လမ်းကြောင်းသစ်

Day of Coffee (2)

ရှေ့ မဂ္ဂဇင်းမှာတော့ Hot Coffee Type (၉) မျိုး အကြောင်း ပြောပြပြီးပြီ ဆိုတော့

ဒီတစ်ခုမှာတော့ နောက်ထပ် (၇) မျိုးထပ်ပြောပြမယ်။

ဒီတစ်ခေါက်မှာတော့ ထူးထူးခြားခြား ၀ီစကီ နဲ့ရောတဲ့ Coffee တွေ ၊ Ice Cream Coffee တွေ ပါပါလာတော့မယ်။

(၁) Lungo

Espresso ကို Deep ဖြစ်အောင် ခွက် အပြည့် (သို့) ခွက် အရှည်နဲ့ ဖြည့်ထားတယ်။ ကဖင်း ဓာတ် အပြည့် လိုချင်တဲ့ အခါမျိုး ၊ ဇိမ်ကျကျ နဲ့ နှပ်သောက်ချင်တာ မျိုးဆို Lungo ကို ရွေးချယ်သင့်တယ်။

(၂) Macchiato

Macchiato ကတော့ ခွက်အပေါ်လေး မှာ အမြုပ်လေးတွေ ရှိတဲ့ Espresso Base Coffee လေးပါ။

Smooth & Strong နှစ်မျိုးလုံးပေး နိုင်တဲ့ Coffee Type မျိုးပေါ့။

(၃) Mocha

ချောကလပ် ၊ချောကလပ် ပေါက်ထွက်သွားသလို ပဲ။ Mocha Coffee ဆိုတာ က Coffee နဲ့ Chocolate ပေါင်းစပ်ထားတဲ့ Coffee အမျိုးအစား ။

(၄) Ristretto

Lugo တို့ ၊ Espresso တို့ လိုပဲ ၊ Ristretto ဟာ ခါးသက်သက် နဲ့ တစ်ငုံထည်း Little Shot ပဲပါလို့ ထိချက်ပြင်းစေ မှာ အသေအချာ ပဲ ။

(၅) Flat White

Cappuccino လိုတော့ မဟုတ် ပေမယ့် ၊ Steamed Milk တ၀က် Espresso တစ်ဝက် နဲ့ အခါးသိပ်မကြိုက်တဲ့ သူတွေ အတွက် သောက်ကောင်းမယ့် Flat White လေးပါ။

(၆) Affogato

ထူးခြားမှုက ဒီက စပြီ ဗျာ ၊ Ice Cream နဲ့ Coffee ရောထား တဲ့ Affogato Coffee ပါ။ Ice Cream Flavor မျိုးစုံရွေးချယ်လို့ ရပြီးတော့ Espresso Base ပါ။

(၇) Irish

ဒါကတော့ Irish ဆိုတဲ့ နာမည်လေး နဲ့ လိုက်တဲ့ ရီဝေေ၀ Coffee မျိုးလေး ၊ တစ်ခြား Coffee တွေလို မဟုတ်ပဲ Whiskey နဲ့ Black Coffee Mix ထားတဲ့ အမိုက်စား Coffee ပဲလေ။

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!