စားသောက်ဆိုင် ဗဟုသုတ

သင်မသိသေးတဲ့ Sushi ထဲက ငါးဥအကြောင်း

Sushi ဆိုင်ရောက်တိုင်း စားနေကြ ငါးဥလေးတွေက အရောင်ငါးမျိုးတောင် ရှိပါတယ်။
လိမ္မော်ရောင်၊ အနီရောင် ၊ အစိမ်းရောင်၊ အ၀ါရောင် အပြင် အမဲရောင် ဆိုပြီး အရောင် ၅ မျိုး ကွဲပြားပါတယ်။ အရောင်လေးတွေ ကွဲပြားတဲ့အပြင် အရသာနဲ့ ပြုလုပ်ထားတဲ့ ပါဝင်ပစ္စည်လေးတွေကလည်း ကွဲပြားလျက်ရှိတဲ့အကြောင်းဖော်ပြပေးလိုက်ပါတယ်။

လိမ္မော်ရောင်ငါးဥ
လိမ္မော်ရောင်ငါးဥလေးက သဘာဝငါးဥအရောင်ဖြစ်ပြီးတော့ အရသာပိုင်းမှာ နည်းနည်းငံကျိကျိအရသာရှိပါတယ်။ လိမ္မော်ရောင်လေးဆိုတော့ မြင်လိုက်တာနဲ့ စားချင်စိတ်ကို ဖြစ်ပေါ်လာစေမှာ အသေအချာပါပဲ။ လိမ္မော်ရောင်ငါးဥထဲမှာဆိုရင် protein ဓါတ်နဲ့ Omega-3 ဓါတ်တွေလည်းပါလို့ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။
ငါးဥအရောင်ငါးမျိုးလုံးကို https://yathar.com/shop/2236 Link အတွင်းပါရှိသော Nori Suhi Bar မှာ ရရှိနိုင်ပါတယ်။

အနီရောင်ငါးဥ
အနီရောင်ငါးဥလေးက Beet လို့ခေါ်တဲ့ သကြားမုံလာကိုအသုံးပြုပြီး သဘာဝနည်းအတိုင်း အနီရောင်ဖြစ်အောင်ပြုလုပ်ထားတာပါ။ အနီရောင်ငါးဥလေးက အရသာပိုင်းမှာ အဆိမ့်အရသာဖြစ်ပြီးတော့ Sushi roll နဲ့တွဲစားမယ်ဆိုရင် အရမ်းလိုက်ဖက်တဲ့ အစားအစာတစ်မျိုးပါ။အနီရောင်ငါးဥမှာ Omega-3, Protein ဓါတ်တွေလည်းပါဝင်ပါတယ်။

အစိမ်းရောင်ငါးဥ
အမြင်မှာဆန်းတဲ့ အစိမ်းရောင်ငါးဥလေးဖြစ်အောင် Wasabi က အဓိက ပံ့ပိုးပေးထားတာပါ။
ဂျပန်ရိုးရာအစားအစာတွေနဲ့ လုံးဝမစိမ်းတဲ့အရာဆိုရင် Wasabi က ထိပ်ဆုံးကပါပဲ။ Wasabi နဲ့ပြုလုပ်ထားတာဖြစ်သောကြောင့် အရသာပိုင်းမှာ အနည်းငယ်စပ်ပါတယ်။

အ၀ါရောင်ငါးဥ
အ၀ါရောင်ငါးဥကို Yuzu ဟု အမည်ရတဲ့ ရှောက်သီးအမျိုးအစားတစ်မျိုးကနေ ပြုလုပ်ထားတာပါ။ရှောက်သီးအမျိုးအစားကနေ ပြုလုပ်ထားသော အ၀ါရောင်ငါးဥမှာ ချဉ်ပြုံးပြုံးအရသာလေး အနည်းငယ်ပါဝင်ပါတယ်။

အမဲရောင်ငါးဥ
အမဲရောင်ငါးဥရရှိဖို့ရန် Squid ink ကို အသုံးပြုထားတာပါ။ အရသာပိုင်းမှာ လုံးဝဆိမ့်ဆိမ့်လေးဖြစ်ပြီးတော့ စားလို့အတော်ကောင်းပါတယ်။ အမဲရောင်ငါးဥဟာ Squid ink နှင့်ပြုလုပ်ထားသောကြောင့် လူအများက စိတ်ဝင်စားကြပါတယ်။
အထက်ပါ ငါးဥ ၅ မျိုးလုံးကို Nori Sushi Bar မှာ ရရှိသောကြောင့် သွားရောက်စားသုံးနိုင်ပါတယ်။
ဆိုင်အကြောင်းအရာ ပြည့်ပြည့်စုံစုံအား သိရှိလိုပါက https://yathar.com/shop/2236 Link ထဲတွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

သင့်အတွက် စားသောက်ဆိုင်ကောင်းများစုဝေးရာ Yathar
Download Link → https://s.yathar.com/apps