Coconut Oil ဆိုတာ fatty acid ပါဝင်လို့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အရမ်းအသုံးဝင်တဲ့အရာတစ်ခုပါ။ Coconut Oil မှာ အဆီကျစေတဲ့ဓါတ်၊ ဦးနှောက်စွမ်းရည်ကိုတိုးတက်စေတဲ့ဓါတ်တွေနဲ့ တခြား မယုံနိုင်စရာကောင်းလောက်တဲ့ ဓါတ်တွေလည်းပါဝင်နေပါတယ်။ အဲ့ထဲကမှ Coconut Oil မှာ ပါဝင်နေတဲ့ အကောင်းဆုံးအချက်များကို ပြောပြပါမယ်။
၁ Coconut Oil မှာ ဆေးအာနိသင်ပါဝင်တဲ့ Fatty Acids လည်းပါပါတယ်
Diet လုပ်နေတဲ့သူတစ်ယောက်အတွက် Coconut Oil ဆိုတာ အရမ်းအရေးပါတဲ့ အရာတစ်ခုဖြစ်ပြီးတော့ တခြားအဆီတွေနဲ့ ကွဲပြားပါတယ်။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို လျင်မြန်အောင် လှုံ့ဆော်ပေးပြီး အဆီများကိုလည်း ချေဖျက်ပေးပါတယ်။
၂ Coconut Oil က ဗိုက်ဆာတာကိုလည်း သက်သာစေပါတယ်
Coconut Oil မှာ ပါဝင်တဲ့ fatty acid ဓါတ်က ဗိုက်ဆာတာကို သက်သာစေပါတယ်။Coconut Oil ကို မနက်ပိုင်းမှာစားတာက နေ့လည်ပိုင်းမှာ စားတာထက် calories တွေပိုလျော့နည်းစေပါတယ်။Coconut Oil ကို တစ်နေ့နည်းနည်းစားပေးရင်တောင် နှစ်တော်တော်ကြာတဲ့အခါ body weight ကို လျော့ကျစေပါတယ်။
၃ Coconut Oil က အသားအရည်၊ ဆံပင်နဲ့ သွားကျန်းမာရေးကိုလည်း ကာကွယ်ပေးပါတယ်
Coconut Oil ကို မစားပဲနဲ့လည်း အသုံးပြုကြပါသေးတယ်။ လူအများစုက Coconut Oil ကို ကျန်းမာရေးနဲ့ အသားအရည်လှပဖို့အတွက်လည်း အသုံးပြုကြပါတယ်။ ခြောက်သွေ့နေတဲ့အသားအရည်ကို coconut oil လိမ်းပေးခြင်းဖြင့် အသားအရည်ကို စိုပြေချောမွေ့လာစေပါတယ်။ ဆံသားပျက်ဆီးတာအတွက်လည်း Coconut Oil ကို အသုံးပြုလို့ရပါသေးတယ်။
Coconut Oil က shopping center တွေမှာ လွယ်လွယ်ကူကူဝယ်လို့ရတဲ့အပြင် အသားအရည်၊ ကျန်းမာရေး နဲ့ အလှအပအပြင် အားလုံးအရမ်းစိတ်ဝင်စားတဲ့ ၀ိတ်ကိုလည်း ကျစေနိုင်လို့ အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် ကိုယ်တိုင်သိထားသလို သူများတွေလည်းသိအောင် sharing လုပ်ခြင်းဖြင့် သိမ်းထားကြရအောင်…
နောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာကောင်းတာတွေကို ပြောပြပေးဦးမလဲဆိုတာသိဖို့ Yathar Page လေးကို Like လုပ်ထားဖို့ မမေ့နဲ့ဦးနော်