မြောက်ဒဂုံမှာ မသိသူမရှိလောက်အောင် နာမည်ကြီးတဲ့ Asahi ရဲ့ ပဲ့ကိုင်ရှင် ဦးအောင်နှင့် မတင်သီတာနွယ်တို့ရဲ့ Asahi 1, Asahi 3, Asahi 5 တို့ကိုတည်ထောင်ပုံ၊ အခက်အခဲများနှင့် အတွေ့အကြုံများကို ဖတ်ရှုရင်း စာဖတ်သူအတွက် အသိပညာတစ်ခုခုကျန်ခဲ့မယ်ဆိုတာ သေချာပါတယ်။
မေး – အစ်ကို့ နာမည်လေးရယ်၊ Asahi ကို စတည်ထောင်ခဲ့တဲ့နှစ်ရယ်ကို ပြောပြပေးပါဦးရှင့်။
ဖြေ – ဦးအောင် နာမည်ကတော့ ဦးအောင်ပါ။ ဇနီးနာမည်ကတော့ မတင်သီတာနွယ်ပါ။
Asahi ကို 2015 April လလောက်မှာ စာချုပ်စချုပ်ပြီး ၆ လပိုင်း ၂၁ ရက်နေ့မှာ ဆိုင်စဖွင့်ဖြစ်ပါတယ်။ အဲ့တုန်းက ဦး အိမ်ထောင်မကျသေးဘူး။ ဦးအောင်က ၁၉၉၅ ကနေ ၂၀၀၅ အထိ စင်္ကာပူမှာ စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး ၁၀ နှစ် အလုပ်သွားလုပ်ဖူးတယ်။ ၂၀၀၅ မှာ မြန်မာနိုင်ငံပြန်လာပြီး ၂၀၀၅ ကနေ ၂၀၁၂ အထိ မြို့ထဲမှာ export/import နဲ့ earning လည်းလုပ်တယ်။ ဒီကြားထဲမှာ ဂျပန်က ကားတွေဘာတွေလည်း ရောင်းတယ်။ ၂၀၁၄ ကျော်လောက်မှာ မြောက်ဒဂုံရဲ့ မြေလောကထဲရောက်လာပြီး ၀ယ်ရောင်းလုပ်တာ ၈ လလောက်ကြာတော့ မြန်မာပြည်က မြေလောကကြီးရပ်သွားတဲ့အချိန်မှာပဲ သူငယ်ချင်းတစ်ယောက်က လုပ်ချင်တယ်ဆိုတော့ Asahi 1 နေရာကို ငှားပြီးမှ သူငယ်ချင်းက မလုပ်တော့ဘူးဆိုတော့ ဦးအောင်က စရံငွေချတယ်။ အဲ့ဒါနဲ့ဦးအောင်လုပ်တယ်။ သူငယ်ချင်းတွေကိုလည်း ဟိုလူပါမလား ဒီလူပါမလား လိုက်မေးတယ်။ လုပ်လည်းလုပ်ရော တစ်ယောက်လောက်ပဲ ငွေထည့်တယ်။ ၆ လလောက်ကြာတဲ့အထိ အမြတ်မရှိဘူး။ နောက်ပိုင်း ရှယ်ယာပါတဲ့သူငယ်ချင်းတွေအကုန်လုံး ထွက်သွားကြတယ်။ နောက်ပိုင်းမှ ဦးအောင်တစ်ယောက်တည်း ရုန်းကန်ရတယ်။ နောက်ပိုင်းမှ တဖြည်းဖြည်း ဆိုင်မှာ လူတွေဝင်လာတယ်။ တစ်နှစ်ခွဲလောက်ကြာတဲ့အခါ ဦးအောင်လိုချင်တဲ့ ၀င်ငွေပြန်ရတယ်။ ၂ နှစ်လောက်ကြာတော့ ပိုအောင်မြင်လာတယ်။ အဲ့ ၂ နှစ်လောက်ကြာတဲ့အခါ ဇနီးနဲ့ ဖူးစာဆုံခဲ့တယ်။
မေး – customer တွေရော ဘယ်လိုမျိုး service ပေးလဲ။
ဖြေ – ဦးအောင်က ကျောင်းတက်ရင်း အလုပ်တွေလုပ်တယ်။ ၁၃ နှစ်သားကတည်းက စီးပွားရေးလုပ်တော့ အလုပ်လုပ်ရင်း ဂရုတစိုက် လေ့လာတယ်။ နိုင်ငံခြားမှာလည်း စားသောက်ဆိုင်နဲ့ပတ်သက်တဲ့နေရာမှာ အလုပ်လုပ်တယ်။ ငါသာဆိုင်ဖွင့်ခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုပြီး တွေးတယ်။ တကယ်တမ်းတော့ အစားအသောက်ရောင်းတယ်ဆိုတာ customer တွေအတွက် service နဲ့ စားကောင်းဖို့ အပြင် နှလုံးသားပါထည့်ရောင်းရတယ်ဆိုတာ သိခဲ့တယ်။ အဲ့တော့ service နဲ့ အစားအသောက်က သူများထက်သာအောင်ဆိုပြီး ဦးအောင်ယုံကြည်ချက်အတိုင်းလုပ်တယ်။ အဲ့ဒါကြောင့် အခုဆို customer ခိုင်မြဲလာတယ်လို့ယုံကြည်တယ်။
