အင်တာဗျူး

Customer တွေအတွက် စေတနာကို အဓိက ထားတဲ့ ကံကော်ဖြူ

မြန်မာ့အစားအစာတွေကို သန့်သန့်ရှင်းရှင်းနဲ့ ကျန်းမာရေးညီညွတ်အောင် ရောင်းချပေးနေတဲ့ ကံကော်ဖြူဆိုင်ကို ဘယ်လိုတည်ထောင်ခဲ့လဲ၊ ဘယ်လိုအခက်အခဲတွေအပြင် Customer အပေါ်ဘယ်လို စတေနာလေးတွေနဲ့ ရောင်းချပေးနေလဲဆိုတာ မေးမြန်းခဲ့ပါတယ်။ စားသောက်ဆိုင်တည်ထောင်တော့မယ့်သူတွေအတွက် ဒါမှမဟုတ် စာဖတ်သူတွေအတွက် ဘယ်လောက် အကျိုးရှိလဲဆိုတာ သိဖို့ ဖတ်ကြည့်ကြရအောင်…

Q1 အစ်မနာမည်လေးနဲ့ အစ်မ ဒီကံကော်ဖြူဆိုင်ကို ဘယ်လိုစိတ်ကူးမျိုးလေးနဲ့ စတင်ဖွင့်ဖြစ်တာလဲ။
အစ်မနာမည်က ယဉ်မီမီစိုးပါ။ အစ်မက ကံကော်ဖြူရဲ့ Operation Director ပါ။ အစ်မဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီဆိုင်လေးကိုဖွင့်ခဲ့လဲဆိုတော့ အခုဆို ကမ္ဘာမှာ မြန်မာက ကင်ဆာအဖြစ်များဆုံး ဒုတိယနိုင်ငံပါ။ အဓိက trace ပြန်လိုက်ရင် လူတွေနေ့တိုင်းပါးစပ်ထဲထည့်နေတဲ့ အစားအသောက်တွေကို ကျန်းမာရေးနဲ့မညီဘူးဖြစ်နေတယ်။ ဥပမာ အပူနဲ့ဓာတ်ပြုတဲ့အခါ Chemical တွေထွက်လာတတ်တဲ့ ကျွတ်ကျွတ်အိတ်နဲ့ထည့်တာ၊ အချိုမှုန့်ကို အလွန်အကျွံသုံးတာ၊ နောက် စားအုန်းဆီလို့တောင်ခေါ်လို့မရတဲ့ ဆီခဲကြီးတွေသုံးတာမျိုးပေါ့။ အဲ့ဒါကြောင့် အစ်မက အဲ့ဒါတွေကို တိုက်ဖျက်ချင်တာ။ အစ်မဆိုင်စဖွင့်ကတည်းက အချိုမှုန့်၊ ကြက်သားမှုန့်လည်း မသုံးဘူး။ အသီးအရွက်ဟင်းခတ်မှုန့်ကိုသုံးတယ်။ နောက် ထိုင်းငံပြာရည်ကိုသုံးတယ်။ ဆီဆိုရင်လဲ နေကြာဆီနဲ့ မြေပဲဆီစစ်စစ်နှစ်မျိုးကိုပဲဟင်းချက်တဲ့နေရာမှာအသုံးပြုတယ်။

