အင်တာဗျူး

yathar smart order ကို လက်ရှိအသုံးပြုနေသော Sweet & Spicy Restaurant ပဲ့ကိုင်ရှင် မဝတ်ရည် နှင့် တွေ့ဆုံခြင်း

ဒီတစ်ခေါက်မှာတော့ yathar ရဲ့ အစားအသောက်ကို ချစ်နှစ်သက်ကြတဲ့ ပရိတ်သတ်ကြီးအတွက် စားသောက်ဆိုင် interview လေးတစ်ခု အကြောင်းကို တင်ဆက်ပေးလိုပါတယ်။ 
yathar Smart order နဲ့ပတ်သတ်ပြီး Sweet & Spicy Restaurant မှာ ဘယ်လိုတွေ စပ်စပ်စုစု မေးမြန်းထားလဲဆိုတာကို ဆက်လက်ဖတ်ရှုပေးကြပါဦးဗျ။ 

မေး – Sweet & Spicy မှာက ဘယ်လို menu တွေကို အဓိကထား ရောင်းချပေးနေလဲ။ 

ဖြေ – အမတို့အနေနဲ့ကတော့ မာလာရှမ်းကောနဲ့ အထောင်းစုံပေါ့နော်။ Drink အနေနဲ့လည်း Bubble tea လိုမျိုး သောက်စရာတွေလည်း ရနိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့လည်း သင့်တော်တဲ့အနေအထားတစ်ခုနဲ့ ရောင်းချပေးနေပါတယ်။

မေး – ကိုဗစ်မတိုင်ခင်ကာလမှာတုန်းက customer တွေက အများကြီးပိုပြီးလာကြတယ်။အခုကာလမှာရော ရောင်းအားအခြေအနေက ဘယ်လိုရှိလဲ။အများကြီးပြောင်းလဲသွားလား။ 

ကိုဗစ်ကာလကတော့ အရောင်းအဝယ်ကအေးတယ်။ သိပ်ပြီးလာမစားကြဘူး။ အခုကတော့ လုပ်ငန်းပြန်လည်ပတ်ဖို့ ကြိုးစားနေရတဲ့ကာလပေါ့နော်။ ရောင်းအားကတော့ကျသွားတာပေါ့နော်။ ပုံမှန် customer တွေကတော့ အားပေးကြပါတယ်။ 

မေး – QR Code Menu ကိုအရင်ကရော အသုံးပြုခဲ့ဖူးလား။

ဖြေ – QR code menu ကိုတော့ အရင်က မသုံးဖူးဘူး။ အခု yathar နဲ့မှ ပထမဆုံး စအသုံးပြုဖူးတာ။ 

မေး – QR code menu ကိုစပြီးတော့ ကိုယ့်ဆိုင်မှာ မိတ်ဆက်တဲ့အချိန်ရယ် အသုံးပြုနေတဲ့ကာလတွေမှာရော အဆင်ပြေရဲ့လား။ 

ဖြေ – တချို့ customer တွေကတော့ စိတ်ဝင်စားကြတယ်။ စမ်းလည်း သုံးကြည့်ကြတယ်။ တချို့ customer တွေကျတော့လည်း Website ထဲရောက်ပြီးမှ ပြန်ပြန်ထွက်သွားတော့ စိတ်မရှည်ကြဘူး။ လွယ်လွယ်ကူကူ Menu ကြည့်လို့ရအောင် error လေးတွေ ပြင်ပေးရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။ 

မေး – ဆိုင်ပိုင်ရှင်တစ်ယောက်အနေနဲ့ Customer တွေတင်တဲ့ အော်ဒါတွေကို Table Care ဘယ်လိုတွေဂရုစိုက်ခဲ့လဲ။

ဖြေ – Customer တွေ တင်လာတဲ့ အော်ဒါတွေ အစ်မတို့ဆီတက်လာရင် ဘာတွေမှာလိုက်လဲဆိုတာ သေချာသိရတယ်ပေါ့နော်။ အဲဒီအခါကျတော့ အစ်မတို့ဘက်ကလည်း သေချာလေးပြင်ဆင်ပေးဖြစ်တယ်။ အော်ဒါတင်တဲ့နေရာမှာ အမှားအယွင်းဖြစ်တာတွေ နည်းသွားတာပေါ့နော်။ 

မေး – အရင်ကတော့ ဝန်ထမ်းတွေကနေတစ်ဆင့် အော်ဒါမှာယူတဲ့ပုံစံကနေ အခု QR Code ကနေတဆင့် Order မှာတဲ့ပုံစံကိုချိန်းသွားတော့ ဘယ်လိုတွေပြောင်းလဲသွားလဲ။

ဖြေ – ဝန်ထမ်းတွေကနေ တစ်ဆင့်မှာတုန်းကတော့ တစ်ခါတစ်လေ အော်ဒါမှားတာတွေ ဘာတွေဖြစ်တတ်တာပေါ့နော်။ QR code ကနေ အော်ဒါတင်ရတဲ့ပုံစံမှာကတော့ Customer တွေ ကိုယ်တိုင်အော်ဒါတင်လို့ရတော့ ကြားထဲမှာ မှားတာတွေ မရှိတော့ဘူး။ 

မေး – QR Menu ကိုအသုံးပြုခဲ့လို့ Customer တွေအတွက် ကျန်းမာရေးရှူထောင့်မှာရော ဘယ်လိုပြောင်းလဲမှုတွေရှိလာတယ်လို့ထင်လဲ။

ဖြေ – Customer တွေ ကိုယ်တိုင် QR Code နဲ့ ကိုယ်တိုင် အော်ဒါတိုက်ရိုက်တင်နိုင်တာဆိုတော့ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို တတ်နိုင်သမျှ လျှော့ချနိုင်သွားတယ်။ ပြီးတော့ လူတကာကိုင်ထားတဲ့ မီနူးစာရွက်တွေကို အသုံးမပြုတော့လို့ customer တွေအတွက်လည်း ကျန်းမာရေးအရပိုပြီးစိတ်ချရသွားတယ်။ 

မေး – Smart Order ကိုအသုံးပြုပြီးတော့ စားသောက်ဆိုင် ကဏ္ဍမှာ ဘယ်လိုအကျိုးကျေးဇူးတွေရှိလာလဲ။

ဖြေ – Smart order ကနေ တက်လာတဲ့ Takeout order တွေကို ကြိုပြီး ပြင်ဆင်ပေးနိုင်တာကြောင့် customer တွေကို စောင့်ခိုင်းထားစရာမလိုတော့ဘူး။ Digital menu ကြောင့်လည်း ပိုပြီး စနစ်တကျ ဖြစ်သွားတယ်။ customer တွေကိုယ်တိုင် အော်ဒါတင်နိုင်လို့ အော်ဒါအမှားအယွင်းတွေလည်း မရှိတော့လို့ customer တွေအတွက် ပိုကောင်းတဲ့ Service တစ်ခုကိုလည်း ပေးလာနိုင်တယ်။

#yathar #yatharsmartorder #sweetandspicy #yangon #myanmar #food #restaurant

About the author

Lin Win Maw

yathar, Marketing Dep. / Digital Marketing Executive.
2017 မှ စ Content Writer အဖြစ် စတင်ခဲ့ ပီး . FOOD Blogger, Travel Blogger ဖြစ်ရန် အိမ်မက် ရှိသည့် ဂြိုလ်သား. လက်ရှိ Yathar ၏ Content Writer အဖြစ် တာဝန် ထမ်းဆောင် နေပါသည်၊ ကျေးဇူးတင်ပါတယ်!