မေး – အခုဆို ဆိုင်ကတဖြည်းဖြည်းအောင်မြင်လာအောင် ဘယ်လိုလုပ်ခဲ့လဲ။
ဖြေ – အဓိက သူများနဲ့မတူအောင်လုပ်ဖို့ အရေးကြီးပါတယ်။ သူများနဲ့မတူတဲ့လူကို ရှာတယ်။ ကန်စွန်းရွက်ကြော်တောင် လမ်းဘေးက ကန်စွန်းရွက်ကြော် နဲ့ ဟိုတယ်က ကန်စွန်းရွက်ကြော်တောင် အရသာ ကွာပါတယ်။ အကြော်ဆရာကလည်း ကွာပါတယ်။ အဲ့ဒါကြောင့် အကြော်ဆရာကိုလည်း ဂရုစိုက်ပါတယ်။ ဆိုင်တစ်ဆိုင်ရဲ့ အဓိက customer service နဲ့ kitchen ရဲ့ taste က အဓိကအရေးကြီးပါတယ်။ ဆိုင်တစ်ဆိုင် ရောင်းအားကျနေတယ်ဆိုတာ အဲ့နှစ်ချက်ထဲက တစ်ချက်လစ်ဟင်းနေလို့ဆိုတာ ကျိန်းသေပေါက်ပြောရဲပါတယ်။
မေး – နောက်ပိုင်းဘာတွေဆက်လုပ်ဖို့ ရှိသေးလဲ။
ဖြေ – နောက်ပိုင်းဆိုင်တွေ ထပ်ဖွင့်ဖို့ရှိပါတယ်။ ဟိုးငယ်ငယ်လေးကတည်းက အလုပ်တွေလုပ်တယ်။ နယ်စပ်ဘက်တွေက အစသွားလာပြီး အလုပ်လုပ်ဖူးပါတယ်။ အဲ့ကတည်းက မင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေးတို့ဘက်မှာ ဆိုင်ပေါင်း ၂၀ ကျော်လောက်ဖွင့်ဖူးတယ်။ အဲ့တော့ ဒီ ၃ ဆိုင်လောက်ကို ဦးအောင် ဦးဆောင်နိုင်ပါတယ်။ ဦးအောင်က ငယ်ငယ်လေးထဲက အလုပ်လုပ်နေတာဆိုတော့ ကိစ္စတော်တော်များများကို ဦးအောင် လုပ်နိုင်တယ်။ အလွှာပေါင်းစုံကိုလည်း ကြုံဖူးတယ်။ ဦးအောင် ကျန်းမာရေးအပေါ်မူပြီး ဦးအောင် လုပ်ငန်းတွေထပ်တိုးချဲ့ချင်ပါတယ်။ ဆိုင်သစ်ဖွင့်ချင်တဲ့လူတွေ အတွေ့အကြုံပိုင်းနဲ့ ပတ်သက်ပြီး အကြံဥာဏ်တွေလာတောင်းချင်လည်း ဆက်သွယ်လို့ရပါတယ်။
မေး – ညီမတို့ Yathar နဲ့ လက်တွဲပြီး လုပ်တဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရရှိပါလဲ။
ဖြေ -ဦးးအောင် မိန်းမနဲ့ ညီမတို့ yathar တွေ့ပြီး လုပ်ကြတယ်။ ဘယ်သူက ဘယ်လောက်လုပ်တယ်ဆိုပြီးပြောစရာမလိုပါဘူး။ အရောင်း graph ကိုကြည့်ပြီး သိနိုင်ပါတယ်။ Yathar နဲ့ တွဲပြီး အလုပ်လုပ်တာ ရောင်းအားတွေ တိုးတက်မှုအပြည့်အ၀ရှိပါတယ်။ ဘာကြောင့်လဲဆို ဦးအောင်တို့ Asahi မှာ လူဟောင်းအပြင် မမြင်ဘူးတဲ့လူသစ်တွေကိုပါ တွေ့ရတယ်။ customer အသစ်တွေ ရလာတယ်။ Yathar ရဲ့ လုပ်ဆောင်ချက်တွေက ထိရောက်ပါတယ်။ အဲ့ဒါကြောင့် Yathar နဲ့ လက်တွဲတဲ့အတွက် ဦးအောင် ဇနီးကိုလည်း ချီးကျူးပါတယ်။
မေး – Customer တွေကိုရော ဘာတွေပြောချင်ပါသေးလဲ။
ဖြေ – Asahi က အမြဲတမ်း မနေ့က Asahi နဲ့ အခု Asahi ကို အမြဲပြိုင်ပါတယ်။ အစားအသောက် နဲ့ service အပြင် နှလုံးသားကိုပါထည့်ရောင်းတယ်ဆိုတာလေး သိစေချင်ပါတယ်။ စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး သိချင်တာတွေရှိတာတွေကိုလည်း လာမေးလို့ရပါတယ်။
သင့်အတွက် စားသောက်ဆိုင်ကောင်းများစုဝေးရာ့  Yathar
Download –> https://s.yathar.com/apps