Q2 ဒီဆိုင်မှာ ဘယ်လိုအစားအစားမျိုး အဓိကရလဲ။
အဓိက မနက်စာနဲ့ နေ့လည်စာတွေ ဆိုင်မှာရပါတယ်။  အမတို့ရောင်းတဲ့ အစားအစာအများစုက ဗမာအစားအသောက်လေးတွေပါ။ အမတို့ မြန်မာတွေအများစု စားကြတဲ့ မနက်စာ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ အစုံသုပ်၊ ရှမ်းခေါက်ဆွဲ အစရှိသည်ဖြင့်ပေါ့နော်။ အမ ဆိုင်စဖွင့်တုန်းက တစ်ချို့ကပြောတယ် တစ်ခုကောင်းလုပ်ပါလားပေါ့ ဥပမာ- ဒီဆိုင်မှာ ဘာအစားအသောက်နဲ့နာမည်ကြီးအောင် လုပ်မလဲပေါ့။ အမက အဲ့လိုမလုပ်ချင်ဘူး။ အမဆိုင်က ဘာလေးဖြစ်ဖြစ်စားကောင်းစေချင်တယ်။ ကော်ဖီ လက်ဖက်ရည်ကအစ နေ့လည်စာအဆုံးပေါ့။ အဓိကက အချိုမှုန့်၊ ကြက်သားမှုန့်မသုံးလဲ စားကောင်းအောင် ချက်လို့ရတယ်၊ ရောင်းလို့ရတယ်ဆိုတာ ပြချင်တာ။  အချိုမှုန့်ပါတဲ့အစားအသောက်ဆို စားပြီးတာနဲ့ အရမ်းသိသာတယ်။ လည်ချောင်းတွေခြောက်လာတယ်။ ရေငတ်လာတယ်။ ကိုယ်ကိုတိုင်လဲ မစားသလို သူများကိုလဲ အမဆိုင်နာမည်ကြီးဖို့တစ်ခုအတွက်နဲ့ မရောင်းချင်ဘူး။ အမက မနက်စာနဲ့ နေ့လည်စာစားမယ်ဆိုရင် ကံ့ကော်ဖြူကို ပြေးမြင်စေချင်တာ။ အဲ့ဦးတည်ချက်နဲ့ ဆိုင်စဖွင့်ကတည်းက အစားအသောက်တစ်မည်ချင်းဆီကို အမတို့အားထည့်ပြီးတော့ လုပ်တာ။ မနက်စာတို့ နေ့လည်စာတို့ကို စားချင်တယ်ဆိုတိုင်း အစ်မတို့ဆိုင်ကိုပြေးမြင်စေချင်တာ။ ဆိုင်ကတော့ မနက်ဆို ၇နာရီကနေ ညနေ ၅ နာရီထိဖွင့်ပါတယ်

Q3 ဒီဆိုင်ကို စတင်တည်ထောင်ကတည်းက အခုချိန်ထိ ဘယ်လိုအခက်ခဲမျိုးတွေတွေ့ရလဲ။
အခက်အခဲတွေက အများကြီးပဲ။ ပထမဆုံးပြောရရင် စားသောက်ဆိုင်တစ်ခုအတွက် အရေးအကြီးဆုံး တည်နေရာ Location ပေါ့လေ အမဆိုင်က လမ်းအတွင်းထဲတော်တော်ဝင်ရပါတယ်။ ဆိုင်ကို သေချာလာရှာ ရင်တော့ မတွေ့ကြဘူး။ နောက် Space ပေါ့လေ။ အရမ်းကျဉ်းတယ်။ အများသောအားဖြင့် မနက်စာလို အစားအသောက်မျိုးက နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ရောင်းရတဲ့တာမျိုး၊ အမတို့မှာ ကျဉ်းကလဲကျဉ်း အတွင်းကလဲ ရောက်ဆိုတော့ Customers တွေကို တော်တော်အားနာရတယ်။ စဖွင့်တုန်းကဆို Customer မလာလို့ ငုတ်တုတ်ကို ထိုင်နေရတဲ့ ရက်တွေတောင်ရှိတယ်။ နောက် HR ပေါ့နော်။ လူထိန်းရတာ အရမ်းခက်တယ်။ သင်ပေးလိုက်ပြန်ပြီ ထွက်သွားပြန်ပြီနဲ့ အမတို့မှာ ၁ နှစ်ကျော်သာကြာလာတယ် ခုထိ သင်လို့မပြီးသေးဘူး အဲ့တော့ အမတို့မှန်းထားသလောက် Customer ကို ဝန်ဆောင်မှုမပေးနိုင်ဘူး။ နောက်တစ်ခုက Competition အရမ်းပြင်းထန်တာပေါ့နော်။ အဲ့ဒီကြားထဲက ခုလိုအချိန်ကြီးမှာ အမတို့လို ဆိုင်သေးသေးလေးက Brand ပေါက်အောင်ဖောက်ဖို့ဆိုတာ တော်တော့်ကိုမလွယ်ကူတဲ့အရာပါ။

