လမ်းကြောင်းသစ်

Junko Suwa san နှင့် yathar Commercial Movie ပူးပေါင်းလှုပ်ရှားမှုနောက်ခံပုံရိပ်များကို လိုက်ပါခံစားနိုင်အောင်အားလုံးကို ဖော်ပြ ပေးပါရ စေ နော်။

မိတ်ဆွေ ၃လပိုင်းအတွင်း facebook, YouTube စတဲ့နေရာတွေကနေ အကြိမ်ပေါင်းများစွာဖော်ပြနေတဲ့ yathar ရဲ့ Commercial Movie ကိုကြည့်ပြီးကြပြီလား? JJJ

ဒီCMထဲမှာတော့ မြန်မာနိုင်ငံမှာအနုပညာအလုပ်တွေကိုလှုပ်ရှားနေတဲ့ ဂျပန်အဆိုတော်မလေး Junko Suwa san ကတော့ အဓိကပါဝင်လှုပ်ရှားသူအဖြစ်ပါဝင်ခဲ့ပါတယ်။ Junko Suwa san ကိုလဲကျေးဇူးတင်ပါတယ်။
m(_ _)m

ဒီတခေါက် yathar Magazine မှာတော့ ပုံမှန်အားဖြင့်ဖော်ပြလေ့မရှိတဲ့ Commercial Movie ရိုက်ကူးလှုပ်ရှားပုံအဆင့်ဆင့် ကိုဖော်ပြပေးသွားမယ်နော်😊😊😊

ရိုက်ကူးရေးကိုတော့ မနက်(၆)နာရီခွဲတွင် သုဝဏ္ဏမြို့နယ်က လူကြိုက်များတဲ့စားသောက်ဆိုင်ဖြစ်တဲ့「Native Kitchen Food House」 ကနေစတင်ခဲ့တယ်

ပုံမှန်နှင့်မတူ ထူးခြားတာက မနက်စောစောဧည့်သည်မရှိသေးတဲ့အချိန်စတင်ခဲ့ပေမယ့် အဓိကပါဝင်လှုပ်ရှားတဲ့ ချစ်စရာကောင်းတဲ့Junko Suwa san ကတော့တက်တက်ကြွကြွစတင်လှုပ်ရှားလာပါတော့တယ်❤️❤️❤️

ပရော်ဖက်ရှင်နယ်ဆိုသလိုပဲ အလုပ်မှာ အချိန်လစ်ဟင်းမှုမရှိအောင် ဆံပင်အလှပြင်ဆင်နေချိန်မှာတောင် မြန်မာစကားဒိုင်ယာလော့ခ် မှတ်မိဖို့အတွက်ဆက်တိုက်လေ့ကျင့်နေတာကိုတွေ့မြင်ခဲ့ရတယ်☺️☺️☺️

ရိုက်ကူးရေးတာဝန်ခံ ဒါရိုက်တာအဖြစ် Wattan Flim Festival exhibition မှာရိုက်ကူးရေး「MOHINGAR TAPWE」ကိုတာဝန်ယူလှုပ်ရှားခဲ့ပြီး ယခုလက်ရှိမှာတော့ ဂျပန်မြန်မာသာသရုပ်ရှင်「The Golden Rockers」ဒါရိုက်တာတဖြစ်လဲ၊ မြန်မာရုပ်ရှင်လုပ်ငန်းမှာ ရင်းနှီးကျွမ်းဝင်လာတဲ့ ဒါရိုက်တာ Yuko Hirata san အဖွဲ့လိုက်လှုပ်ရှားမှုအဖြစ် 「MAKE SENSE Entertainment」အဖွဲ့တို့ပါဝင်လှုပ်ရှားခဲ့ပါတယ်

Suwa san ရဲ့ အသေးစိတ်တိကျမှုရှိခြင်း၊ သူမ၏ကောင်းကွက်နှင့်ပေါင်းသင်းဆက်ဆံမှုကတော့ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံခဲ့တယ်

ဒီလိုနဲ့ ရှူတင်ကိုဆက်လက်လှုပ်ရှားခဲ့ပြီး ဒုတိယနေရာဖြစ်တဲ့ Junction City ၃လွှာမှာရှိတဲ့ တရုတ်အစားအစာ တွေရနိုင်တဲ့ 「Crystal Jade Kitchen」ဆိုင်သို့ဆက်လက်ချီတက်ခဲ့ပါတယ်

Yatharကိုအသုံးပြုနေတဲ့ဆိုင်သို့ရောက်ရှိပြီဆိုတာနှင့် ရိုက်ကူးရေးစတင်ပါတော့တယ်။

Suwa sanရဲ့သရုပ်ဆောင်ချစ်စရာကောင်းလွန်းချက်က yatharရဲ့ ၀န်ထမ်းတွေတောင်မနေနိုင်အောင် ဓာတ်ပုံရိုက်ကူးရေးမှာ လှုပ်ရှားသက်ဝင်လာပါတော့တယ်။ yathar ဘက်က အကြောင်းလေးပါသွားလို့ sorry နော်သူငယ်ချင်းတို့ရေ 😙😙😙

နောက်ဆုံးရိုက်ကူးရေးသို့ Myanmar Plaza က ကိုရိးယားစားသောက်ဆိုင်လို့ပြောကြမယ်ဆိုရင် လုံးဝမရိုးသွားမယ့်! 「Yoogane Korean Restaurant

မနက်ကနေ ညနေထိ တနေ့တာလုံး အချိန်ဇယားမပြောင်းလဲလှုပ်ရှားခဲ့ပြီး ပင်ပန်းတဲ့မျက်နှာတချက်မပြတဲ့ Suwa san ရဲ့ လေးနက်တဲ့နှလုံးသားနှင့်တာဝန်ယူမှုအပေါ် ဦးညွတ်ရလောက်အောင် လေးစားစရာ ကောင်းပါတယ်။

ဒီမှာတော့ အားလုံးကစောင့်မျှော်နေကြတဲ့ ဗီဒီယိုလေးကတော့ ¯¯¯¯¯ကြည့်ရှူပေးကြပါအုံးနော်

yathar CM / Native Kitchen 15sec ver. / Junko Suwa
yathar CM / Native Kitchen 1min ver. / Junko Suwa

အပေါ်မှာဖော်ပြခဲ့တဲ့ ဗီဒီယိုကတော့ Native Kitchen ver. ဖြစ်ပြီး နောက်လတွေမှာလည်း Crystal Jade Kitchen ver. , Yoogane Korean Restaurant ver. ကိုလည်းဆက်လက်ပြသသွားမည်ဖြစ် သဖြင့်စောင့်မျှော်ကြည့်ရှူပေးပါအုံ

စားသောက်ဆိုင်တွေကို လွယ်ကူစွာရှာဖွေနိုင်တဲ့ Yathar

Yathar App Download Link → https://s.yathar.com/apps
Starring Suwa Junko Myanmar Japan Page
Produced by MAKE SENSE Entertainment