သခွားသီးက အသားအရည်လှစေတဲ့အပြင် ၀ိတ်ချဖို့အတွက် အကောင်းဆုံး သဘာဝအသီးတစ်ခုပါ။ သခွားသီးကိုစားပေးခြင်းဖြင့် ၀မ်းတွင်းအေးစေပါတယ်။ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါကောင်းမွန်တဲ့ သခွားသီးကို ၇ ရက်အတွင်းစားပြီး အလေးချိန် ၁၅ ပေါင် လျော့ချပေးစေနိုင်ပါတယ်။ ၇ ရက်အတွင်း ၁၅ ပေါင်တောင် လျော့ကျအောင် သခွားသီးကို ဘယ်လိုစားပေးသင့်လဲဆိုတဲ့ နည်းလမ်းလေးကို အားလုံးသိအောင် မျှဝေပေးလိုက်ပါတယ်။
မနက်စာ
မနက်စာဆိုတာ တစ်နေ့လုံး လှုပ်ရှားရုံးကန်နိုင်ဖို့အတွက် အရေးအကြီးဆုံးအရာတစ်ခုပါ။
၇ ရက်အတွင်း ၁၅ ပေါင်ကျဖို့အတွက် မနက်စာမှာလည်း သခွားသီးစားပေးဖို့ လိုအပ်ပါတယ်။
မနက်စာ တစ်ခါစားတိုင်း သခွားသီးသုပ်( cucumber salad) တစ်ပွဲ နဲ့ ကြက်ဥပြုတ် ၂-၃ လုံး အတူတူ စားပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ဗိုက်မ၀သေးပါက ပန်းသီး ဒါမှမဟုတ် မက်မွန်သီးကို စားပေးလို့ရပါတယ်။
Snacks
ဗိုက်ဆာလို့ snack တွေဘာတွေစားချင်တဲ့အချိန်ဆိုရင် ဇီးသီး ၅ လုံး၊ ပန်းသီးကြီးကြီး ၁ လုံး သို့မဟုတ် မက်မွန်သီး ၁ လုံးကို စားပေးလို့ရပါတယ်။
နေ့လည်စာ
အရသာရှိတဲ့ နေ့လည်စာတစ်ခုဖြစ်ဖို့ဆိုရင် ဂျုံပေါင်မုန့်မီးကင် တစ်ခုနဲ့ cucumber salad တစ်ပွဲ လိုအပ်ပါတယ်။Cucumber Salad ပြုလုပ်ဖို့ဆိုရင် သခွားသီးကို အစိတ်သေးသေးလေးတွေဖြစ်အောင် စိတ်ဖို့လိုပါတယ်။ ပြီးမှ olive oil ကို cucumber salad ထဲထည့်ပေးရပါမယ်။
အရသာရှိတဲ့ နေ့လည်စာရအောင် ဘယ်လိုလုပ်မလဲ
ပထမနည်း-
သခွားသီး
ကော်ဖီ သို့မဟုတ် Tea ( with no sugar)
လတ်ဆတ်တဲ့အသီးအနှံ 300 grams
အာလူး ၂ လုံး
တို့ လိုအပ်ပါတယ်။
အာလူးကို ကိုယ်ကြိုက်နှစ်သက်သလို မီးဖုတ်ပါ သို့မဟုတ် ပြုတ်ပါ။ပေါင်မုန့်ကို အချောင်းလေးတွေဖြစ်အောင်လှီးလိုက်ပါ။ အာလူးကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးလိုက်ပါ။ နေ့လည်စာစားပြီးတဲ့အခါ နှစ်သက်ရာ အသီးအနှံကိုစားလို့ရပါတယ်။
သကြားမပါတဲ့ ကော်ဖီ သို့မဟုတ် tea ကိုလည်း သောက်လို့ရပါတယ်။
ဒုတိယနည်း –
သခွားသီး
ကြက်ဥ ၂ လုံး သို့မဟုတ် ပေါင်မုန့် 15 grams
tuna ငါး 150 grams
အာလူး ၂ လုံး
ပေါင်မုန့်အကြီး ၃ လုံး
အာလူးကိုပဲရွေးရွေး ပေါင်မုန့်ကိုပဲ ရွေးရွေးအရေးမကြီးပါဘူး။ အဓိကက အာလူး သို့မဟုတ် ပေါင်မုန့်ကို သခွားသီးစိတ်လေးတွေနဲ့ Tuna ငါးနဲ့ကို ရောစားဖို့က အရေးကြီးပါတယ်။
အသားကို ဆီမပါပဲ grill လုပ်နိုင်ပါတယ်။ တကယ်လို့ Tuna မကြိုက်ပါက Tuna ကိုမထည့်ပဲလည်း စားသုံးနိုင်ပါတယ်။
ဝိတ်ကျချင်တဲ့ သူငယ်ချင်းအပေါင်းအသင်းများကို မန်းရှင်းခေါ်ပြီး cucumber salad လုပ်နည်းလေးကို အလင်းပြလိုက်ကြရအောင်….
သင့်အတွက် စားသောက်ဆိုင်ကောင်းများ စုဝေးရာ Yathar
Download link –> https://s.yathar.com/apps