အစ်မတို့မှာ အားသာတဲ့အချက်က အစ်မတို့ပေးချင်တဲ့အရသာ ပေးချင်တဲ့ message ကို Customer က သဘောကျတယ်။ အမတို့ရောင်းတဲ့အစားအသောက်ကို တကယ်ကြိုက်တယ်။ တစ်ဆင့်စကားနဲ့ တကူးတက လာကြတယ်။ ဒီဆိုင်က လက်ဖက်ရည်မှမဟုတ်ရင် မသောက်ရရင် မနေနိုင်ဘူးတို့ဘာတို့ ပြန်ကြားရင် ဘယ်လောက်ပဲ စိတ်ပင်ပန်းပန်း အကုန်ပျောက်တယ်။ တကူးတက ဒီလိုဆိုင်ပိစိလေးကို နေ့တိုင်းလာအားပေးနေတဲ့ Customer တွေအကုန်လုံးကို ရင်ထဲကနေ ကျေးဇူးတင်ရပါတယ်။

Q4 Customer နည်းတယ်ဆိုတဲ့အပေါ်မှာရော အစ်မဘယ်လိုမျိုး handle လုပ်လဲ။Customer နည်းတယ်ဆိုတဲ့အပေါ် အစ်မတို့ စဉ်းရတာပေါ့နော် စဖွင့်ကတည်းက Delivery လုပ်တယ်။ Customer အိမ်အရောက်၊ ရုံးအရောက်ပို့ပေးတယ်။ အမဆိုင်ကပဲ Delivery Team သပ်သပ်ထားပြီးကို ပို့ပေးတာ။ ပြီးတော့အစ်မ catering ပိုင်းလည်းလုပ်တယ်။ Catering မှာလည်း အမတို့မူအတိုင်း ကြက်သားမှုန့်၊ အချိုမှုန့်မသုံးဘူး။ နေကြာဆီစစ်စစ်ကိုသုံးတယ်။ Customer မြင်တာမှမဟုတ်ပဲ သူများနဲ့အပြိုင်အမဈေးလျှော့ယူပြီး လုပ်လို့ရတာပဲ။ ဒါပေမယ့် အမတို့ မလုပ်ဘူး။ သူများထက် ဈေးများကောင်းများမယ်။ ဒါပေမယ့် အမတို့ရောင်းတဲ့အစားတစ်လုတ်ကြောင့် Customer အပေါ်မှာ ဘာဘေးမှ မဖြစ်စေရဘူး။ အဲ့ဒီမူအတိုင်း အမတို့သွားတယ်။ အဲ့ဒါတွေကြောင့်ပဲ အစ်မ အမြတ်နည်းတယ်။ ဒါပေမယ့်လည်း အစ်မအဲ့လိုလုပ်နေရတာပျော်တယ်။ အစ်မတို့ဆိုင်ကဆို ဈေးက ပုံမှန်ထက် ၅၀၀ လောက်ပိုနေကောင်းပိုနေလိမ့်မယ်။ ဒါပေမယ့် အစ်မ အစားအသောက် Quality ပိုင်းမှာ အာမခံတယ်။ အဲ့ဒါကြောင့် ၅၀၀ လောက်ပိုသုံးလိုက်။ ဒါပေမယ့် အဲ့အစားတစ်နပ်က ဘယ်တော့မှ အဆိပ်တစ်ခွက် မဖြစ်စေရဘူး။ အဲ့ဒါကို အစ်မက message ပေးချင်တာ။

