate ဆိုတာထက် Chocolate မှာပါဝင်တဲ့ ကို့ကိုး စေ့ဆိုတာလေးက အသက် ၊ 70% Cocoa ပါတဲ့ ဘယ် Chocolate မဆို နှလုံးအတွက် အထောက်အကူပေးပါတယ် ၊ ကောင်မလေး ၀ယ်ကျွေးလည်း မဆိုးဝူးပေါ့။

(၂) အစိမ်းရောင် အသီးအရွက်

အဆီနည်းပြီးတော့ ဗီတာမင်များတဲ့ အစိမ်းရောင်အသီးအရွက်တွေ ဟာဆိုရင် နှလုံး ရဲ့ သွေးလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေတဲ့ အဆီတွေ ကို လျော့နည်းစေပါတယ်။ စားသင့်တဲ့ အရာတစ်ခုပေါ့။

(၃) Soy

ပဲပိစပ်ဟာ ဆိုရင်ဖြစ် နှလုံးသွေးကြောကျဉ်း တာ၊ နှလုံးသွေးကြောပိတ်တာတွေ ကို လျော့နည်းစေ တယ်။ နှလုံးကြွက်သားကို အားတိုးစေတာလေးဆိုတော့ ပဲပိစပ်ကို ဆီလို စားကြသလို ၊ ချက်ပြုတ်စားတာတွေလည်းရှိပါတယ်။

(၄) Red Wine

Red Wine စစ်စစ်က စိတ်ဖိစီးမှုတွေ ၊ နှလုံးကြွက်သား အားနည်းတာတွေ ကို လျော့နည်းစေတဲ့ အပြင် သွေးလည်ပတ်မှုကိုလည်း ပိုမိုလှုံဆော်ပေးပါတယ်။ Red Wine စစ်စစ်ဖြစ်ဖို့ လိုပြီးတော့ ဟိုမုန်းလှုံဆော်မှု ကို အားပေးပါတယ်နော်။

(၅) ဘယ်ရီသီး

ဘယ်ရီသီး အမျိုးအစားဝင်တွေက သွေးအားကောင်းစေတဲ့ Red Cell ကို အထောက်အပံ့ ပေးပြီးတော့ သွေးသန့်စင်မှုကို အားကောင်းစေပါတယ်။ ဘယ်ရီကို အသီးအပြင် ၀ိုင် အနေနဲ့ လည်း စားသောက်နိုင်ပါတယ်။

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!