ဗဟုသုတ

ကမ္ဘာ့ဆီးချို ရောဂါ နေ့(World Diabetes Day)










ပဲအမျိုးမျိုး


ဆယ်လ်မွန်


Low Fatt ဒိန်ချဉ်


အခွံမာသီး


November 14 ရက် နေ့ ဟာ ကမ္ဘာ့ဆီးချို ရောဂါ နေ့ ရယ်လို့ WHO က 2012 November မှာ စတင် သတ်မှတ်ခဲ့ပါတယ်။ ဆီးချိုရောဂါ အတွက် အရေးအကြီးဆုံး ဆေးဝါးဖြစ်တဲ့ အင်ဆူလင်(Insulin) ကို စတင်တွေ့ ရှိခဲ့တဲ့ Frederick Banting ရဲ့ မွေးနေ့ ဖြစ်တဲ့ November 14 1891 ကို အစွဲပြု ပီး သတ်မှတ်ခဲ့ကြပါတယ်။ Frederick Banting ဟာ ကနေဒါ နိုင်ငံ၊ နယူးတိုက်ကဆတ် မှာ မွေးဖွားခဲ့ ပီး
University of Toronto – St. George Campus (1910–1922) မှာ ပညာသင်ကြားခဲ့ပါတယ်။
Nobel Prize in Physiology or Medicine, Flavelle Medal, John Scott Legacy Medal and Premium အစရှိတဲ့ ဆုများရရှိခဲ့ပီး ၊ February 21, 1941 မှာ ကွယ်လွန်ခဲ့ပါတယ်။ကွယ်လွန် ချိန်မှာ သူဟာ အသက် ၅၀ အရွယ် ရှိပါပီ။

ကမ္ဘာ့ ဆီးချို ရောဂါနေ့မှာ ဆီးချို နဲ့ ပတ်သက်သော ဆောင် ရန် ရှောင်ရန် များ ၊ နောက်ဆက် တွဲ ရောဂါလက္ခာ များ နှင့် ပတ်သတ်ပီး တကမ္ဘာလုံး တွင် ဟောပြောပွဲများ၊Campain များ ပြုလုပ်ချင်း ၊
ရောဂါဝေဒနာရှင်များ အတွက် သက်ဆိုင်ရာ ပွဲများ ကျင်းပပေးခြင်းတို့ ပြုလုပ်ကြသည်။

ဆီးချို ရောဂါ အတွက် သင့်တော် တဲ့ အစား အသောက်ဆိုတာ အဆီ၊ အစိမ့် နဲ့ အငံ ဓာတ် နည်းတဲ့ အစားအစာ တွေပါ။ ဘယ်တွေ က စားသုံးလို့ သင့်တော်သလဲ ဆိုတာတွေကတော့…..
အစိမ်းရောင်အသီး အရွက်
အမျှင်ဓာတ် နဲ့ ဗီတာမင် ဓာတ် အစုံ အလင်ပါတဲ့ ဟင်းသီးဟင်းရွက်တွေ ဟာ ဆီးချို ဝေဒနာ ရှင်များ အတွက် သင့်လျော် ပီး သွေးအတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။
ပဲအမျိုးမျိုး
အမျှင်ဓာတ် နဲ့ ပရိုတင်း ကြွယ်ဝစွာ ပါဝင်တဲ့ ပဲ အမျိုးမျိုး ဟာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ သတ္တု ဓာတ် နဲ့ သွေးဖိအား ထိန်းသိမ်း နိုင်ပါတယ်။
ဆယ်လ်မွန်
ပရိုတင်းဓာတ် နှင့် OMGA 3 Fatty acid ပါဝင် တဲ့ ဆယ်လ်မွန် ငါး ကို စားသုံးချင်းဖြစ် ဆီးချို ရောဂါ ရဲ့နောက်ဆက်တွဲ ရောဂါများကို လျော့နည်း စေပါတယ်။
Low Fatt ဒိန်ချဉ်
အဆီထုတ် ထားတဲ့ ဒိန်ချဉ်ဟာ အရိုးများကို သန်မာစေရုံသာ မက သွေးတွင်း ဂလူးကိုစ့် ဓာတ်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။
အခွံမာသီး
ပြည့်၀ ဆီ မဟုတ်တဲ့ သဘာ၀ ဆီ လည်း ထုတ်လို့ ရသလို အာဟာရ ဓာတ်လည်း စုံ လင် တဲ့ အခွံမာသီး အုပ်စု ဝင်တွေဟာ နှလုံး ရောဂါ ဖြစ်ပွားနိုင် မှု ကို လျော့ချ ပေးပီး သွေးအားကောင်းစေတဲ့ အစားအစာ ဖြစ်လို့ ရွေးချယ်စားသုံးသင့်ပါတယ်။

About the author

Lin Win Maw

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!