လမ်းကြောင်းသစ်

Pay Day ကို ဘယ္လို အသံုးခ်မလဲ

ဒီနေ့ဟာ အားလုံးပျော်ရတဲ့ Pay Day နေ့ဖြစ်သလို TGIF နေ့လည်း ဖြစ်တာကြောင့် အကုန်လုံးပျော်ရွှင်နေကြမှာ အသေအချာပါပဲ။ သူငယ်ချင်းတွေနဲ့ ဟိုဟိုဒီဒီ သွားဖို့ Plan ဆွဲထားတဲ့လူတွေအပြင် အခုအချိန်ထိ ဘယ်သွားရမလဲ ဘာလုပ်ရမလဲ မသိသေးတဲ့သူတွေ အများကြီးရှိပါသေးတယ်။ အဲ့လိုမသိသေးတဲ့ သူတွေအတွက် Pay Day ကို ဘယ်လို အသုံးချရမလဲဆိုတဲ့ အသုံးချနည်း နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။

ပထမဆုံး နံပါတ် ၁ အချက်က သူငယ်ချင်းတွေနဲ့ Bar သွားပါ

အလုပ်ပင်ပန်းမှုတွေ၊ Stress တွေကို အကောင်းဆုံး လျော့ချပေးနိုင်တဲ့ နည်းလမ်း နဲ့ Pay Day၊ TGIF နေ့နဲ့ Weekend တိုက်ဆိုင်တဲ့ရက်က အကောင်းဆုံးရက်ပါပဲ။ ဒီလိုနေ့မျိုးမှာ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး ဟီးဟီးဟားဟားနေကြဖို့က အရမ်းကို အရေးကြီးပါတယ်။ တခြားရက်တွေမှာ Bar သွားရတဲ့ feel နဲ့ Pay Day, Weekend နှင့် TGIF တိုက်ဆိုင်တဲ့ရက်က ပိုပြီးထူးခြားပါတယ်။Pay Day မှာ ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲ မသိတဲ့သူတွေအတွက် ပထမဆုံး စဉ်းစားသင့်တာက Bar ဖြစ်ပါတယ်။

နောက်တစ်ချက် အနေနဲ့ “ မိုက်ခဲလုပ်ပါ

ခံစားချက်တွေကို သီချင်းထဲမှာ အတူတူစီးမြောရင်း အသံကုန်ဟစ်ကြဖို့ အကောင်းဆုံး ရက်ကလည်း Pay Day နေ့ဖြစ်ပါတယ်။ တစ်ရက်ဝင် တစ်ပတ်ကြာရင် ပျောက်တတ်တဲ့  သဘောမှာရှိတဲ့ ကိုယ်တွေ ၀င်ငွေမကုန်ခင်လေးမှာ တစ်လမှာ တစ်ရက်ဆိုသလို ခံစားချက်တွေကို ပွင့်ထွက်သွားစေနိုင်တဲ့ မိုက်ခဲဖို့လည်း အရေးကြီးပါတယ်။ မိုက်ခဲတဲ့အခါမှာလည်း မိုက်လုပြီး သီချင်းဆိုရတာ အရမ်းကို ပျော်စရာကောင်းတဲ့ feeling တစ်ခုဖြစ်လို့ အနည်းဆုံး ၃ ယောက်လောက်တော့သွားဖို့လိုမယ်ထင်ပါတယ်။ ဘယ်သူနဲ့ ဘယ်ဆိုင်မှာ ဘယ်လို သီချင်းတွေနဲ့ မိုက်ခဲကြမလဲ။ သူငယ်ချင်းတွေထဲက မိုက်လုတတ်တဲ့ မိုက်ခဲလေးများကို Pay Day မှာ မိုက်သွားခဲကြမလားဆိုတာကို အခုပဲမေးကြည့်လိုက်ပါ။

