မိန်းကလေးတိုင်း အလှအပကြိုက်ကြတာ သဘာဝပါ။ အလှအပကိုထိန်းသိမ်းနည်းတွေ အများကြီးထဲကမှ သဘာဝနည်းအတိုင်း အသားအရည်ထိန်းသိမ်းတာက အကောင်းဆုံးနည်းလမ်းတစ်ခုဆိုတာလည်း မမှားပါဘူး။သဘာဝနည်းလေးတွေလည်းဖြစ် အိမ်တွင်းမှာတင် လွယ်လွယ်ကူကူလုပ်လို့ရတဲ့ နည်းလေးလေးတွေလည်းဖြစ်တော့ အားလုံးကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။
ပြုလုပ်လို့ရတဲ့နည်းလမ်းလေးတွေကတော့
ဆားဝက်ခြံရှိသောသူများအတွက်
ယခုနည်းလမ်းလေးက အရမ်းကိုလွယ်ကူပါတယ်။ မိမိအိမ်မှာမှန်ကြည့်ရင်း မျက်နှာတစ်ဝိုက် ဆားဝက်ခြံများရှိနေရင် ကြက်ဥအကာကိုသုံးပြီး ဆားဝက်ခြံများကို သဘာဝနည်းအတိုင်း ဖယ်ရှားနိုင်ပါတယ်။ ကြက်ဥအကာထဲကို တစ်ရှူးလေးကိုနှစ်လိုက်ပါ။ တစ်ရှူးလေးက နည်းနည်းမာတဲ့တစ်ရှူးလေးဖြစ်ရင်ပိုကောင်းပါတယ်။ ဆားဝက်ခြံရှိရာနေရာသို့ကပ်ထားသော တစ်ရှူးလေးအား ခြောက်သွားလျှင် ဖြည်းဖြည်းချင်းခွာချလိုက်ပါ။ တစ်ရှူးနှင့်အတူ ဆားဝက်ခြံများကို တစ်ရှူးမှာတွေ့နိုင်ပါတယ်။
Sugar Wax ကို Homemade ကိုယ်တိုင်လုပ်ချင်သူတွေအတွက်
Sugar Wax ကို Homemade ကိုယ်တိုင်လုပ်ချင်သူတွေအတွက် သံပုယိုသီး၊ သကြားနှင့် ရေသာလိုအပ်ပါတယ်။ သံပုယိုသီးအရည်၊ သကြားနှင့်ရေတို့ကို ရောမွှေပါ။ ပြီးလျှင်မီးအေးအေးနှင့် ကြိုပါ။ ပြီးလျှင်အနည်းငယ်အေးအောင်ထားပြီး Waxing လုပ်ချင်တဲ့နေရာသို့ လိမ်းပါ။ ခြောက်ပြီး မမာသွားခင် လိမ်းထားသောဟာကိုခွာလိုက်ပါ။ ယခုနည်းလမ်းအားဖြင့် လွယ်လွယ်ကူကူ Waxing လုပ်နိုင်ပါပြီ။
သွားချေးများကို ပျောက်ချင်သူများအတွက်
စတော်ဘယ်ရီသီး၊ Baking Soda နှင့် သွားပွတ်တံတစ်ချောင်းကိုသာ လိုအပ်ပါတယ်။စတော်ဘယ်ရီသီးကိုထုပြီး ချေပါ။ Baking Soda အနည်းငယ်ထည့်ပြီးရောမွှေလိုက်ပါ။ သွားပွတ်တံဖြင့် ကလော်ယူပြီး သွားကိုတိုက်ပါ။ ၄ ရက်မြောက်နေ့တွင် သိသိသာသာဖြူဖွေးလာပါလိမ့်မည်။
ခြေဖနောင့်ကွဲခြင်းများအတွက်
ငှက်ပျောသီး သုံးလုံးကိုယူပါ။ အိတ်တစ်အိတ်ထဲထည့်ပြီး ခြေလိုက်ပါ။ ပြီးလျှင်ခြေထောက်ကို ထိုအိတ်ထဲသို့ထည့်ပြီး မိနစ်အနည်းငယ်လောက်ထားလိုက်ပါ။ ပြီးလျှင်ခြောက်သွေ့သော အ၀တ်ဖြင့် သေချာအောင် သုတ်လိုက်ပါ။ အားလုံးပြီးလျှင် ချောမွေ့သောခြေဖနောင့်လေးကို ပိုင်ဆိုင်နိုင်ပါပြီ။
တံတောင်ဆစ်မဲခြင်းများအတွက်
တံတောင်ဆစ်မဲခြင်းများအတွက် သံပုရာသီးကို ထပ်ခြမ်းခြမ်းပြီး သကြားကိုသုတ်ကာ တံတောင်ဆစ်ကို ပွတ်ပေးပါ။ ပြီးလျှင်ရေသေချာဆေးချပါ။ နေ့စဉ်လုပ်ပေးပါက အစွမ်းထက်မှုကို ခံစားရမှာပါ။
အထက်ပါ အိမ်တွင်းနည်းလမ်းများကို အသုံးပြုပြီး မိန်းကလေးများ ပိုလှနိုင်ကြပါစေ။ထိုနည်းလမ်းများမှာ လွယ်ကူတဲ့အပြင် ကုန်ကြမ်းပစ္စည်းများမှာလည်း ၀ယ်ရလွယ်ကူသောကြောင့် အားလုံးအတွက် အသုံးဝင်တဲ့နည်းလမ်းတစ်ခုဖြစ်မှာပါ။ ထို့ကြောင့် ထိုနည်းလမ်းများကို တခြားသူများကိုလည်း မျှဝေပေးလိုက်ပါ။ Sharing is caring
သင့်အတွက် စားသောက်ဆိုင် ကောင်းများ စုဝေးရာ Yathar
Download link —> https://s.yathar.com/apps