စားသောက်ဆိုင် အင်တာဗျူး

KBZ Entrepreneur of the Year 2019 ရဲ့ nominees 3 ယောက်ထဲ ပါဝင်တဲ့ NooDi Noodle ရဲ့ ပဲ့ကိုင်ရှင် မမြတ်ဖူးဝေ နှင့် တွေ့ဆုံမေးမြန်းခြင်း

NooDi Noodle ဆိုတာနဲ့ မသိသူမရှိလောက်အောင် စားကောင်းတာသိတယ်ဟုတ်။ ကျွန်မတို့ Yathar Team မှ Myanmore က ကျင်းပပြုလုပ်တဲ့ KBZ Entrepreneur of the Year 2019 ပွဲမှာ nominees ၃ ယောက်ထဲမှာ ပါဝင်တဲ့ NooDi Noodle ပဲ့ကိုင်ရှင် မမြတ်ဖူးဝေနှင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး – NooDi ကို ဘယ်လို idea နဲ့ ဘယ်နှခုနှစ်က စတင်ခဲ့တာလဲ။

ဖြေ – NooDi ကို ၂၀၁၇၊ အောက်တိုဘာလမှာ စတင်ခဲ့တာပါ။အဲ့တုန်းက အစ်မ သူငယ်ချင်းနဲ့ အလုပ်စလုပ်ဖို့ တိုင်ပင်ခဲ့တာ။ဘယ်လိုစလုပ်ဖြစ်တာလဲဆိုတော့ အဒေါ်တစ်ယောက်အိမ်မှာ အလှူလုပ်ရင်း ပုံမှန်ကော်ရည်ခေါက်ဆွဲမျိုးမဟုတ်ပဲ ငါးပိထောင်းနဲ့စားလို့ရမှန်း သိခဲ့တာ။အဲ့နောက်ပိုင်း အစ်မက ကိုယ်တိုင်ဟင်းချက်တာ ၀ါသနာပါတော့ ကိုယ်တိုင်စမ်းချက်ရင်း ရိုးရိုးပလိန်းကြီးမချက်ပဲ မှိုခြောက်လေးတွေထပ်ထည့်စားရတာ ပိုကောင်းတယ်ဆိုပြီး အစ်မ ကွန့်လိုက်တာ။ ကိုယ်တိုင်က Brand အရမ်းလုပ်ချင်တယ်။ ကိုယ်ဘာလုပ်တတ်လဲ ကိုယ့်ကိုကိုယ်မေးပြီး ကိုယ်ကျွမ်းကျင်တဲ့ ဟင်းချက်တဲ့အလုပ်ကိုလုပ်ရင်း မြန်မာနိုင်ငံက ထွက်တဲ့ Brand အနေနဲ့လုပ်ဖို့ idea ရခဲ့တာပါ။

မေး – ဘယ်လို service မျိုး လုပ်တာလဲ။

ဖြေ – စရောင်းတုန်းက Online မှာ စရောင်းတာပါ။ စရောင်းတုန်းက စနေ၊ တနင်္ဂနွေ နှစ်ရက်ပဲရောင်းတာ။ နောက်ပိုင်းနေ့တိုင်းရောင်းဖြစ်အောင် ကြိုးစားတယ်။ ကိုယ်ပိုင် facebook page လေးလည်းထပ်လုပ်ပြီး အဲ့ page မှာလည်း post လေးတွေတင်တယ်။  အစပိုင်းတုန်းကတော့ ခက်ခဲခဲ့တာပေါ့နော်။ Packing အတွက်ကိုတော့ ပါဆယ်ကြွပ်ကြွပ်အိတ်ကြီးနဲ့ မထည့်ပဲ သူများမလုပ်တဲ့ နည်းလမ်းဖြစ်တဲ့ စက္ကူအိတ်နဲ့ စပြီး Packing လုပ်ခဲ့တယ်။ အရင်က ကိုယ်တိုင်လိုက်ပို့တယ်။ လူသိအောင် Marketing လုပ်ပြီးနောက်ပိုင်း ဆိုင်စဖွင့်ဖို့ ကြိုးစားတော့တယ်။၂၀၁၈ ဖေဖော်ဝါရီ ၅ ရက်နေ့က စပြီးဆိုင်ကိုစဖွင့်ခဲ့တယ်။

မေး – KBZ Entrepreneur of the Year 2019 ကို ဘာကြောင့် ပါဝင်ခဲ့တာလဲ။nominees ၃ ယောက်ထဲ ပါဝင်ဖို့ ဘယ်လိုကြိုးစားခဲ့ရလဲ။

ဖြေ – အစ်မက Branch တွေအများကြီးခွဲချင်တယ်။ နောက်ပိုင်း အစ်မတို့ကိုယ်တိုင် သူများကို ပြန်ပေးချင်တာ။ ဆရာဦးအောင်ချစ်ခင်ပြောတဲ့အတိုင်း “ အတွေးဆိုတာ လူတိုင်းက မက်ခွင့်ရှိတယ် ရူးခွင့်ရှိတယ် ကြိုက်သလောက်ရူး “ ဆိုသလို အစ်မ တွေးတယ်။ ကိုယ်က Branch အနေနဲ့ အကြီးကြီးထက်ဖွင့်ချင်တယ်။ အစ်မအနေနဲ့ Voting လေးတွေလုပ်ရင်း NooDi အတွက် Branding လည်း ပိုဖြစ်သွားအောင်ပေါ့။ ကိုယ်တိုင် video recording လုပ်ပြီး ကိုယ်တိုင်ပြင်ဆင်ပြီး ပါဝင်ခဲ့တာပါ။

မေး – ရှေ့ဆက် NooDi  အနေနဲ့ စားသုံးသူတွေအတွက် ဘာတွေဆက်လုပ်ဖို့ရှိလဲ။ စားသုံးသူတွေကိုရော ဘာတွေပြောပြချင်သေးလဲ။

ဖြေ – ကော်ရည်လိုင်းထဲက ထပ်ပြီး menu အသစ်လေးတွေ ထပ်ထုပ်ဖို့ရှိတယ်။ အစ်မက Local Brand အနေနဲ့ Quality တွေကိုလည်း ဆက်ထိန်းထားမှာပါ။အထူးသဖြင့် NooDi ကို  Local မှာ ရတဲ့ ingredients တွေကိုပဲ အဓိကထားပြီး အသုံးပြုထားပါတယ်။ အချိုမှုန့်လုံးဝအသုံးပဲ FDA ရပြီးသားတွေကိုပဲ အသုံးပြုထားပါတယ်။ဆိုင်ခွဲတွေကိုလည်း ထပ်ထည့်ဖို့ ရှိတယ်။ အဓိကက မြန်မာ့အစားအစာဖြစ်တဲ့ ငါးပိထောင်းနဲ့ ဆက်စပ်တဲ့ အစားအစာတွေကို ထပ်ထုပ်သွားမှာပါ။ နောက်ဆုံး ဒီနိုင်ငံမှာ ဘာစားကောင်းလဲ မေးရင်တောင် NooDi လို့တောင် အဖြေရနိုင်စေဖို့ ကြိုးစားသွားမှာပါ။

မနက်ဖြန် နောက်ဆုံးဆိုတော့ NooDi ကို Vote လုပ်ပေးပါဦးနော်။

https://docs.google.com/forms/d/e/1FAIpQLScsWiMhUI1_O08YFIwR59-1LFumMDhl8Pe0SNkUgSCLS_AyZA/viewfor


About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။