Q5 Delivery လုပ်တဲ့အပိုင်းမှာရော နီးနီးနားနားပဲလား၊ တခြားကိုရောပို့ပေးသေးလား။
လောလောဆယ်တော့ ဒီအနီးအနားတစ်ဝိုက်( ဘောက်ထော်)ဆို အမ ၂၀၀ ဖိုးမှာလဲ ပို့တယ် ၅၀၀ ဖိုးမှာလဲပို့တယ်။  ရန်ကင်း၊ တောင်ဥက္ကလာအထိပို့ပေးတယ်။ ဒါတောင်မှ နေ့လည်ထမင်းစားချိန်ဆို အမတို့မှာ လူမလောက်ဘူး။ တခြားမြို့နယ် ဝေးဝေးလံလံကြီးကိုတော့ အမတို့ မပို့နိုင်သေးပါဘူး။     

Q6 Customer တွေအတွက်ရော ဘယ်လို service မျိုးတွေလုပ်ပေးသေးလဲ။
အရမ်းကြီးထူးထူးထွေထွေတော့ မရှိပါဘူး။ ဆိုင်မှာထိုင်ရင် Detox Water လေးချပေးတယ်။ မုန့်လဲစားရင်း၊ Detox လဲလုပ်စေချင်တဲ့အနေနဲ့ပါ။ အဲ့အချက်ကို စားသုံးသူတော်တော်များများ သဘောကျကြတယ်။ အစ်မတို့က အဓိကအနေနဲ့ Customer တွေအပေါ်မှာ စေတနာနဲ့ပဲရောင်းတယ်။ ကျန်တာကတော့ အပေါ်မှာပြောခဲ့သလို Catering တို့ Delivery တို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို လုပ်ပေးပါတယ်။

Q7 နောက်ထပ်ရော ဘာတွေဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။
နောက်ထပ် Catering ပိုင်းကို အဓိကသွားချင်တယ်။ သူများတွေအတွက် အစားအသောက်လေးတွေ စီစဉ်ပေးရတာကို အမက သဘောကျတာ။ သင်တန်းတက်၊ Meeting တက် ရတာ အရမ်းဦးနှောက်ခြောက်တယ်၊ ပင်ပန်းတယ် အဲ့လိုလူတွေကို အမက အစားအသောက်ကောင်းကောင်းလေးစားစေချင်တာ၊ ပျော်စေချင်တာ။ ဆိုင်ကိုလဲ Menu တွေထပ်တိုးဖို့ အစီအစဉ်ရှိတယ်။ Delivery လဲပိုဝေးတဲ့နေရာကို ပို့ပေးဖို့ စီစဉ်နေပါတယ်။

Q8 နောက်ဆုံးမေးခွန်းအနေနဲ့ Yathar နဲ့ လက်တွဲဖို့ ဘယ်လိုစိတ်ကူးမျိုးလေးနဲ့ လက်တွဲဖြစ်တာလဲ။
Yathar က နာမည်ရှိပြီးသား Brand တစ်ခုပေါ့။ အစ်မ Customer တွေကို အစ်မအပေါ်မှာပြောခဲ့တာလေးတွေကိုလည်း Message ပေးချင်တာကြာပါပြီ။  အဲ့ဒါကြောင့် အစားအသောက်နဲ့ပတ်သက်ပြီး  နာမည်ရပြီးသား Yathar နဲ့လက်တွဲဖို့ စိတ်ကူးမိတာပါ။

အခုလိုကျန်းမာရေးနဲ့ညီညွတ်ပြီး စေတနာထားတဲ့ ကံကော်ဖြူမှာ မနက်စာနဲ့ နေ့လည်စာတွေကို စားပြီးကျန်းမာတဲ့ life တစ်ခုကို ဖန်တီးချင်ပါတယ်ဆိုရင်တော့

ဆိုင်လိပ်စာ – အမှတ် ၁၂၊ အဝေရာလမ်း ဘောက်ထော် ရန်ကင်းမြို့နယ်
ဖုန်းနံပါတ် – 09 40 44 55 234
Facebook Link – https://www.facebook.com/KantKawPhyu12/ကနေ ဆက်သွယ်မှာယူ သုံးဆောင်နိုင်ပါတယ်။

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။