ကျန်းမာ & အလှအပ လမ်းကြောင်းသစ်


ZawGyi code












သင်သိပါသလား ?

ဆေးပေါင်း ဘယ် လို ခ သလဲ? ဘယ် အချိန် ခ သလဲ? ဘာ ကြောင့် ခ သလဲ?

Unicode

ဆေးပင်အပေါင်းကို စောင့်သောနတ်တို့သည် တန်ဆောင်မုန်းလအခါတွင် မယ်ဇလီပင်စောင့်နတ်မင်းထံ တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။ ထို့ကြောင့် မယ်ဇလီဖူးကို စားသုံးပါက (၉၆)ပါး

သော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သာရကောမုဒိ” ဆေးကျမ်း တွင်ဖော်ပြထားသည်။

 မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် တွင် မယ်ဇလီဖူး ကို သုပ်၍ စားလေ့ ရှိကြသည်။ နက္ခတ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များပိုမို အစွမ်းထက်သောကြောင့် ဆေးပေါင်းခသည် ည အဖြစ် ရိုးရာယုံကြည်မှု ရှိကြသည်။

ထိုည သန်းခေါင် ယံ အချိန်တွင် ခူးယူ တူးဖော်သော ဆေးပင် ၊ဆေးရွက်၊ အမြစ် ၊ အဖု ၊အဥ တို့သည် ပိုမို အာနိသင်ပြည့်သည်ဟု ဆေးဆရာများက မှတ်ယူကြသည်။

မယ်ဇလီဖူးမှာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်ပါတယ်။ သဘာဝ  ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆိပ်အတောက်တွေ ၊ အူလမ်းကြောင်းထဲက မကောင်းတဲ့ အဆိပ်အတောက်တွေကိုလည်း ကင်းရှင်းစေသည့် အတွက် အူလမ်းကြောင်း ဓာတ်တုံပြန်ခြင်း လွန်ကဲမှု့ကြောင့် ဖြစ်တဲ့ ရောဂါ  များ အတွက် မယ်ဇလီဖူးမှာ ဒီရောဂါတွေကို သက်သာပျောက်ကင်းစေသည်။  ဒါ့အပြင် လိပ်ခေါင်းရောဂါ ရှိသူတွေလည်း စားသုံးသင့်တယ်။

အလှအပ အတွက် လည်း ကိုယ် အလေးချိန် လျော့ ချနိုင်တဲ့ အစွမ်း ရှိတဲ့ မယ်ဇလီဖူးကို စားသုံးချင်းဖြစ်သော်လည်းကောင်း ထောင်းပီး ရလာ သော အရည်ကို အရေပြားရောဂါများ အတွက်သော်လည်းကောင်း အသုံးပြု နိုင်သည်။

တန်ဆေး လွန်ဘေး ဆိုတာရှိသည့် အလျောက် အလွန်အမင်းစား သုံးပြန် လျင် ဝမ်းပျက်ဝမ်းလျောချင်း၊ ရေဓာတ်ဆုံး ရှုံးချင်း စတာတွေ အနည်းငယ် ဖြစ်တတ်ပါတယ်။

အဖူး၊ အပွင့်၊ အရွက်၊ အခေါက်၊ အသီး စသော မယ်ဇလီ၏ တစ်ပင်လုံး သည် ဆေးဖက်ဝင် အနွယ်များအဖြစ် ဆေးဖော်ရာတွင် အသုံးပြု ကြသည်။

ခါးသက်သက် အနည်းငယ်ရှိတဲ့ မယ်ဇလီကို ဆေး၊ မယ်ဇလီဖူး သုပ်၊ မယ်ဇလီဟင်းချို အစ ရှိသဖြင့်

တန်ဆောင်မုန်းလပြည့် ည အခါတွင် ပြုလုပ်စားသုံးကြသည့် မြန်မာ ရိုး ရာ ဆေးပေါင်းခသော ည အချိန် အခါ သမယ ဖြစ်ပေသည်။

အောက်မှာ မယ်ဇလီဖူး သုပ် ပြုလုပ်ပုံ အဆင့်ဆင့် နှင့် ဟင်းချို ချက်နည်း ကို ဖော်ပြထားပါတယ်။

သာယာချမ်းမြေ့သော မိသားစု နှင့် အတူ ပျော်ရွှင်ဖွယ် တန်ဆောင်မုန်းလပြည့် ဆေးပေါင်း ခ သော ည လေး ဖြစ်ကြပါစေ Yathar Group မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!