ဗဟုသုတ

မှည့်မမှည့် ကိုင်ကြည့်ရုံနဲ့ သိနိုင်မလား

အသီးတစ်ခုကို ကိုင်ကြည့်ရုံနဲ့ သိပါ့မလား။ အထူးသဖြင့် ထောပတ်သီးကိုတော့ ကိုင်ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ဒါဆိုရင် ဘယ်လိုသိနိုင်မလဲ။ ကိုင်မကြည့်ပါနဲ့ ခြွေကြည့်ပါ။ ထောပတ်သီး မှည့်မမှည့်သိချင်ရင် ထောပတ်သီးရဲ့ အညှာကိုခြွေကြည့်ပါ။

အညှာကို ခြွေကြည့်လို့ စိမ်းနေတယ်ဆိုရင် ထောပတ်သီးက စိမ်းနေပါသေးတယ်။ခွဲကြည့်လိုက်မယ်ဆိုရင် အသီးက စိမ်းနေတဲ့ အနေအထားမှာ ရှိတဲ့အတွက် စားလို့မရနိုင်သေးပါ။ အစိမ်းကြီးကို ခွဲမိလို့ လွှင့်ပစ်ရမှာနှမြောနေတဲ့သူတွေအတွက်လည်း ထောပတ်သီးအစိမ်းကို လုပ်စားလို့ရတဲ့ နည်းလမ်းလေးတွေလည်းရှိပါသေးတယ်။

၁. ထောပတ်သီးအစိမ်းကို ပါးပါးလှီးပြီး ကြက်ဥခေါက်ထားတဲ့အထဲကို နှစ်လိုက်ပါ။ ပြီးလျှင်ပေါင်မုန့်ခြောက်အမှုန့်လေးကပ်ပြီး ဆီပူပူလေးမှာ ကြော်လိုက်ပြီးတော့ ထောပတ်သီးကြော်လေးလုပ်စားလို့ရပါတယ်။

၂ ထောပတ်သီးအစိမ်းကို ပါးပါးလှီးပြီး Bacon လေးနဲ့ပတ်လိုက်ပါ။ ပြီးလျှင် ကြွပ်ကြွပ်လေးဖြစ်အောင် ဖုတ်လိုက်ပါ။

၃. ထောပတ်သီးအစိမ်းကို ပါးပါးလှီးပြီး ဆီပူပူလေးမှာ အာလူးကြော်လိုမျိုးဖြစ်အောင် ကြွပ်ကြွပ်ရွရွလေးကြော်ပြီး စားလို့လည်းရပါတယ်။

အညှာကို ခြွေကြည့်လို့ ညိုပုတ်အရောင်ဖြစ်နေတယ်ဆိုရင်… ထောပတ်သီးက အမှည့်လွန်နေပါပြီ။ ဝယ်ပြီးသွားတဲ့ အမှည့်လွန်နေတဲ့အသီးကို မလွှင့်ပစ်ပဲ ဘာလုပ်လို့ရနိုင်မလဲ။ 

၁. ပျက်ဆီးနေတဲ့ဆံပင်အတွက် အသုံးပြုလို့ရနိုင်ပါတယ်။
ထောပတ်သီးရယ်၊ သံလွင်ဆီ ၄ ပုံ ၁ ပုံရယ်၊ သံပုရာရည်ရယ်ကိုရောပြီး ဆံပင်ကိုသုတ်ပေးပါ။ မိနစ် ၂၀ ကနေ ၃၀ မိနစ်အတွင်းထားလိုက်ပါ။ ပြီးလျှင် shampoo ကို အသုံးပြုပြီး ပုံမှန်ခေါင်းလျှော်နေကြအတိုင်းလျှော်လိုက်ပါ။ 

ထောပတ်သီးအညှာကို ခြွေကြည့်လို့ အဝါရောင်ဆိုရင်တော့ စားဖို့အသင့်တော်ဆုံး မှည့်နေတဲ့အနေအထားဖြစ်နေပါပြီ။

ထောပတ်သီးကို ပုံစံအမျိုးမျိုးနဲ့ လုပ်စားလို့ရပါပြီ။

ထောပတ်သီးကို ဘယ်လိုရွေးရမလဲ မသိတဲ့သူတွေအတွက်လည်း ဒီနည်းလမ်းလေးကို sharing လုပ်ထားလိုက်ပါဦးနော်။

အစားတလိုင်းနှင့်  Resturant Owner တို့ အတွက် တစ်ခုတည်းသော မြန်မာနိုင်ငံ၏ Platform (yathar.com)

Yathar Application Download Link
Discount coupon အသုံးပြုနည်း
Booking ပြုလုပ်နည်း