လမ်းကြောင်းသစ်


ZawGyi code









Unicode

Meme King လို့ အမည်တွင်တဲ့ Salt Bae ရဲ့ ဘ၀ ဇာတ်ကြောင်း တစေ့တစောင်း


Meme တွေ မှာ အသုံးပြုနေကြတဲ့ အထာကျကျ ဆားဖြူးနေတဲ့ ဘီးကြဲ ကြီး ပုံရိပ်ရဲ့နောက်ကွယ်က Salt Bae ဆိုတာ ဘာလိုဖြစ်လာသလဲကြည့်ရအောင်။


Salt Bae ဆိုတဲ့ ဘီးကြဲရဲ့ နာမည် အရင်းက Nusret Gokce ဖြစ်ပါတယ်။ သူဟာ Erzurum, Turkey မှာမွေးဖွား ခဲ့ပါတယ်။ ချမ်းသာအောင်မြင်တဲ့ တူရကီ စာဖိုမှူးတယောက်ဖြစ်နေပါတယ်။ ဆင်းရဲတဲ့မိုင်းလုပ်သား မိသားစုမှာ ကြီးပြင်းခဲ့ ရပီး Grade 6 အရောက်မှာ ကျောင်းမှ ထွက်ခဲ့ရပါတယ်။


အသက်(၁၄) နှစ်အရွယ်မှာ သားသတ်ရုံ မှာ အလုပ်စလုပ်ပီး ရုန်းကန်ကြိုးစား ရင်းနဲ့ Nusr-ET ဆိုတဲ့ Steak ဆိုင် ပေါင်း များစွာကို တူရကီ နဲ့ ဒူဘိုင်း တို့ မှာ ဖွင့်လှစ်ပီးသားဖြစ်ပါတယ်။


အသားနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူ ပီသစွာ သက်သက်လွတ်သမား တွေနဲ့ ခဏခဏ ပြသာနာ အနည်းနည်းငယ် တတ်လေ့ရှိပါတယ်။ သက်သက်လွတ်စားချင်း နဲ့ ပတ်သက်တဲ့ အင်တာဗျူးမေးခွန်း တခုမှာ လည်း Salt Bae က ” ကျွန်တော်က အသားရောင်းတာပါ၊ ဒါကြောင့် အသားကလွဲ ပီး ဘာမှမစားဘူး” လို့ ဖြေခဲ့ပါတယ်။

သိုပေမဲ့ Salt Bae ဟာ ပရဟိတ သမား တယောက်ဆိုလည်း မမှားပြန်ဝူး။ သူနေခဲ့တဲ့ မွေးရပ်မြေမှာ စာသင်ကျောင်းဆောက်တာက အစပေါ့။

Instagram နဲ့ Twitter မှာ လည်း သူ့ရဲ့ Viral Video ဟာဆိုရင် ကြည့်ရှုသူ 10 Million ထိရှိခဲ့ပါတယ်။

မိသားစု အရေးကိစ္စကို ပြောလေ့ ပြောထ မရှိပေမဲ့ ” The Man who has not spent time with his family is not a real man ” ဆိုတဲ့ Caption နဲ့ အတူ သူနှင့် သူ၏ ကလေး ၉ ယောက် ပုံတခု Instagram မှာဖော်ပြခဲ့ပါတယ်။

နာမည်ကျော် တိုက်တန်းနစ် မင်းသားချော လီယိုနာဒို ကိုယ်တိုင် Salt Bae ဆိုင်ကို တကူးတက လာရောက် စားသုံးတဲ့ အထိ နာမည်ကျော်ပါနော်။