Pay Day မှာ ခရီးသွားပါ

အခုရာသီဥတုလေးက ခရီးသွားလို့ ကောင်းတဲ့ ရာသီဥတုလေးဆိုရင်လည်း မမှားပါဘူး။ Pay Day ရော Weedend ပါ တိုက်ဆိုင်တာကြောင့် ခရီးတိုလေးထွက်ပေးတာကလည်း အရမ်းကကောင်းတဲ့ နည်းလမ်းတစ်ခုပါ။ Stress တွေကိ ဖြေဖျောက်ဖို့ အကောင်းဆုံးနည်းလမ်းထဲမှာလည်း ခရီးတိုလေးထွက်ပေးတာ ကောင်းပါတယ်။ ဘယ်သူနဲ့ ဘယ်ခရီးကို ဘယ်လိုထွက်ကြမလဲဆိုတာ သူငယ်ချင်းကိုလည်း တိုင်ပင်ကြည့်လို့ရပါတယ်။

သူငယ်ချင်း အုပ်စုလိုက် BBQ စားပါ

ဒီနည်းလမ်းလေးကလည်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး freedom လေး ဖြစ်တာကြောင့် အရမ်းကိုပျော်ဖို့ကောင်းမှာပါ။ အကင်တွေလုမစားဖို့တော့ သူငယ်ချင်းတွေနဲ့ အရင်ဆုံးတိုင်ပင်ထားဖို့တော့ လိုပါမယ်။ သို့သော်လည်း သူငယ်ချင်းအဖွဲ့တိုင်းမှာ သူများကင်ထားတာလေးကို ယူစားတတ်တဲ့ သူငယ်ချင်းတစ်ယောက်တော့ အနည်းဆုံးရှိမှာ အသအေချာပါပဲ။ ကိုယ့်အဖွဲ့မှာ အဲ့သူငယ်ချင်းလေးက ဘယ်သူများပါလိမ့်။

ဒီနည်းလမ်းကတော့ အလှပဂေးလေးတွေအတွက် ဖြစ်သောကြောင့် နည်းလမ်းလေးက Spa သွားပါ

တစ်လလုံး ညောင်းညာခဲ့သမျှကို Spa သွားပြီး အသားအရည်ပြုပြင်ဖို့ဆိုတာကလည်း အရမ်းကို ကောင်းတဲ့ Relax လုပ်နည်းတစ်မျိုးပါပဲ။ တေးသံအေးအေးလေးကေိုနားထောင်ပြီး အသားအရည်ပြုပြင်တဲ့နည်းလမ်းလေးကလည်း အရမ်းကောင်းတဲ့ အချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေမှာလည်း Spa ခဏခဏသွားပြီး အရမ်းတွေလှနေတဲ့ သူငယ်ချင်းကိုလည်း ဒီနည်းလမ်းလေးကို ပြောပြပေးလို့ ရပါတယ်။

နောက်ဆုံးတစ်ချက်ကတော့  FA တွေနဲ့ အိမ်မှာပဲ နားချင်ပါတယ်ဆိုတဲ့သူတွေအတွက်ပါ။အိမ်မှာမုန့်စားရင်း ရုပ်ရှင် ကြည့်ပါ။ဒီနည်းလမ်းလေးကိုလည်း Pay Day မှာ လစာထုတ်ထားတဲ့ FA တွေကို မန်းရှင်းခေါ်ပြီး ပြောပြဖို့တော့ လိုအပ်ပါလိမ့်မယ်နော်။

အပေါ်ကအချက်တွေ အားလုံးထဲက ကိုယ်စီစဉ်ထားတာနဲ့ တူနေတဲ့သူတွေနဲ့ ဒီအစီအစဉ်လေးတွေထဲက လုပ်ပြီးသား နည်းလမ်းလေးတွေကို ပြောပြရင်း ကိုယ့်သူငယ်ချင်း FA မမကိုလည်း ဒီနည်းလေးကို ပြောလိုက်ဖို့ မမေ့နဲ့ဦးနော်။

အပေါ်က အချက်တွေ အကုန်လုံးကို မလုပ်ဘူးတဲ့ FA မမတွေ ကိုကိုတွေကို မန်းရှင်းခေါ်လိုက်ပါစို့။

သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ YatharDownload link → https://s.yathar.com/apps

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။