ကျန်းမာ & အလှအပ

အစာစားပြီး ၀ိတ်ချမယ်

ဝိတ်လည်းချချင်တယ် အစားမစားရမှာလည်းကြောက်တဲ့ သူတွေအတွက် အစာစားရင်း ၀ိတ်ချနိုင်တဲ့နည်းလမ်းရှိပါတယ်။ အစာစားရင်း ၀ိတ်ချရတာဆိုပေမဲ့ ရှောင်သင့်တဲ့ အစားအစာမျိုးတွေလည်း ရှိပါတယ်။ ဒီနည်းလမ်းလေးက အဆီကို အဆီနဲ့ခြေဖျက်တဲ့နည်းလမ်းလို့လည်း အများကသိထားကြပါတယ်။ဒီနည်းလမ်းလေးက ပေါ်တာကြာပြီဆိုပေမဲ့ မသိသေးတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ဒီစာလေးကိုဖတ်ပြီး မသိတဲ့သူဆိုရင်လည်း လေ့လာမှတ်သားလို့ရသလိုသိပြီးသားသူတွေကလည်း ကိုယ်သိထားတဲ့ တခြားအကြောင်းအရာတစ်ချို့ကို ဗဟုသုတအနေနဲ့ ဖြည့်စွက်အကြံပေးရင်း knowledge sharing လုပ်လို့ရပါတယ်။ အစာစားရင်း ၀ိတ်ချမယ့်နည်းလမ်းလေးက Keto Diet နည်းလမ်းဖြစ်ပါတယ်။

Keto Diet ဆိုတာက အဆီကို အဆီနဲ့တိုက်ဖျက်တဲ့နည်းလမ်းတစ်ခုပါ။တစ်နည်းအားဖြင့် သူ့ကို low-carb diet လို့လည်း ခေါ်ကြပါတယ်။ ဒီ Diet နည်းလေးက ခန္ဓာကိုယ်မှာရှိတဲ့ ကာဗွန်ဟိုက်ဒရိတ်နေရာမှာ အဆီကို အစားထိုးတဲ့ နည်းလမ်းပါ။ Keto မှာ အဆီ(fats) ၇၅%၊ အသားဓါတ်( Protein) ၂၀% နဲ့ ကဆီဓါတ်(carb) ၅% လိုအပ်ပါတယ်။

Keto Diet မှာ အစဦးဆုံးစစားတဲ့သူတွေတစ်ချို့က စားသင့်တဲ့အစားစာကိုစား ရှောင်သင့်တဲ့အစားအစာကိုရှောင်ပြီး အရင်ဦးဆုံးစားကြပါတယ်။ နောက်ပိုင်း IF ( Intermittent Fasting )  နည်း နဲ့လုပ်ကြပါတယ်။ IF နည်းမှာ 16:8 ( တစ်နေ့မှာ ၁၆နာရီ ဘာမှမစားပဲ ၈ နာရီမှာ တစ်နေ့စာအတွက်စားနည်း) 18:6 နဲ့ တစ်ချို့ဆို 20:4 ဆိုပြီး အချိန်အပိုင်းအခြားနဲ့စားကြပါတယ်။

Keto Diet မှာ ဘာတွေစားရမလဲ..
အစာစားပြီး ၀ိတ်ချနည်းဆိုတော့ အများစုစိတ်ဝင်စားနေကြမှာ အသေအချာပါပဲ။အဲ့ထဲကမှ ဘာတွေစားသင့်တာလဲဆိုတာကို ပိုပြီး စိတ်ဝင်စားနေကြမှာပါ။

အဲ့တော့ Keto Diet မှာ စားသင့်တာတွေက
Protein အတွက်
အမဲသား
ကြက်သား(အရေခွံပါလည်းရ)
Bacon
ငါး
ကြက်ဥ
ဝက်သားတို့စားပေးလို့ရပါတယ်။

