လက်တလော အချိန်ကာလက ခရီးသွားလို့အကောင်းဆုံး ရာသီဥတုလေးပါ။ နွေအကုန် မိုးအကူး Moonsoon ကာလဖြစ်လို့ တည်းခိုခန်းတွေရဲ့ တည်းခိုစားရိတ်ကလည်း ပွင့်လင်းရာသီရဲ့ တစ်ဝက်လောက်တောင် ဈေးနှုန်းချလျှက်ရှိပါတယ်။ နွေလောက်လည်းမပူ မိုးလည်းအရမ်းမရွာသေးတဲ့ ကာလက ခရီးသွားလို့ အရမ်းကောင်းလို့ တော်တော်များများ ခရီးသွားကြပါတယ်။ ဒါကြောင့် ခရီးသွားရင်း ခရီးသည်တော်တော်များများကြုံတွေ့ကြတာကတော့ လမ်းခရီးမှာ ကားမူးတတ်ခြင်းပါ။ ကားမူးတတ်ခြင်းက တစ်ခါတစ်ရံမှာ အကျင့်ကြောင့်ဖြစ်တတ်သလို တစ်ခါတစ်ရံမှာ အစားမှားတတ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခရီးသွားရင်း ကားမမူးဖို့ ရှောင်ရန်အချက်လေးတွေကို ဖတ်ကြည့်လို့ရပါတယ်။
၁ ကားနဲ့ခရီးမသွားခင် ၂၄နာရီအတွင်း Caffeine ဓါတ်ပါတဲ့ အရာတွေကိုမသောက်ပါနဲ့။Caffeine ဓါတ်ပါတဲ့အရာတွေ များများသောက်ပြီးမှ ကားစီးမယ်ဆိုရင် ခေါင်းမူးတတ်ပါတယ်။ ကလေးတွေကိုလည်း ကားနဲ့ခရီးမသွားခင် နာရီအနည်းငယ်အတွင်း ကော်ဖီတို့လို Caffeine ဓါတ်ပါတဲ့ အရာတွေကို မတိုက်ပါနဲ့။
၂ ခရီးမသွားခင် ရင်ပြည့်စာတွေကို မစားပါနဲ့။ ရင်ပြည့်စာတွေကို ဗိုက်အ၀မစားပဲ ပေါ့ပေါ့ပါးပါးဖြစ်မယ့် အစားအစာမျိုးကိုပဲ ခရီးမသွားခင်စားသင့်ပါတယ်။ ခရီးသွားနေရင်း ဂျင်းလည်းအနည်းငယ်စားပေးသင့်ပါတယ်။ လုံးဝမစားသင့်တဲ့ အစားအစာတစ်မျိုးက ချောကလက်ပါ။ ခရီးသွားနေရင်း ချောကလက်စားမိတယ်ဆိုရင်တော့ ကားမူးတတ်ပါတယ်။
၃ အရက်မသောက်သင့်ပါ။ ဒါကတော့ တော်တော်များများသိပြီးတဲ့အချက်တစ်ချက်လည်း ဖြစ်မှာပါ။ ကားနဲ့ ခရီးသွားရင်းပဲဖြစ်စေ၊ ကားမောင်းရင်ပဲဖြစ်စေ၊ ဘာနဲ့ပဲ ခရီးသွားသွား အရက်လုံးဝမသောက်သင့်ပါ။
၎ ခရီးသွားရင်း ကားထဲမှာ ဆေးလိပ်မသောက်ပါနဲ့။ ဒါကလည်း လူတော်တော်များများသိပြီးတဲ့ အချက်တစ်ခုဖြစ်ပေမယ့် တစ်ချို့တွေကလည်း ကားထဲမှာ ဆေးလိပ်သောက်နေကြတုန်းပါ။ ခရီးသွားရင်း လူစုလူဝေးရှိတဲ့ နေရာမှာလည်း ဆေးလိပ်မသောက်သင့်ပါဘူး။
၅ ခရီးသွားမယ့်ရက်မတိုင်ခင် အိပ်ရေးဝအောင်အိပ်ပါ။ သင်ဟာကားမူးတတ်သူတစ်ဦးဖြစ်နေရင်တောင် အိပ်ရေး၀၀အိပ်ပေးခဲ့ရင် ကားမူးတာသက်သာပါတယ်။
၆ နောက်ဆုံးတစ်ချက်က ကားပေါ်မှာ ကွန်ပျူတာလုံးဝမကြည့်ပါနဲ့။ ဒါက အရေးကြီးဆုံးအချက်လည်းဖြစ်ပါတယ်။ ကွန်ပျူတာတင် မက ဖုန်းလည်း မကြည့်သင့်ပါဘူး။ ကားပေါ်မှာ ဖုန်း၊ကွန်ပျူတာ ကြည့်ချင်းက မိနစ်အနည်းငယ်အတွင်း မူးဝေလာစေနိုင်ပါတယ်။ ဒါကြောင့် ဒါလေးကိုတော့ အဓိက ရှောင်ရှားတာ ကောင်းပါတယ်။
အထက်ပါ အချက်လေးတွေက လူတိုင်းအတွက် မရည်ရွယ်ပေမယ့် ကားမူးတတ်တဲ့သူတွေနဲ့ ကားနဲ့ ခရီးသွားတတ်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။
ဒီအချက်လေးတွေကို ကိုယ်သိသလို ကိုယ့်အပေါင်းအသင်း မိတ်ဆွေတွေလည်း သိရှိပြီးရှောင်ရှားနိုင်အောင်Share ခြင်းဖြင့် ဖြစ်စေ၊ မန်းရှင်းခေါ်ခြင်းဖြင့်ဖြစ်စေ ရှောင်ရန်အချက်လေးတွေကို အသိပေးကြမယ်လေ။
လမ်းခရီးသွားရင်း ကိုယ်ရောက်နေတဲ့ မြို့မှာ ဘယ်နားမှာ ဘယ်ဆိုင်တွေရှိလဲ မသိတဲ့သူတွေအတွက် https://s.yathar.com/apps ကနေ Yathar application ကို Download လုပ်ပြီး Near Your Current Location function မှာ ကိုယ်ရောက်နေတဲ့နေရာ အနီးအနားက ဆိုင်တွေကို မြေပုံထဲမှာ ရှာဖွေနိုင်ပါတယ်။
ဘယ်လိုအသုံးပြုရမလဲ Detail သိချင်ရင်တော့ https://www.facebook.com/YatharGourmet/ မှာလည်း အသေးစိတ်ကို လာရောက် မေးမြန်းနိုင်ပါတယ်။