ကျန်းမာ & အလှအပ လမ်းကြောင်းသစ်


Zawgyicode









ဓာတ်ကြီးလေးပါး ကို ထိန်း ညှိပေးသော အစားအစာ
လူခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော စသည် ဓာတ်ကြီးလေးပါ မျှတ နေမှ သာ လူလည်း ကျန်းမာ စိတ်လည်း ချမ်းသာမည်။


နေ့စဉ်စားသုံးနေသော အာဟာရ များထဲ တွင် ဓာတ်ကြီး လေးပါး ကို ထိန်းညှိ စေသော အစားအသောက်များ စွာ ပါဝင်သည်။


ချိုဆိမ့်သောအရသာတွင် ပထဝီ နှင့် အာပေါဓာတ် ပါဝင်သောကြောင့် ရေငတ်ချင်း၊ မူးဝေခြင်း၊ အဆိပ်သင့်ခြင်း၊ အပူလောင် ခြင်းတို့ ကို ပျောက်ကင်းစေသည်။ တန်ဆေး လွန် ဘေးဆိုတဲ့ အတိုင်း အလွန်အမင်းစားသောက်မိပါက ဆီးများခြင်း၊ အသံဝင်ခြင်း၊ ချောင်းဆိုးခြင်း၊ လိပ်ခေါင်း နှင့် ဆီးချို ရောဂါ များ ခံစားရနိုင်သည်။


ပထဝီနှင့် တေဇော ဓာတ် တွေ ပါဝင်တဲ့ အချဉ်ဓာတ်ဟာ ဆိုရင် အစာကြေခြင်းနှင့် လေရောဂါ၊ ဝမ်းရောဂါတို့ ကို ပျောက်ကင်းစေတတ်သည်။ အချဉ် ဓာတ်လွန်ကျူး ပြန်လျှင်လည်း ပျို့အန်ခြင်း၊ ရေငတ်ခြင်း၊ မူးဝေခြင်း၊ လူကို ပိန်စေခြင်း၊ ဝမ်းပျက်ဝမ်းလျော ဖြစ်စေသည်။


အစပ် အရသာ တွင် တေဇော နှင့် ဝါယော ပါဝင်ပီး အစာမကြေခြင်း၊ ဖောရောင်ခြင်း၊ ယားယံခြင်း၊ အနာပေါက်ခြင်းတို့ ကို ပျောက်ကင်းစေသည်။ အစပ်လွန် ကဲပြန်လျှင် အားအင်ကုန်ခမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်ပူခြင်း၊ နှုတ်ခမ်းကွဲ ခြင်း စသော လက္ခာများ ခံစားရတတ်သည်။


အာပေါဓာတ်နှင့် တေဇော ဓာတ် ပါသော အငန်အရသာတွင် ဆီး၊ လေ၊ ဝမ်း ကို မှန်စေသည်။


အငန်လွန် လျှင်လည်း ဖောခြင်း၊ သွေးထိုးခြင်း၊ ဆံပင်ကျွတ်ခြင်း များ ခံစားရနိုင်သည်။
ဘယ်အစားအစာ ကို မဆို ပိုလွန်စားချင်း သည် လည်း မကောင်းသလို လျော့နည်းစွာ စားသုံးရန်လည်း မသင့်တော်ပါဝူး။ ကံ ဥတု အာဟာရ သုံးပါးလုံးညီမျှမှာသာ သက်ရှည်ကျန်းမာနိုင်ပေမည်။

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!