လမ်းကြောင်းသစ်


မနက်စာပုံမှန်စားရန်




ရေသောက်ဖို့ မမေ့ရန်






Yathar Magazine

ခရီးသွားရင်း ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန်များ


မနက်စာပုံမှန်စားရန်


နေ့တနေ့ ရဲ့ ခွန်အားကို မနက်စာ က ရတာဖြစ်လို့ ခရီးသွားနေရင်းလည်း မနက်စာကို မဖြစ်မနေစားသုံးပေးသင့်ပါတယ်။ တနေကုန် လန်းဆန်းနေစေဖို့ မနက်စာကို အားရှိစေမယ့် မနက်စာမျိုးကို ရွေးချယ်ရပါမယ်။ ခရီးထွက်နေတဲ့ အချိန် မှာတော့ ဝမ်းပျက်လွယ်တဲ့ နို့ နဲ့ နို့ထွက် ပစ္စည်းကို တတ်နိုင်သမျှ ရှောင်စေချင်ပါတယ်။


မသန့်ရှင်းသောလမ်းဘေး အစားအစာ များ ရှောင်ရန်


ခရီးထွက် ရင်း ဒေသထွက်အစားအစာတွေ ကတော့ စားကြမှာပါ။ သို့ပေမဲ့ ယင်နားထားသလား၊ သန့်ရှင်းမှု ရှိမရှိကို တော့ သတိ နဲ့ ယှဉ်ပီးစားသောက်ရမှာပါ။ ဒေသ ထွက်ဆိုပေမဲ့ ကိုယ်နဲ့ တည့်မတည့် တော့ ချင်ချိန်သင့်မှာတယ်။


ရေသောက်ဖို့ မမေ့ရန်


ရေအသက် တမနက် ဆိုတဲ့ စကားက ခရီးထွက် ရင်ပိုအရေး ကြီးပါတယ်။ ရေသန့် အလွယ် တကူ မရနိုင်တဲ့ နေရာတွေ မှာတောင် ရေသောက် ဖို့ အတွက် ကို ရေဗူး ဆောင် သွားသင့်ပါတယ်။ ချွေးထွက် ပီး ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့ အရေးကြီးပါတယ်နော်။


အနားယူ ချိန်မှာ အပြည့်အ၀ အနားယူရန်


ခရီးတခု ထွက်လို့ အိပ်ရတော့မယ့် အချိန် မှာ အပြည့်အ၀ အနားယူပေးပါ၊ ခရီး ပန်းလာတဲ့ ပင်ပန်းမှု ကို ဖြေလျော့ ဖို့ အကောင်းဆုံး နည်းလမ်း ပါ။ အိပ်ရာ ဝင်ခါနီး ရေ နွေးနဲ့ ရေချိုးချင်း ၊ ခြေထောက် စိမ်ချင်း ပြု လုပ်ချင်းဖြစ် နှစ်ခြိုက်စွာအိပ်ပျော်စေမှာပါ။


သောက်သုံးနေကြဆေးဝါးများ မမေ့ရန်


မိမိအတွက် မရှိမဖြစ် သောက်သုံးနေကြ ဆေးဝါးများ( သွေးထိန်းဆေး၊ ပန်းနာရင်ကျပ်သုံးစပရေး၊ နှလုံးဆေး ) စသည်တို့ ကို သေချာ ဦးစားပေးအနေနဲ့ ယူဆောင်သင့်ပါတယ်။

Yathar Magazine

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!