စားသောက်ဆိုင် လမ်းကြောင်းသစ်

Union Business Center တွင် ၃ ဆိုင်မြောက် ဆိုင်ခွဲဖွင့်လှစ်လိုက်သည့် Crystal Jade Kitchen

စင်္ကာပူနိုင်ငံမှ နာမည်ကြီး တရုတ်ရိုးရာ Cantonese စတိုင် အဆင့်မြင့် ဟင်းလျာများ ရရှိသည့် “Crystal Jade Kitchen “၏ ၃ ဆိုင်မြောက် မြန်မာနိုင်ငံဆိုင်ခွဲသစ်ကို ရန်ကုန်မြို့ Union Business Center တွင် ဇန်န၀ါရီလ ၃၁ရက်နေ့တွင်စတင်ဖွင့်လှစ်လိုက်ပါပြီ။

Chinese Cantonese အစားအသောက်များကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၅နှစ်မှစတင်ပြီး စင်္ကာပူနိုင်ငံတွင်စတင်ရောင်းချခဲ့သော Crystal Jade Kitchen သည် လူကြိုက်များလှသည့်  စင်္ကာပူနိုင်ငံ၏ နာမည်ကြီး တရုတ်ရိုးရာအစားအသောက်ဆိုင်ဖြစ်ပါသည်။

ထို့ပြင် ကမ္ဘာကျော် Michelin Guide အဖွဲ့အစည်းမှ ပေးအပ်သော Michelin One Star ရရှိထားသည့် နိုင်ငံတကာ အရည်အသွေးပြည့်မှီသော Brand တစ်ခုဖြစ်သည်။

Crystal Jade Kitchen မှဟင်းလျာများကို တရုတ်ရှေးရိုးရာပုံစံမပျက်စေဘဲ ခေတ်နှင့်အညီဆန်းသစ်စွာစီမံ၍ ဟောင်ကောင်စားဖိုမှုးများကိုယ်တိုင် ချက်ပြုတ်ပေးထားသည်။ ယခုအခါတွင် အာရှပစိဖိတ်နယ်ပယ်ရှိ နိုင်ငံပေါင်း ၂၇နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၁၂၀ကျော်ဖွင့်လှစ်ထားလျက်ရှိသည်။

မြန်မာနိုင်ငံတွင် Singapore Myanmar Investco (SMI) group မှ Master Franchise Brand ယူ၍ ၂၀၁၆ ခုနှစ်မှ စတင်ကာ ပထမဆုံး Crystal Jade Kitchen Myanmar ကို Yangon International Airport Terminal 1 တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြောက်ဆိုင်ခွဲကိုတော့ Junction City သုံးလွှာတွင် ၂၀၁၇ ဧပြီလတွင်ဖွင့်လှစ်နိုင်ခဲ့သည်။ ယခု ၃ဆိုင်မြောက်ဆိုင်ခွဲကို ယနေ့ ဇန်န၀ါရီလ ၃၁ရက်နေ့ ၂၀၁၉တွင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ အနုပညာရှင်အချို့၊ သတင်းမီဒီယာများနှင့် တရုတ်ရိုးရာ ခြင်္သေ့အကအလှများ၊ တရုတ်သီချင်းသီဆိုဖျော်ဖြေမှုများနှင့် ဖဲကြိုးဖြတ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဧည့်သည်တော်များအား အဖျော်ယမကာများ၊ Crystal Jade မှ တရုတ်ရိုးရာ အစားအသောက်များနှင့် ဧည့်ခံကျွေးမွေးကာကျင်းပ ခဲ့သည်။

သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ Yathar

Download Link –>here

About the author

Hsu Labb Wai

Hsu Labb Wai

yathar, Marketing Dep. / Digital Marketing Executive.
2018 February တွင်ပြုလုပ်ခဲ့သော Yathar Launching မှာကတည်းက charter member တစ်ယောက်အနေနဲ့ စတင်ပါဝင်ခဲ့ပါသည်။
Digital Marketing ကို အထူးပြုထားသော်လည်း တစ်ခါတစ်ရံ media အတွက် Restuarant များစီသို့သွားပြီး review ရေးရန် interview များလည်း ပြုလုပ်ပါသည်။ သူမသည် သူမရဲ့ အချိန်တော်တော်များများကို အစားအစားခြင်း၊ သီချင်းညည်းတွားခြင်းများနှင့် ကုန်ဆုံးတတ်ပါသေးတယ်။