Fats အဆီအတွက်

ဆီမှာဆိုရင် ကိုယ်တို့ပုံမှန်စားနေကြဆီတွေနဲ့စားလို့မရပါဘူး။

ဘာဆီတွေကို စားသင့်လဲဆိုတော့…
Coconut oil ( စားအုန်းဆီကို ဆိုလိုတာမဟုတ်ပါ) – City Mart တို့မှာ ၀ယ်လို့ရနိုင်တဲ့ Coconut Oil ကိုဆိုလိုပါတယ်
Avocado Oil ( ထောပတ်ဆီ)
Olive Oil ( သံလွင်ဆီ )
Butter ( ထောပတ်) (မာဂရင်းထောပတ်ကို ဆိုလိုတာ မဟုတ်ပါ)
Heavy Cream
Greek ဒိန်ချဉ်
String Cheese
Whipping Cream
Cream Cheese
Sour Cream
Mozzarella 
Cheddar
Parmesan
တို့ကိုသုံးပြီး ချက်ပြုတ်ပေးသင့်ပါတယ်။

အသီးအရွက်တွေအနေနဲ့
ကိုက်လန်
ကညွတ်
မုန်ညှင်း
ဂေါ်ဖီ
သခွားသီး
ပန်းဂေါ်ဖီ
ခရမ်းသီး
ငရုပ်ပွ
ငရုပ်သီး
ပဲသီး
ဆလပ်ရွက်
ကြက်သွန်မြိတ်
ရွှေဖရုံသီး
ကြက်သွန်
တို့စားလို့ရပါတယ်။

အသီးတွေအနေနဲ့
ထောပတ်သီး
စတော်ဘယ်ရီသီး
Blueberry
Raspberry
Lemons 
တို့ကိုစားလို့ရပါတယ်။

Flour  အနေနဲ့
Coconut Flour
Almond flour
Chia flour
တို့ကိုသုံးလို့ရပါတယ်။

Drink အနေနဲ့
Coffee ( နို့၊သကြားလုံးဝမပါတဲ့ Black Coffee ပဲရပါတယ်)
Green Tea
Black Tea
Almond Milk တို့သောက်လို့ရပါတယ်။ ပဲနို့လုံးဝသောက်လို့မရပါ။

လုံးဝရှောင်ရှားရမယ့် အချက်ကဆန်၊ ဂျုံ၊ သကြား၊ Beer ( ၀မ်းနည်းမိ) တို့အပြင် ထိုအရာတွေနဲ့လုပ်ထားတဲ့ စားစရာမှန်သမျှစားလို့မရပါဘူး။

Keto Diet ရဲ့ ကောင်းကျိုးတွေက ဘာလဲ
အဆီကျစေပါတယ်။စားသုံးတဲ့အထဲမှာ ဆီပါလို့ အစားစားချင်စိတ်ကိုလျော့ချပေးတယ်။ ထိုင်တာများတဲ့သူတွေအတွက် သင့်တော်တယ်။ကိုလက်စထရောကိုလည်းကျစတေယ်။

ဆိုးကျိုးကတော့
Keto Diet စ၀င်ပြီး ၁ပတ်ကနေ ၂ ပတ်အတွင်းမှာ Keto Flu လို့ခေါ်တဲ့မူးခြင်း၊  ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်း၊ ခံတွင်းနံ့နံခြင်း၊၀မ်းချုပ်ခြင်းတွေကိုခံစားရပါတယ်။ဆီကိုစားပြီး အဆီချတယ်ဆိုပေမယ့် ဆီစားတာများရင်လည်း အဆီပိုများပြီး ၀လာနိုင်ပါတယ်။သွေးတွင်း ကိုလက်စထရော များတဲ့သူတွေအတွက် မသင့်တော်ပါဘူး။

Keto Diet လုပ်ပြီး ၀ိတ်ကျသွားသော်လည်း အရင်လိုမျိုးထပ်စားမိရင် ပြန်ဝနိုင်သေးလို့ အစားအစာကိုစားတဲ့နေရာမှာ ထိန်းပြီး စားဖို့တော့လိုပါမယ်။အပေါ်မှာ ပြောပြထားတဲ့အကြောင်းအရာတွေကိုဖတ်ပြီး ၀ိတ်ကျချင်သူတွေစမ်းကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။လှချင်သူတွေအားလုံး အစာစားပြီး ၀ိတ်လျော့နည်းလေးကို ကိုယ်တိုင်သိမ်းထားချင်လို့ပဲဖြစ်ဖြစ် သူများတွေအတွက်လည်း sharing လုပ်ချင်လို့ပဲဖြစ်ဖြစ် post လေးကို share လုပ်ပြီးသိမ်းထားနိုင်ပါတယ်။