မွေးနေ့အမှတ်တရလက်ဆောင်ဝယ်တဲ့အခါမျိုးတွေ အ၀တ်အစားဝယ်တဲ့အခါမျိုးတွေဆိုရင် ဘာအရောင်ရွေးလို့ရွေးရမလဲမသိတာမျိုးတွေ ဒါမှမဟုတ် အပြင်သွားခါနီးမှာ ဘာအရောင်ဝတ်လို့ ၀တ်ရမလဲ မသိဘူးဆိုတာမျိုးတွေရော ဖြစ်ဖူးကြလား?
ဒါဆို ဘယ်လို အရောင်လေးတွေက ဘယ်လိုစိတ်ခွန်အားတွေပေးလဲ ဘယ်လိုအဓိပ္ပါယ်တွေရှိလဲဆိုတာပြောပြမယ်နော်။ ဒါဆို ပိုပြီးတော့ ရွေးချယ်ရလွယ်ကူသွားမယ်လို့ ထင်ပါတယ်။
ပထမဆုံးအနေနဲ့
၁။ အပြာရောင်
အပြာရောင်လေးတွေက တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကိုဆောင်ပါတယ်။ယုံကြည်မှု သစ္စာရှိမှုကို ကိုယ်စားပြုပါတယ်။အေးချမ်းစေချင်တဲ့ အဓိပ္ပါယ်နဲ့လက်ဆောင်လေးတွေသုံးချင်တယ်ဆိုရင်တော့ အပြာရောင်လေးကို အသုံးပြုပါ။အပြာရောင်ကိုဝတ်ဆင်ထားမယ်ဆိုရင် လူကြားထဲ အေးချမ်းတဲ့အသွင်နဲ့ထင်းလင်းစေပါတယ်။
၂။ခရမ်းရောင်
ခရမ်းရောင်က အနီရောင်ရဲ့ စွမ်းအင်နဲ့ အပြာရောင်ရဲ့တည်ငြိမ်တဲ့အရောင်နှစ်ခုပေါင်းစပ်ထားတဲ့ ကာလာလေးပဲဖြစ်ပါတယ်။ဇိမ်ခံပစ္စည်းတွေ ဥာဏ်ပညာ တည်ထွင်ဖန်တီးနိုင်မှုတွေ မှော်အတတ်ပညာတွေနဲ့လည်း ဆက်စပ်နေပါတယ်။အရှိန်အ၀ါကြီးမားတဲ့ခရမ်းရောင်လေးက ကြည့်မိလိုက်တဲ့အခါတိုင်း စိတ်ခွန်အားကိုဖြစ်ပေါ်စေပါတယ်။
၃။ အနီရောင်
စွမ်းအား အကြီးမားဆုံးအရောင်ကတော့ အနီရောင်ပါ။တစ်ဖက်သတ်ချစ်ခြင်းတွေအတွက်ဆိုရင် အနီရောင်နှင်းဆီပန်းလေးပေးတာမျိုးက ပိုအဆင်ပြေပါတယ်။သမိုင်းဝင်အထိမ်းအမှတ်ပွဲနေ့အများစုကို အနီရောင်နဲ့သတ်မှတ် အသုံးပြုကြပြီးတော့ အားအင်ရှိတဲ့အရောင်မျိုးပါ။ရဲရဲတောက်အနီရောင်လေးကလည်း ၀တ်ဆင်ထားတဲ့အခါမှာ ထင်းလင်းစေပြီးတော့ အများကသတိထားမိစေပါတယ်။
၎။ အဖြူရောင်
ဖြူစင်တဲ့သူငယ်ချင်းအချစ်မျိုးဆိုရင်တော့ အဖြူရောင်လေးနဲ့ကိုယ်စားပြုပါတယ်။နွေးထွေးပြီး သန့်စင်တဲ့ အဖြူရောင်ကို လူနာသတင်းသွားမေးတဲ့အခါမျိုးတွေမှာဝတ်ဆင်သင့်ပါတယ်။ အဖြူရောင်ပန်းလေးတွေပေးခြင်းအားဖြင့်လည်း စိတ်ကိုသက်တောင့်သက်သာဖြစ်စေပြီးတော့ ကြည်နူးပျော်ရွင်စေတဲ့အရောင်မျိုးပါ။ငြိမ်းချမ်းရေးသင်္ကေတအဖြစ်လည်းအသုံးပြုပါတယ်။
၅။ အစိမ်းရောင်
စိမ်းလန်းပြီး စိတ်ကိုအေးမြစေတဲ့အရောင်လေးကတော့ အစိမ်းရောင်ပါ။တော်တော်များများကတော့ အစိမ်းရောင်ကို စိမ်းကားတယ်ဆိုပြီးသတ်မှတ်ကြပြီး အချစ်သင်္ကေတနေရာတွေမှာတော့အသုံးမပြုကြပါဘူး။ အစိမ်းရောင်ကို တစ်သီးတသန့်နေတတ်တဲ့သူတွေကပိုပြီးကြိုက်နှစ်သက်တတ်ကြပါတယ်။ အပြာရောင်လိုပဲအေးချမ်းတဲ့သင်္ကေတရှိပြီးတော့ မြင်ရသူကိုစိတ်ချမ်းသာပြီးမျက်စိအေးစေပါတယ်။
အခုဆိုရင် ဘယ်ကာလာလေးတွေက ဘယ်လိုစိတ်နေသဘောထားရှိတယ် ဘယ်လိုနေရာတွေမှာဝတ်သင့်လဲဆိုတာသိကြပြီးဆိုတော့ အရောင်ရွေးချယ်ဖို့သိကြပြီဟုတ်
နောက်ထပ် ဗဟုသုတရစေမယ့်အကြောင်းအရာတွေ ၊ ကျန်းမာရေး အလှအပ ၊ဟင်းချက်နည်းတွေ စသဖြင့် အများကြီးတင်ဆက်ပေးဖို့ ရှိနေသေးတဲ့အတွက်ကြောင့် yathar ကို see first လေးလုပ်ထားပါအုန်းနော်။ဒါဆို အခုနည်းလမ်းလေးတွေကို သူငယ်ချင်းတွေကိုလဲ shareလေးနှိပ်ပြီး မျှဝေလိုက်ကြပါအုန်း။